“World Cup Dinnerပြီးတဲ့နောက် Boxing Dayမှာ အချိုတည်းကြမယ်” 

✍️မောင်ရဲတိုက်

စာဖတ်သူအားလုံး မင်္ဂလာပါဗျ။ မနေ့ညအတွက် ကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ အာဆင်နယ်ဘော်ဒီနဲ့ လီဗာပူးဂိုးပေါ်နှစ်ပွဲလုံး အပြည့်အဝအောင်မြင်ခဲ့ပြန်ပါပြီ။ ရွေးချယ်မှုနှစ်ခုလုံး All Winနဲ့ အကျိုးပြုနိုင်ခဲ့တာမို့ ကျေနပ်အားရမိပါတယ်။ ဒါကြောင့် ဒီညမှာကစားမယ့် ပရီမီးယားလိဂ်နှစ်ပွဲကိုလည်း အနီးစပ်ဆုံးဖြစ်အောင် ဆက်လက်ကြိုးစားရွေးချယ်ကြည့်ပါရစေ။

“ လိဂ်သုံးပွဲဆက်ရှုံးနိမ့်ထားမှုကို ဂရေဟမ်ပေါ်တာ ရပ်တန့်ပေးရမယ့်ည”

⚔️ ချယ်ဆီး Vs ဘုန်းမောက် 

🕛အင်္ဂါည (၁၂:၀၀) 

📈ကြေးဖွင့်လှစ်မှု = ချယ်ဆီး (၁-၉၀) / (၃+၃၀)

🔵 ချယ်ဆီး 

လန်ဒန်အပြာအတွက် ဒီညမှာ ကန်တေး၊ ဖိုဖာနာ၊ ဘရိုဂျာတို့ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ပါဘူး။ ဒါ့အပြင် ကိုဗာဆစ်နဲ့ ဇီယက်ခ်ျတို့ကလည်း ကမ္ဘာ့ဖလားဆီမီးထိတက်ခဲ့ရသူတွေမို့ အနားပေးဖို့လိုအပ်နေတာကြောင့် ပါဝင်နိုင်ဖို့မရှိပါဘူး။ ဒါကြောင့် နည်းပြ‌ဂရေဟမ်ပေါ်တာအနေနဲ့ ပုံမှန်(၃-၄-၃)ကစားကွက်မှာ အက်စ်ပလီကွီတာ၊ ချာလိုဘတ်၊ ကူလီဘာလီတို့ကို ခံစစ်အထိုင်ချပြီး ကူကူရယ်လာ၊ ရီစီဂျိမ်းတို့ကို wing backနေရာမှာအသုံးပြုလာဖို့ ရှိပါတယ်။ ကွင်းလယ်မှာတော့ ဂျော်ဂျင်ဟို၊ ဂါလယ်ဂါတို့ကို အသုံးပြုဖို့ရှိနေပြီး တိုက်စစ်မှာ ကိုင်ဟာဗက်၊ စတာလင်နဲ့ အူဘာမီယန်းတို့နဲ့ ပွဲထုတ်လာဖို့ရှိပါတယ်။ အဆိုပါကစားသမားတွေထဲမှာ ကမ္ဘာ့ဖလားသွားရောက် ယှဉ်ပြိုင်ရသူနည်းသလို ပါဝင်ခွင့်ရတဲ့သူတွေကလည်း ထမင်းစားဘုရားဖူးပါပဲ။ ဒါကြောင့် ကလပ်ကိုပြန်ရောက်လာချိန်မှာ ဒဏ်ရာတွေ၊ ပွဲပန်းတာတွေ မရှိဘဲ ပြန်ကစားဖို့ အသင့်ဖြစ်နေကြပြီလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ချယ်ဆီးဟာ ကမ္ဘာ့မလားမတိုင်ခင်ကစားခဲ့တဲ့ လိဂ်ပွဲသုံးပွဲမှာ ဘရိုက်တန်ကို (၄-၁)၊ အာဆင်နယ်ကို (၀-၁)၊ နယူးကာဆယ်ကို (၁-၀)နဲ့ ရှုံးနိမ့်ခဲ့သလို မန်စီးတီးနဲ့ကစားတဲ့ ကာရာဘောင်းဖလားမှာလည်း (၂-၀)နဲ့ ရှုံးနိမ့်ခဲ့ပြန်ပါသေးတယ်။ ဒါကြောင့် နည်းပြပေါ်တာရဲ့ နေရာဟာ အနည်းငယ်လှုပ်လာပြီဖြစ်သလို အချိန်မီလမ်းကြောင်းပေါ် ပြန်မတက်နိုင်ရင် ဥရောပဝင်ခွင့်တွေအားလုံးနဲ့ပါ လွဲချော်သွားနိုင်တဲ့ အနေအထားလည်းဖြစ်နေပါပြီ။

