ပြန်လာပြီနော်

ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက်တိုက် အရေးနိမ့်ထားသော မန်ယူနိုက်တက်အသင်းသားများသည် ယနေ့ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်သို့ အင်အားအပြည့် တက်ရောက်လာသည်။

၎င်းတို့၏ မျက်နှာသွင်ပြင်ကို ကြည့်ရသည်က ရှုံးပွဲဆက်နေမှုကို ရပ်တန့်ရန် စိတ်ပိုင်းဖြတ်ထားပုံရကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

ဘရန့်ဖို့ဒ်ကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် အဲရစ်တန်ဟက်သည် ကစားသမားများအား နားရက်ပေးမည့် အစီအစဉ်ကိုဖျက်သိမ်း၍ တနင်္ဂနွေတွင် အချိန်ပိုလေ့ကျင့်ခိုင်းခဲ့သည်။

ယနေ့ ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ရော်နယ်ဒို၊ ဟယ်ရီမက်ဂွိုင်းယား၊ ဒေးဗစ်ဒဟေးယား၊ ခရစ္စရှန်အဲရစ်ဆင်၊ ဘရူနိုဖာနန်ဒက်စ်၊ မာတီနက်ဇ်အပါအဝင် အသင်းသားများ ကိုယ်စီကားမောင်းကာ လာရောက်ခဲ့သည်။

ယမန်နေ့က ထွက်ပေါ်လာသော သတင်းများအရ စီနီယာကစားသမားများသည် ဘုတ်အဖွဲ့ထံ မက်ဆေ့ချ်ပို့ကာ ကစားသမားအသစ်များကို အချိန်ပေးရန်နှင့် နွေစျေးကွက်မပိတ်မီ လူအင်အား ထပ်မံဖြည့်တင်းရန် တိုက်တွန်းခဲ့သည်။

ယူနိုက်တက်သည် ဩဂုတ်လ ၂၂ ရက်တွင် ဗြိတိန်ဒါဘီအဖြစ် လီဗာပူးလ်အား လက်ခံကစားရမည်ဖြစ်ပြီး ယမန်နှစ်ကမူ မာဆေးဆိုက်ကလပ်က ၅ ဂိုးပြတ် အနိုင်ရထားသည်။

သို့သော်လည်း ယူနိုက်တက်ကစားသမားများက ယခုနှစ်တွင်မူ ရှုံးကြွေးပြန်ဆပ်ကာ တန်ဟက်အတွက် ပထမဆုံးနိုင်ပွဲ ရယူပေးရန် စိတ်ပိုင်းဖြတ်ထားသည်။

Ref:The Sun