ငွေသုံးအကြမ်းဆုံးက ပရီးမီးယားလိဂ်

၂၀၂၂ ဇန်နဝါရီ အပြောင်းအရွှေ့က ပြီးဆုံးသွားပြီဖြစ်ပြီး အင်္ဂလန်ပရီးမီးယားလိဂ်က ပေါင် ၂၉၅ သန်းအသုံးပြုကာ ငွေအသုံးဆုံးလိဂ်အဖြစ် ရပ်တည်ခဲ့သည်။

အဆိုပါပမာဏသည် ကိုဗစ်ကပ်ဆိုးကြောင့် ဘဏ္ဍာရေးအခြေအနေ ယိမ်းယိုင်နေသည့်တိုင် ၂၀၁၈ ဇန်နဝါရီက သုံးစွဲခဲ့သည့် ပေါင် ၄၃၀ သန်းနောက်ပိုင်း ဒုတိယငွေသုံးအကြမ်းဆုံး ဆောင်းဈေးကွက်ဖြစ်ခဲ့သည်။

၂၀၂၁ ဇန်နဝါရီတွင် ပရီးမီးယားလိဂ်ကလပ်များ သုံးစွဲခဲ့သည့်စရိတ်က ပေါင် ၇၀ သန်းသာရှိကာ နောက်ဆုံးရက်၌ ပေါင် ၂ သန်းသာ အသုံးပြုခဲ့သည်။

၂၀၂၁ Deadline Day သုံးစွဲငွေသည် ၂၀၂၂ နောက်ဆုံးနေ့တွင် စပါးက ဂျူဗင်တပ်စ်မှ ကူလူဆက်ဗ်စကီး၊ ဘန်တန်ကာတို့နှစ်ယောက်အတွက် ပေးခဲ့ရသော ပေါင် ၂၄ သန်းထက်စာလျှင် အများအပြားလျော့နည်းနေသည်။

ဖရန့်လမ်းပတ်၏ အဲဗာတန်ကလည်း နောက်ဆုံးရက်တွင် ဒယ်လီအလီ၊ ဗန်ဒီဘိခ်အပါအဝင် အဌားကစားသမား ၃ ယောက်အတွက် ပေါင်သန်း ၄၀ စွန်းစွန်း အသုံးပြုခဲ့သည်။

ယခုဆောင်းဈေးကွက် အသုံးစရိတ်စုစုပေါင်း၏ တဝက်ဖြစ်သော ပေါင်သန်း ၁၅၀ ကို အမှတ်ပေးဇယား အောက်ဆုံး ၅ သင်းဖြစ်သည့် အဲဗာတန်၊ နောရစ်ချ်၊ နယူးကာဆယ်၊ ဝက်ဖို့ဒ်နှင့် ဘန်လေတို့က သုံးစွဲခဲ့ခြင်းဖြစ်သည်။

ယခုဆောင်းဈေးကွက်တွင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံရှစ်နှစ်ခုပေါင်း အသုံးစရိတ်က ပေါင် ၃၁၅ သန်းရှိပြီး ဥရောပထိပ်တန်းလိဂ် ၄ ခုပေါင်းအသုံးစရိတ်ထက် ပေါင် ၂ သန်းသာ လျော့နည်းသည်။

Ref:BBC