🔴ဘုန်းမောက် 

ဧည့်သည် ဘုန်းမောက်အသင်းမှာ ဒေးဗစ်ဘရော့ခ်၊ နီတို၊ လာမာ၊တာဗာနီရာနဲ့ ဖရက်ဒရစ်တို့ ဒဏ်ရာပြဿနာကြောင့်မပါဝင်နိုင်ပါဘူး။ အဲ့ထဲမှာမှ နှစ်ဂိုးသွင်း လေးဂိုးဖန်တီးပေးထားတဲ့ တာဗာနီရာနဲ့ နှစ်ဂိုးသွင်းယူပေးထားတဲ့ လာမာတို့ မပါဝင်နိုင်ခြင်းက ဘုန်းမောက်ကွင်းလယ်ကို အနည်းငယ် ထိခိုက်မှုရှိစေနိုင်ပါတယ်။ ဘုန်းမောက်ဟာ ယခုရာသီမှာ ပရီမီးယားလိဂ်အသင်းတွေအားလုံးအထဲ ပေးဂိုး(၃၂)ဂိုးနဲ့ ခံစစ်အညံ့ဆုံးအသင်းအဖြစ်ရပ်တည်နေတာလည်း တွေ့ရပါတယ်။ ပေးဂိုး(၃၂)ဂိုးရှိတဲ့အနက် (၂၄)ဂိုးက အဝေးကွင်း(၇)ပွဲမှာ ပေးထားရတာမို့ ဘုန်းမောက်ဟာ အဝေးကွင်းရောက်ရင် တစ်ပွဲကို ပျမ်းမျှသုံးဂိုးနှုန်းနဲ့ ဂိုးပေးနေရတယ်လို့လည်း ဆိုနိုင်ပါတယ်။ နည်းပြဂယ်ရီအိုနေးလ်ကို ခန့်အပ်ပြီးချိန်ကစလို့ ဘုန်းမောက်ရဲ့ ကစားပုံဟာ သိသိသာသာတိုးတက်လာပေမယ့် ခံစစ်က အဝေးကွင်းရောက်ရင် ဂိုးတွေပေးနေရဆဲပါပဲ။ ဒါကြောင့် ဒီည စတမ်းဖို့ဒ်ဘရစ်ခ်ျမှာကစားမယ့် အဝေးကွင်းပွဲစဉ်မှာ ဘယ်ရီသီးလေးတို့ ကြိုးစားရုန်းကန်ရဦးမှာလည်း ဖြစ်ပါတယ်။

📝သုံးသပ်ချက် 

ချယ်ဆီးဟာ ယခုနှစ်ရာသီမှာ အတော့်ကိုရုန်းကန်နေရပါတယ်။ဒဏ်ရာပြဿနာတွေက ဆက်တိုက်ဆိုသလို ဒုက္ခပေးလာတဲ့အပြင် မနှစ်ကခြေပေါ်ခဲ့တဲ့ကစားသမားတွေကလည်း ပုံမှန်ခြေစွမ်းပြန်မရတာကြောင့် ရလဒ်တွေ ဆက်တိုက်ဆိုသလို ဆိုးရွားနေခဲ့တာဖြစ်ပါတယ်။ အားကိုးတကြီးခေါ်ယူထားတဲ့ တိုက်စစ်မှုးအူဘာမီယန်းကလည်း ထင်သလောက်မစွံတာကြောင့် သွင်းဂိုးတွေနည်းပါးနေတာ တွေ့ရပါတယ်။ ဒီလို အဖက်ဖက်က အားရစရာမရှိတဲ့ ချယ်ဆီးကို (၁-၉၀)ဆိုပြီး တစ်ဂိုးနဲ့ကပ်နိုင်ရင်တောင် အကုန်နီးပါးဆုံးရှုံးရဦးမယ့်ကြေးက အတော်ပြင်းပါတယ်။အထက်မှာပြောခဲ့သလို ဧည့်သည်ဘုန်းမောက်ရဲ့ အဝေးကွင်းခြေစွမ်းညံ့ဖျင်းမှုက အခုလို ကြေးတစ်ဖက်စောင်းနင်းဖြစ်သွားစေပုံပါပဲ။ ဒါကြောင့် ရှုံးပွဲဆက်နေမှုကို ရပ်တန့်ချိန်တန်နေပြီဖြစ်တဲ့ လန်ဒန်အပြာတွေနဲ့ပဲ စွန့်စားကြည့်ချင်ပါတယ်။

