အကောင်း အဆိုး

ဂျူဗင်တပ်စ် တောင်ပံကစားသမား အိန်ဂျယ်ဒီမာရီယာသည် စီးရီးအေအဖွင့်ပွဲတွင် ဆာဆူအိုလိုဘက်သို့ တဂိုးသွင်း၊ တဂိုးဖန်တီးကာ ခြေစွမ်းကောင်းပြသခဲ့သည်။

အလိုင်းယန့်ဇ်ကွင်းပွဲစဉ်တွင် ၃၄ နှစ်အရွယ် ပီအက်စ်ဂျီ ကစားသမားဟောင်းသည် ပွဲထွက်လူစာရင်းမှ ပါဝင်ခွင့်ရခဲ့ပြီး ၂၆ မိနစ်၌ အဲလက်စ်ဆန်ဒရို၏ ဘယ်တောင်ပံဖြတ်တင်ဘောကို မြေမကျကန်၍ အဖွင့်ဂိုးသွင်းယူခဲ့သည်။

ထို့ပြင် ၎င်းသည် ၅၁ မိနစ်တွင် ဒူဆန်ဗလာဟိုဗစ်၏ ဒုတိယဂိုးအား ဖန်တီးပေးနိုင်ခဲ့ပြီး အနိုင် ၃ မှတ်ရရှိစေရန် အဓိကနေရာမှ ကူညီပေးခဲ့သည်။

သို့သော်လည်း ဒီမာရီယာသည် ၆၆ မိနစ်တွင် ဒဏ်ရာရသွားသောကြောင့် မီရက်တီနှင့် လူစားလဲခဲ့ရသည်။

ဘယ်ဖက်ပေါင်ကြွက်သားဒဏ်ရာ ရသွားခြင်းဖြစ်ပြီး အသေးစိတ် ထပ်မံစစ်ဆေးရဦးမည်ဖြစ်ကာ ယနေ့ညနှောင်းပိုင်း နောက်ဆုံးစစ်ဆေးမှုက ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် မည်မျှကြာမည်ဆိုသည်အား အဖြေထုတ်ပေးမည်ဖြစ်သည်။

ဒီမာရီယာသည် ယခင်တပတ်ကလည်း အလားတူဒဏ်ရာ ရဖူးခြင်းကြောင့် စိုးရိမ်ပူပန်ခြင်းမဖြစ်မိကြောင်း နည်းပြ အယ်လီဂရီက ဖွင့်ဟသည်။

သို့သော်လည်း ၎င်းသည် ယခုလ ၂၇ ရက် ရိုးမားအား လက်ခံကစားရမည့် စီးရီးအေပွဲစဉ် ၃ အား လွဲချော်ရဖွယ်ရှိနေသည်။

Ref:romapress