
ပယ်နယ်တီ ၂ လုံး ရပေမယ့် လက်ရှိချန်ပီယံကို အနိုင်ရဖို့ မလုံလောက်ခဲ့တဲ့ အင်္ဂလန်

အင်္ဂလန် ၁-၂ ပြင်သစ်
နာမည်ကြီး ထမင်းငတ် အင်္ဂလန် အသင်းကတော့ အခုနှစ် ကမ္ဘာ့ဖလားကို ကွာတားဖိုင်နယ် အဆင့်မှာပဲ ထုံးစံအတိုင်း လက်ပြနှုတ်ဆက် ခဲ့ရပြန်ပြီ ဖြစ်ပါတယ်။
လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အင်္ဂလန်ဟာ ဂိုးအများဆုံး သွင်းထားတဲ့ ရပ်ရှ်ဖို့ဒ်ကို အရန်ခုံ ထိုင်ခိုင်းပြီး ဖိုလ်ဒန်နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ ပြင်သစ် လူငယ် ကစားသမား ချူအာမန်နီရဲ့ အဝေးကန်ချက်ကနေ ဦးဆောင်ဂိုး ပေးလိုက်ရသလို အင်္ဂလန်ရဲ့ ရသင့်တဲ့ ပယ်နယ်တီ အခွင့်အရေး အချို့လည်း ငြင်းပယ်ခံရလို့ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ အင်္ဂလန်တို့ ဇာတာ နည်းနည်း ပြန်တက် လာခဲ့ပြီး ၅၄ မိနစ်မှာ ပယ်နယ်တီ တစ်လုံး စတင်ရရှိ ခဲ့လို့ ဟယ်ရီကိန်းက ချေပဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ပါတယ်
ဒါပေမယ့် ၇၈ မိနစ်မှာ ဂျရူးက ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပြီး အင်္ဂလန်တို့ နောက်ကလိုက် ကစားခဲ့ရပြန် ပါတယ်။
နောက်ထပ် ၆ မိနစ် အကြာမှာ အင်္ဂလန်အသင်း အတွက် ဒုတိယမြောက် ပယ်နယ်တီ ထပ်မံရရှိခဲ့ ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဟယ်ရီကိန်းဟာ သူ့ရဲ့ စပါး အသင်းဖော် ဟူဂို လောရစ် စောင့်နေတဲ့ ဂိုးပေါက်ကို တည့်အောင် မကန်နိုင် တော့တာကြောင့် ချေပဂိုး ရရှိခွင့် ဆုံးရှုံးခဲ့ပြီး အဲဒီ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ ပါတယ်။
ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်ခွင့် ရသွားတဲ့ ပြင်သစ်ဟာ နောက်တစ်ဆင့်မှာ ဘယ်ဂျီယံ၊ စပိန်၊ ပေါ်တူဂီ တို့ကို အနိုင်ယူခဲ့တဲ့ မော်ရိုကိုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။