Social Distancing ဖြင့် ပွဲကစားခဲ့သည့် ဂျာမန်အပျော်တမ်းကလပ် ၃၇-၀ ဖြင့် ရှုံးနိမ့်

ဂျာမန်အပျော်တမ်းကလပ် SG Ripdorf/Molzen သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မည်စိုးရိမ်ကာ ကျန်းမာရေးကို ဂရုစိုက်မှုအတွက် ၃၇-၀ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။

Ripdorf သည် ဂျာမန် လိဂ် ၁၁ တန်း (Lower Saxony’s 3 Kreisklasse) ပွဲအဖြစ် SV Holdenstedt II နှင့် တနင်္ဂနွေနေ့က ကစားသည့်ပွဲတွင် Social Distancing ဖြင့် ပွဲကို ကစားခဲ့မှုနှင့်အတူ ၃၇-၀ ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းပွဲမတိုင်မီ Ripdorf ဥက္ကဌပါထရစ်ရီစတောသည် အက်ဒယ်စတော့ဖ်နှင့် ပွဲစဉ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် ကျန်ကစားသမားတို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိ/မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ရာ မတွေ့ရှိခဲ့ချေ။ သို့ရာတွင် ၎င်းတို့မှာ ပထမအကြိမ် ထိတွေ့မှု ဖြစ်စဉ်နှင့် ၁၄ ရက် ကွာခြားခြင်း မရှိသေးရာ နောင်တွင် ရောဂါဖြစ်လာနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် Ripdorf သည် ပွဲကို ရွှေ့ဆိုင်းမှု ပြုလုပ်ပေးရန် တောင်းဆိုခဲ့သော်လည်း ဒေသခံ ဘောလုံးအဖွဲ့ချုပ်က ပယ်ချခဲ့သည်။

ထို့ကြောင့် အနေအထားအရ နှစ်သင်းလုံးမှာ ပွဲကစားပါက အရေးယူခံရမည့် အခြေအနေတွင် ရှိနေခဲ့သည်။

နောက်ဆုံးတွင် Ripdrof က Social Distancing ဖြင့် ကစားရန် ဆုံးဖြတ်ခဲ့ပြီး ပြိုင်ဘက်အသင်းက ဘောလုံးကစားချိန်တွင် သတ်မှတ်အကွာအဝေးမှသာ ကြည့်ကာ ကစားနေခဲ့ရာ ဂိုးသွင်းမှုများ ဆက်တိုက် ခံခဲ့ရခြင်း ဖြစ်သည်။

Facebook Comments Box
Facebook Comment