ရယ်ဒီပဲလား ဘာကာ

လာလီဂါအဖွင့်ပွဲတွင် ရီးရဲလ်မက်ဒရစ်က အယ်မီရီယာကို ၂-၁ ဂိုးဖြင့် အနိုင်ယူကာ အဖွင့်မျက်နှာပန်းလှခဲ့သည်။

သို့သော်လည်း လက်ရှိချန်ပီယံသည် ပွဲအစ ၆ မိနစ်မှာပင် အိမ်ရှင်အသင်း၏ ဦးဆောင်ဂိုးသွင်းခြင်း ခံခဲ့ရပြီး ပထမပိုင်းတွင် ရှုံးနိမ့်နေခဲ့သည်။

ဒုတိယပိုင်းကျမှသာ ဗက်စကွက်၏ ချေပဂိုး၊ လူစားဝင်ကစားသမား အလာဘာ၏ ဖရီးကစ်သွင်းဂိုးကြောင့် အနိုင် ၃ မှတ်ရယူခဲ့ခြင်းဖြစ်သည်။

အနိုင်ဂိုးသွင်းခဲ့သော အလာဘာက မိမိကို ဖရီးကစ်ကန်ခွင့် ယုံယုံကြည်ကြည်ပေးအပ်ခဲ့သည့် အသင်းကိုလည်း ကျေးဇူးတင်ကြောင်း ဖွင့်ဟသည်။

“ဒီလိုပွဲမျိုးကို အနိုင်ရခဲ့တဲ့အတွက် ပျော်ပါတယ်။ အရေးအကြီးဆုံးကတော့ အနိုင်ရဖို့ပါပဲ။
အနိုင်ယူဖို့အတွက်လည်း ကျွန်တော်တို့ ဒီကိုရောက်လာတာပါ။

အဆုံးမှာတော့ ကျွန်တော်တို့ အောင်နိုင်ခဲ့တယ်။ ဖရီးကစ်မကန်ခင် ကျွန်တော်ကို ယုံကြည်မှုပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

နိုင်ပွဲကို ဆက်လက်သယ်ဆောင်သွားပါမယ်။ တသင်းလုံးကလည်း ယုံကြည်မှုအပြည့် ရှိနေပါပြီ” ဟု အလာဘာက ပြောသည်။

Ref:realmadrid