အဲဗက်စ်ကို စာချုပ်ဖျက်သိမ်းကြောင်း ဆော်ပေါ်လိုထုတ်ပြန်

ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုသည် ဝါရင့်နောက်ခံလူ ဒါနီအဲဗက်စ်နှင့် ချုပ်ဆိုထားသောစာချုပ်ကို ဖျက်သိမ်းလိုက်ပြီဟု ကြေညာသည်။

အသက် ၃၈ နှစ်အရွယ် ၎င်းသည် ၂၀၁၉ တွင် ပီအက်စ်ဂျီမှ ပြောင်းရွှေ့လာပြီးနောက် ၂ နှစ်ကျော်အတွင်း ၁၀ ဂိုး သွင်းယူပေးထားသည်။

အဲဗက်စ်နှင့် ဆော်ပေါ်လိုတို့ချုပ်ဆိုထားသော စာချုပ်က ၂၀၂၂ ဒီဇင်ဘာလအထိ ကျန်နေသေးသော်လည်း ငွေကြေးပိုင်းပြဿနာကြောင့် လမ်းခွဲရန် အကြောင်းဖန်လာခြင်းဖြစ်သည်။

ကိုဗစ်ကြောင့် ဘဏ္ဍာရေးထိခိုက်ခဲ့သောကြောင့် ဆော်ပေါ်လို သည် အဲဗက်စ်၏လစာကို အပြည့်အဝပေးချေနိုင်ခြင်းမရှိဘဲ ပေါင် ၂.၆ သန်း(ယူရိုး ၃ သန်း) အကြွေးကျန်နေသည်။

ထို့ကြောင့် ကစားသမားနှင့် အချေအတင်ဖြစ်ခဲ့ပြီး အဲဗက်စ်က မိမိ၏လစာကို အကျေအလည် ရရှိခြင်းမရှိသေးဟု ပြောကြားခဲ့ပြီး ဆော်ပေါ်လိုဘက်က နောက်ကျပေးရသည်မျိုးရှိသော်လည်း အားလုံးပေးချေပြီးဖြစ်ကြောင်း တုံ့ပြန်ထားသည်။

တိုကျိုအိုလံပစ်ရွှေတံဆိပ်ဆုကို ရယူပြီးနောက် အဲဗက်စ်သည် ဆုဖလား ၄၃ လုံးအထိရယူကာ ဖလားအများဆုံး ရယူထားသော ကစားသမားအဖြစ် စံချိန်တင်ထားသည်။

၎င်းကို အာဂျင်တီးနား ထိပ်သီးကလပ်များဖြစ်သည့် ဘိုကာဂျူနီယာ၊ ရေးဗားပလိတ်တို့က စိတ်ဝင်စားနေပြီး အရှေ့အလယ်ပိုင်းကလပ်များကလည်း စောင့်ကြည့်လျက်ရှိသည်။

Ref:dailymail