“အော်တိုချန်ပီယံ မန်စီးတီးရဲ့ အီတီဟတ်က နန်းသိမ်းပွဲ”

✍️ မောင်ရဲတိုက်

Soccer 88ကို ဖတ်ရှုအားပေးနေကြတဲ့ ဘောလုံးအားကစား ဝါသနာရှင်အားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ပွဲကြိုခန့်မှန်းသူ မောင်ရဲတိုက်ဖြစ်ပါတယ်။ ရာသီသိမ်းဖို့နီးလာတာနဲ့ အမျှ ပွဲစဉ်တွေကလည်း ကမောက်ကမတွေဖြစ်နေဆဲပါ။ မနေ့ညက ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ စပါး၊ လီဗာပူးတို့ကတော့ ကိုယ့်တရားကိုယ်စီရင်ပြီး မိမိတို့ရည်မှန်းချက်ကို မှေးမှိန်စေခဲ့ပါပြီ။ ဒီညမှာတော့ ရှေ့တစ်ရက်ကအသင်းတွေရဲ့ အမှားကို အခွင့်အရေးယူရမယ့် အသင်းများကို အဓိကထားပြီး လေးသင်းမောင်းတွဲတစ်ခု တင်ဆက်ချင်ပါတယ်။ ကျွန်တော့်ရဲ့ မောင်းတွဲလေးထဲက အကြိုက်တူတာလေးရှိရင် လိုက်ယူကြည့်လို့ရပါတယ်။

1️⃣ မန်စီးတီး Vs ချယ်ဆီး (မန်စီးတီး 2+90 / 3-20)
သစ်တောထဲမှာ လမ်းပျောက်သွားတဲ့ ဂန်းနားတို့ကြောင့် မန်စီးတီးဟာ ဒီညပွဲကို မကန်ခင်ကပဲ အော်တိုချန်ပီယံဖြစ်ခဲ့ပါပြီ။ ဒီပွဲက မန်စီးတီးအတွက် အိမ်ကွင်းနောက်ဆုံးပွဲဖြစ်တာမို့ သုံးနှစ်ဆက်ချန်ပီယံဖြစ်ခဲ့မှုကို ပရိသတ်တွေနဲ့အတူ ပွဲခံရမယ့်နေ့ပါ။ ကြားရက်က ရီးရဲလ်မက်ဒရစ်ကို ကစားခဲ့တဲ့မန်စီးတီးရဲ့ ခြေစွမ်းမျိုးနဲ့ဆို ချယ်ဆီးကို ဂိုးပြတ်အနိုင်ရဖို့ မခက်ပါဘူး။ ဒါပေမယ့် ချယ်ဆီးကလည်း ဖိအားကင်းနေတဲ့အချိန်ဖြစ်ပြီး ရှုံးမထူးဘဝမှာ မန်စီးတီးကို ဂိုးပြန်သွင်းရင်း ကြေးမအောင်မှာက စိုးရိမ်စရာပါ။ လက်ရှိဘော်ဒီကြေးက မူလကြေးနဲ့သိပ်မကွာပေမယ့် ဂိုးပေါင်းကတော့ (၃=)ကနေ အနည်းငယ်တက်လာပါတယ်။ ဒီလအတွင်း ပွဲကြီးတွေနဲ့ ဝေးနေသေးတဲ့ မန်စီးတီးအနေနဲ့ ချယ်ဆီးကို နှစ်ဂိုးပြတ်ဖို့မခက်နိုင်ဘူးလို့ ယူဆရင်း မန်စီးတီးစုံအပေါ်ထဲက နှစ်သက်ရာကို ယူနိုင်ပါတယ်။ ကျွန်တော်ကတော့ မန်စီးတီးကိုပဲ ယူထားချင်ပါတယ်။
🎯 မန်စီးတီး

2️⃣ အော့စ်ဘတ် Vs ဒေါ့မွန် ( ဒေါ့မွန် 2+80 / 3-90)
မနေ့ညက ဘိုင်ယန်ရဲ့ရှုံးနိမ့်မှုကြောင့် ဒေါ့မွန်ဟာ ဆယ်နှစ်ကြာဝေးကွာနေတဲ့ ဘွန်ဒက်လီဂါချန်ပီယံဘွဲ့ကို နမ်းရှိုက်ဖို့ ခြေတစ်လှမ်းအကွာကို ရောက်လာခဲ့ပါတယ်။ မူလက (၁-၃၀)ပေးထားတဲ့ကြေးကနေ (၂+၈၀)အထိ တက်လာသလို ဂိုးပေါင်းကလည်း (၃-၅၀)ကနေ (၃-၉၀)အထိ မြင့်လာပါတယ်။ အော့စ်ဘတ်ကလည်း တန်းဆင်းဇုန်နဲ့ ၃မှတ်သာကွာတဲ့အနေအထားမို့ ရုန်းကန်လာမှာဖြစ်ပြီး ဒေါ့မွန်အတွက် ပန်းခင်းတဲ့လမ်းတော့ မဟုတ်ပါဘူး။ ဒေါ့မွန်ဟာ နောက်ဆုံးအဝေးကွင်း ၄ပွဲဆက် နိုင်ပွဲပျောက်နေတာမို့ အော့စ်ဘတ်ကွင်းမှာလည်း ရုန်းကန်ရနိုင်ပါသေးတယ်။ ဒါပေမယ့် နှစ်ခါမရနိုင်တဲ့အခွင့်အရေးမှာ ချန်ပီယံအဖြစ်ပန်းဝင်နိုင်ဖို့ ဒေါ့မွန်ရဲ့ ရေကုန်ရေခမ်း ကြိုးပန်းမှုကို မြင်ရဖွယ်ရှိပြီး ဂိုးပြတ်မပြတ်သာ စောင့်ကြည့်ရမယ့်အနေအထားပါ။ ဒေါ့မွန်ကိုပဲ အားပေးကြည့်ပါမယ်။
🎯 ဒေါ့မွန်

