Plan B အဖြစ် စီးရီးအေကို ရှုံးပွဲပြိုင်ပွဲအဖြစ် ကျင်းပရန် ဆွေးနွေးနေ

စီးရီးအေသည် ကြိုတင်ခန့်မှန်းမရသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဆိုးကြောင့် စီးရီးအေပြိုင်ပွဲကို ပလေးအော့ဖ်နှင့် Final Eight စနစ်ဖြင့် ကျင်းပရေး မူကြမ်း ရေးဆွဲရေး ဆွေးနွေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀ရာသီတုန်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်ပြိုင်ပွဲတို့ကို Final Eight စနစ်ဖြင့် ကျင်းပခဲ့ရသည်။

စီးရီးအေသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပိုမိုရွားလာပါကလည်း အစဉ်အလာအတိုင်းနှစ်ကျော့စနစ်ဖြင့် ဆက်လက်ကျင်းပနိုင်ရေး အစွမ်းကုန် ကြိုးပမ်းရန် စဉ်းစားထားသော်လည်း လုံးဝ မဖြစ်နိုင်တော့သည် အခြေအနေမျိုးတွင် Plan B အဖြစ် ရှုံးထွက်အဖြစ် ကျင်းပကာ၂၀၂၀-၁ ရာသီအား ပြီးဆုံးအောင် ကျင်းပနိုင်ရေး လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

အားကစားဝန်ကြီးဗင်းဆင့်ဇိုစပါဒိုဖိုရာက အီတလီဘောလုံးအဖွဲ့ချုပ်မှာ အရေးပေါ်အဖြစ် စီးရီးအေကို အပြီးသတ်ကျင်းပရေးအတွက် မူကြမ်း‌ရေးဆွဲနေကြောင်း ပြောကြားသွားသည်။

စပါဒိုဖိုရာက “ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ဘယ်သူမှ ပုံမှန် ဘဝမှာ မနေခဲ့ရပါဘူး။ လက်ရှိကျင်းပနေတဲ့ ဖလား၊ နိုင်ငံအသင်းနဲ့ဘောလုံးပြိုင်ပွဲစနစ်တွေက ကောင်းပါတယ်။ ဒါပေမယ့် Plan B စီစဉ်ထားဖို့ လိုအပ်နေပါတယ်။ ပလေးအော့ဖ်လိုမျိုးပြိုင်ပွဲပေါ့”ဟု ပြောကြားခဲ့သည်။

၂၀၁၉-၂၀ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများမှာ ပရိသတ်ဝင်ကြည့်ခွင့်မရသော်လည်း ရှုံးထွက်အဖြစ် ကျင်းပရာ ရုပ်သံမှ ကြည့်သူပမာဏ အလွန်မြင့်မားလာခဲ့သည်။

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂါဘရီရယ်ဂရာဗီနာကိုယ်တိုင်မှာလည်း လိုအပ်လာပါက စီးရီးအေကို ရှုံးထွက်ပြိုင်ပွဲအဖြစ် ကျင်းပရေး ထောက်ခံနေသူ ဖြစ်ပါတယ်။ ဂရာဗီနာက ရှုံးထွက် ပြိုင်ပွဲကြောင့် ပြိုင်ပွဲအပေါ် လူစိတ်ဝင်စားမှု အလွန်မြင့်မားစေကြောင်း ဆိုထားသည်။

Facebook Comments Box
Facebook Comment