‌🎯ရွေးချယ်မှု 

✅ချယ်ဆီး 

⚽ ခန့်မှန်းရလဒ် = (၂-၀)

“အိုးထရက်ဖို့ဒ်မှာ ဘောက်ဆင်ဒေးသခင်ကြီးတို့ ပြန်လာနိုင်မှာလား”

⚔️ မန်ယူ Vs နော်တင်ဟမ် 

🕝အင်္ဂါည (၂:၃၀)

📈 ကြေးဖွင့်လှစ်မှု = မန်ယူ (၁-၁၀၀) / (၃+၂၀) 

🔴 မန်ယူ 

သရဲနီတို့ဟာ ဘောက်ဆင်ဒေးနဲ့ အကျိုးပေးတတ်တဲ့ အသင်းအဖြစ် နာမည်ကြီးပါတယ်။ ယူနိုက်တက်ဟာ ဘောက်ဆင်ဒေးပွဲစဉ်‌တွေကို ၂၈ကြိမ်ကစားခဲ့ဖူးပြီး ၂၁ကြိမ်အထိအနိုင်ရထားတာကြောင့် ပရီမီးယားလိဂ်ရဲ့ အခြားသောအသင်းတွေထက် ဘောက်ဆင်ဒေးနိုင်ပွဲအများဆုံးရယူထားနိုင်တဲ့ အသင်းရယ်လို့ သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်နှစ်ဆက်တိုက်မှာတော့ ဘောက်ဆင်ဒေးပွဲစဉ်တွေမှာ ယူနိုက်တက်ဟာ သရေနှစ်ပွဲကျခဲ့ပြီး နိုင်ပွဲနဲ့ကင်းကွာခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာတော့ ဘောက်ဆင်ဒေးသခင်ကြီးတို့ နိုင်ပွဲတစ်ပွဲရယူပြီး မိမိတို့ရဲ့ ဘောက်ဆင်ဒေးမှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းကြရမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ‌ဗာရန်း၊ မာတီနက်တို့ အနားယူဖို့အချိန်ထပ်လိုသေးတာမို့ ပါဝင်လာဖို့မရှိဘဲ ခေါင်းကြီးနဲ့ လင်ဒီလော့ဖ်တို့ကိုသာ ထည့်သွင်းကစားဖို့ရှိပါလိမ့်မယ်။ ဂိုးသမားနေရာမှာတော့ စပိုက်ဒါဒီဂီယာ ပြန်လည်ပါဝင်လာနိုင်ဖို့ရှိနေပြီး ကွင်းလယ်‌pivotမှာ ကက်စမဲရိုး၊ အဲရစ်ဆင်တို့နဲ့ ပွဲထွက်လာဖို့ရှိနေပါတယ်။ ကွင်းလယ်တိုက်စစ်နေရာမှာ အန်တိုနီ၊ ဖာနန်ဒက်၊ ရက်ရှ်ဖို့ဒ်တို့ ရှိနေပြီး မာရှယ်ကိုအထောင်ထားကာ (၄-၂-၃-၁)ကစားကွက်နဲ့ နည်းပြတန်ဟက်ပွဲထုတ်လာနိုင်ဖွယ်ရှိနေပါတယ်။ အထူးသဖြင့် တိုက်စစ်တောင်ပံမှာ ရက်ရှ်ဖို့ဒ်ခြေစွမ်းပြနေပြီး ပြီးခဲ့တဲ့ လိဂ်ဖလားပွဲမှာ အတော့်ကိုကစားပုံကောင်းခဲ့တာလည်း တွေ့ရပါတယ်။ ဒါကြောင့် သရဲနီတို့ရဲ့ လက်ရှိလူစာရင်းဟာ ဘောက်ဆင်ဒေးနိုင်ပွဲတစ်ခုကို ဖော်ဆောင်နိုင်ဖို့ အလွန့်ကို အားကောင်းနေတာတွေ့ရပါတယ်။ 