3️⃣ ဝက်ဟမ်း Vs လိဒ် ( လိဒ် L-20 / 3+50 )
ဒီပွဲကိုတော့ ကြေးပြောင်းစောင့်ကြည့်ရင်းကနေ သတိထားမိတာပါ။ မူလက ဝက်ဟမ်းကနေ L-50 ပေးထားပြီး ဒီမနက်မှာ လိဒ်ဘက်ကို ခေါင်းပြောင်းလာတာပါ။ ပုံမှန်အားဖြင့် (-၂၀)ဝန်းကျင်ကနေပဲ ခေါင်းပြောင်းတတ်ပေမယ့် အခုဟာက (-၅၀)ကနေ ပြောင်းလာတာမို့ ဒီပွဲကြေးက ထူးဆန်းပါတယ်။ မနေ့က အဲဗာတန်ရဲ့ ခေါင်းပြောင်းကြေးကတော့ ဂျင်းမိခဲ့ပြီး ကံကောင်းလို့ အဲဗာတန်သရေကျခဲ့တာပါ။ ဒါကြောင့် လိဒ်ကိုလည်း မယုံရဲတာမို့ အိမ်ရှင်လည်းဂိုးရ၊ ခေါင်းပြောင်းပေးထားတဲ့ လိဒ်လည်း ဂိုးရမယ်လို့ ယူဆပြီး (၁-၁)ကနေ ဆက်ကြည့်ရမယ့် ဂိုးပေါ်ကိုယူထားချင်ပါတယ်။
🎯 လိဒ် ဂိုးအပေါ်

4️⃣ ဆီးဗီးလား Vs ဘက်တစ် ( ဆီးဗီးလား L-25 / 2-80 )
ဒီပွဲကတော့ ရိုးရိုးသားသားဝန်ခံရရင် နှစ်ပင်တစ်ပင်ပေါင်းယူတာပါ။ ပြီးခဲ့တဲ့လာလီဂါပွဲမှာ ဆီးဗီးလားက ဗယ်လာဒိုးလစ်ကွင်းကို သွားကစားရပါတယ်။ အဲ့ပွဲမှာ ဘွတ်ကီက ဆီးဗီးလားရဲ့ formကို‌ မေ့ပြီး ဗယ်လာဒိုးလစ်ဘက်က ကြေးပေးခဲ့ပေမယ့် ဆီးဗီးလားကပဲ စားခဲ့ပါတယ်။ ဒီညမှာတော့ မူလက ဆီးဗီးလားဘက်က (L-80)ပေးခဲ့ပြီး (L-20)ကို ပြန်ကျလာပါတယ်။ ယူရိုပါလိဂ်ဖိုင်နယ်ကို တက်သွားခဲ့သလို နောက်ဆုံး၁၂ပွဲမှာ ၁ပွဲသာရှုံးထားတဲ့ ဆီးဗီးလားအနေနဲ့ ဒီလောက်ပဲကြေးပေးတာက ချိုလွန်းပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ အချိုရှောင်တဲ့အနေနဲ့ ဧည့်သည်ဘက်တစ်ကို ရွေးချယ်ထားချင်ပါတယ်။
🎯 ဘက်တစ်

ဒီညအတွက် ကျွန်တော့်ရဲ့ မောင်းတွဲလုံးများကတော့ ဒီလိုရှိပါတယ်။

🎯 မန်စီးတီး
🎯 ဒေါ့မွန်
🎯လိဒ် ဂိုးပေါ်
🎯 ဘက်တစ်

ဒီရွေးချယ်မှုလေးတွေဟာ မိတ်ဆွေတို့အကြိုက်နဲ့ ထပ်တူကျလို့ အတူတူအောင်ပွဲဆင်နိုင်မယ်လို့ မျှော်လင့်ရင်း နှုတ်ဆက်ခဲ့ပါတယ်။

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

Facebook Comments Box
Facebook Comment