မပြောပြဘူး

မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ရော်နယ်ဒို အသင်းတွင်ဆက်ရှိနေ၍ ပျော်ရွှင်မိပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဟုလည်း ချီးကျူးလိုက်သည်။

ထို့အပြင် ဘရိုက်တန်နှင့်ကစားမည့် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ပွဲထွက်လူစာရင်းမှ အသုံးပြုဖွယ်ရှိသည်ဟုလည်း အရိပ်အမြွက် ဖွင့်ဟသည်။

ရာသီကြိုလေ့ကျင့်မှုတွင် မိသားစု အကြောင်းပြချက်ဖြင့် အသင်းနှင့်အတူ မပူးပေါင်းခြင်း၊ ဗယ်လီကာနိုနှင့်ပွဲတွင် ပွဲမပြီးခင် ကွင်းအတွင်းမှ ထွက်ခွာသွားခြင်းကြောင့် တန်ဟက်သည် ၎င်းကို အရန်စာရင်းတွင်သာ ထည့်သွင်းရန် စီစဉ်ခဲ့သည်။

သို့သော် ပွဲထွက်လူစာရင်းတွင် အသုံးပြုရန် စီစဉ်ထားခဲ့သော အန်ထော်နီမာရှယ်က ဒဏ်ရာကြောင့် အနားယူရတော့မည်ဖြစ်၍ ရော်နယ်ဒိုအတွက် အခြေအနေကောင်းသွားခြင်း ဖြစ်သည်။

ယမန်နှစ်က ၂၄ ဂိုးသွင်းကာ ယူနိုက်တက်၏ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သော ရော်နယ်ဒိုသည် ယနေ့ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်သို့ လာရောက်ပူးပေါင်းခဲ့သည်။

“ရော်နယ်ဒိုနဲ့အတူ ရှိနေရလို့ ကျွန်တော်အရမ်းပျော်ပါတယ်။ ကျွန်တော်တို့ ထိပ်တန်းတိုက်စစ်မှူးတယောက်ကို ပိုင်ဆိုင်ထားတာပါ။

သူ ဒီမှာ ကျွန်တော်တို့နဲ့အတူ ရှိနေသလို အသင်းရဲ့ လူစာရင်းထဲမှာလည်း ရှိနေပါတယ်။ ပွဲထွက်လူစာရင်းကနေ ကစားမလားဆိုတာတော့ တနင်္ဂနွေမှာ စောင့်ကြည့်ကြတာပေါ့” ဟု တန်ဟက်က ပြောသည်။

Ref:MEN