တခြမ်းရိုက်ဖိတ်စာ

ချဲလ်ဆီးသည် ဘရိုက်တန်ဘယ်နောက်ခံလူ မာ့စ်ကျူကူရယ်လာကိုခေါ်ယူရန် နီးစပ်လျက်ရှိပြီး အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် လူငယ်နောက်ခံလူ လီဗီကိုဝဲလ်ကိုပါ အလိုက်ပေးရမည်ဖြစ်သည်။

သောမတ်စ်တူဟယ်သည် အသင်းမှထွက်ခွာဖွယ်ရှိနေသည့် မားကို့စ်အလွန်ဆိုနေရာအတွက် ၂၄ နှစ်အရွယ် စပိန်သား ကျူကူရယ်လာကို ပေါင် ၅၂ သန်းဖြင့်ခေါ်ယူရန် အလွန်နီးစပ်သော အခြေအနေသို့ ရောက်နေသည်။

ဘာစီလိုနာကစားသမားဟောင်းကို မန်စီးတီးက အရင်ဦးဆုံး စိတ်ဝင်စားကာ ပေါင် ၃၂ သန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဘရိုက်တန်က စျေးနည်းသည်ဆိုသော အကြောင်းပြချက်ဖြင့် ပယ်ချခဲ့သည်။

ထို့ကြောင့် ချဲလ်ဆီးက ပေါင် ၅၂ သန်းဖြင့် ကြားဖြတ်ဝင်ရောက်လာခြင်းဖြစ်ပြီး အင်္ဂလန်ယူ-၂၁ ဗဟိုနောက်ခံလူ ကိုဝဲလ်ကိုပါ အလိုက်ပေးသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် နှစ်ဖက်အသင်းအကြား ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု ရယူနိုင်ပြီဟု သတင်းထွက်နေပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များ ညှိနှိုင်းနေကြောင်း သိရသည်။

သို့သော်လည်း ဘရိုက်တန်ကမူ မိမိတို့၏ ကစားသမားအတွက် မည်သည့်အသင်းနှင့်မှ သဘောတူညီထားခြင်းမျိုး မရှိသေးကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

Ref:dailymail