⚪နော်တင်ဟမ် 

တန်းတက် နော်တင်ဟမ်အသင်းဟာ ပရီမီးယားလိဂ်ရဲ့ တစ်ပတ်ရစ်ကစားသမား အများအပြားကို ခေါ်ယူခဲ့ပြီး တန်းပြန်မဆင်းရဖို့ ကြိုးပမ်းခဲ့ပေမယ့် ခြေစွမ်းမတည်ငြိမ်မှုကြောင့် ရလဒ်တွေ ကမောက်ကမဖြစ်ကာ အဆင့်(၁၉)နေရာကို ရောက်ရှိနေခဲ့ပါတယ်။ ဒီညပွဲအတွက်လည်း ဟန်ဒါဆန်၊ အော်ရီရာ၊ ဂစ်ဝှိုက်၊ ရစ်ချတ်၊ ဘီယန်ကိုနီ၊ ကိုယာတေး၊ နီခါတေး အစရှိတဲ့ ကစားသမားအများအပြားကို လက်လွှတ်ရဦးမှာပါ။အထူးသဖြင့် ဘယ်တောင်ပံတိုက်စစ်က ဂစ်ဝှိုက်နဲ့ ကွင်းလယ်ဘယ်တောင်ပံ ကိုယာတေးတို့ဟာ သွင်းဂိုးတွေ ဖန်တီးမှုတွေနဲ့ ခြေစွမ်းပြနေသူတွေဖြစ်တာကြောင့် သူတို့မပါနိုင်ခြင်းက တိုက်စစ်ဘယ်ခြမ်းကို အဆိပ်ကင်းမဲ့သွားစေနိုင်တာ စိုးရိမ်စရာပါပဲ။ နော်တင်ဟမ်ဟာ လက်ရှိရာသီရဲ့ အဝေးကွင်းအညံ့ဆုံးအသင်းဖြစ်ပြီး (၇)ပွဲမှာ ၂ပွဲသရေနဲ့ ၅ပွဲအထိရှုံးထားပြီး ရဂိုးတစ်ဂိုးနဲ့ ပေးဂိုး(၁၉)ဂိုးအထိ ရှိထားတာ တွေ့ရပါတယ်။ ဒါကြောင့် အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ခံစစ်အားကောင်းပြီး clean sheetတွေ ဆက်တိုက်ရယူထားတဲ့ မန်ယူနောက်တန်းကို ဂိုးသွင်းယူနိုင်ဖို့ အတော့်ကို အလားအလာနည်းလွန်းနေပါတယ်။ 

📝 သုံးသပ်ချက် 

ယူနိုက်တက်ဟာ ‌တန်းတက်အသင်းတွေကို အိမ်ကွင်းမှာလက်ခံကစားရတဲ့ပွဲတိုင်း ပြတ်ပြတ်သားသား အသာစီးရယူနိုင်ခဲ့တာကို မှတ်တမ်းများအရ တွေ့ရှိပါတယ်။ ဒါ့အပြင် ဘောက်ဆင်ဒေးသခင်ကြီးလို့ တင်စားရလောက်အောင် ဘောက်ဆင်ဒေး နိုင်ပွဲတွေရယူတတ်တာကလည်း ဒီညပွဲအတွက် အားတက်စရာပါ။လက်ရှိခြေစွမ်းအရလည်း ရက်ရှ်ဖို့ဒ်၊ အဲရစ်ဆင်တို့ ခြေစွမ်းပြန်ပေါ်နေပြီး မာရှယ်ကလည်း တိုက်စစ်မှာ နည်းပြတန်ဟက်အကြိုက် ကစားပြနိုင်နေတာမို့ ဒီညမှာ ယူနိုက်တက်ရဲ့ နိုင်ပွဲတစ်ခုကို မြင်တွေ့ရဖို့ အလွန်အားကောင်းနေပါတယ်။ နှစ်ဂိုးပြတ်ဖို့တော့ လိုနေပေမယ့် လက်ရှိမှာ ခြေစွမ်းကောင်းပြန်ရနေတဲ့ ယူနိုက်တက်နဲ့ စွန့်စားရကျိုးနပ်စေလိ့မ်မယ်လို့ ယူဆမိပါတယ်။ သရဲနီတွေကိုပဲ ရွေးချယ်ထားကြည့်ချင်ပါတယ်။

🎯ရွေးချယ်မှု 

✅မန်ယူ 

⚽ ခန့်မှန်းရလဒ် = (၂-၀)

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

Facebook Comments Box
Facebook Comment