ရမလားလို့ လုပ်ကြည့်တာ

ချဲလ်ဆီးသည် ဘာစီလိုနာတိုက်စစ်မှူး အော်ဘာမီယန်ကိုခေါ်ယူရန် ကတ်တလန်ကလပ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်သည်။

ဂါဘွန်သားသည် ဖေဖော်ဝါရီလကမှ နူးကမ့်သို့ရောက်လာခြင်းဖြစ်ပြီး ၂၃ ပွဲတွင် ၁၃ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးကာ ပုံစံကောင်းပြသထားသည်။

ဘာကာသည် ကစားသမားသစ်များ မှတ်ပုံတင်ခွင့်ရရေး၊ အသုံးစရိတ်ရရေးအတွက် အာဆင်နယ်မှ အလွတ်ရထားသော ၎င်းကို ပြန်လည်ရောင်းချဖွယ်ရှိနေသည်။

အော်ဘာမီယန်သည် ဘာစီလိုနာနှင့် ၂၀၂၅ ဇွန်လအထိ စာချုပ်ထားပြီး စပိန်တွင် ဆက်ကစားလိုသော်လည်း သောမတ်စ်တူဟယ်နှင့် ဒေါ့မွန်တွင် လက်တွဲဖူးကာ ရင်းနှီးသောဆက်ဆံရေးကြောင့် ချဲလ်ဆီးအတွက် အားသာနေသည်။

ချဲလ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလီသည် ယခုနွေရာသီ အစောပိုင်းကတည်းက ဘာစီလိုနာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး နှစ်သင်းအကြား ဖြစ်လာနိုင်သည့် အပြောင်းအရွှေ့များအတွက် ဆွေးနွေးဖူးသည်။

တူဟယ်သည် ရာဟင်စတာလင်းကို ခေါ်ယူထားသော်လည်း လူကာကူ၏နေရာအတွက် အခြားတိုက်စစ်မှူးတယောက်နှင့် မဖြစ်မနေ အစားထိုးသွားမည်ဖြစ်ရာ အော်ဘာမီယန်ကို မျက်စိကျလာခြင်းဖြစ်သည်။

Ref:dailymail