
PFA Fans’ Player of the Year ဆုရခဲ့တဲ့ မာနေး
လီဗာပူးလ်တိုက်စစ်မှူး ဆာဒီယိုမာနေးသည် ပရော်ဖက်ရှင်နယ် ကစားသမားများအစည်းအရုံး(PFA) ပရိသတ်များက မဲပေးရွေးချယ်သော အကေင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ် ဆီနီဂေါလက်ရွေးစင် မာနေးသည် ၂၀၁၉- ၂၀၂၀ ရာသီတွင် ပရီးမီးယားလိဂ် ၁၈ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၂၂ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။
လီဗာပူးလ်အသင်း နှစ် ၃၀ ကြာဝေးကွာနေသည့် အမှတ်ပေးချန်ပီယံဆုဖလားကို ကလပ်အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ရမှတ် ၉၉ မှတ်ဖြင့်ရယူရာတွင် မာနေး၏ကူညီမှုများက အခရာကျခဲ့သည်။
PFA ဆုကို ဗြိတိန်ပရိသတ်များက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆောက်သမ်တန်ကစားသမားဟောင်း မာနေးက ဆန္ဒမဲ ၄၁ ရာခိုင်နှုန်းဖြင့် ရရှိခဲ့ခြင်းဖြစ်ပြီး ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုရှင် မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ဆန္ဒမဲ ၂၇ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ လီဗာပူးလ်အသင်းဖော် နောက်ခံလူ အာနိုးက ဆန္ဒမဲ ၁၇ ရာခိုင်နှုန်းဖြင့် တတိယရခဲ့သည်။
PFA Fans’ Player of the Year ဆုကို ၂၀၁၁ ခုနှစ်မှ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လီဗာပူးလ်ကစားသ မားများက ၃ ကြိမ် ရရှိခဲ့ဖူးသည်။ အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က ၂၀၀၁၊ ၂၀၀၉ တို့ တွင်ရခဲ့သလို မိုဟာမက်ဆာလက်က ၂၀၁၈ တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်နှင့်ဆိုလျှင် လီဗာပူးလ်က စားသမားများက ၄ နှစ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇၀ ပွဲတွင် ၈၁ ဂိုးသွင်းယူထားသော မာနေးအတွက် PFA ဆုက ၎င်း၏ ၁၅ ခုမြောက် တစ်ဦးချင်းဆိုင်ရာဆုတံဆိပ်ဖြစ်လာသည်။
Ref:liverpoolfc.com