စိတ်မဝင်စားဘူး

ချဲလ်ဆီးသည် အဲဗာတန်တောင်ပံကစားသမား အန်ထော်နီဂေါ်ဒွန်ကို ပေါင်သန်း ၄၀ ဖြင့် ကမ်းလှမ်းလိုက်သော်လည်း မာဆေးဆိုက် အခြေစိုက်ကလပ်က ပယ်ချလိုက်သည်။

လန်ဒန်ကလပ်သည် ယမန်နေ့က အင်္ဂလန်ယူ-၂၁ လက်ရွေးစင် ဂေါ်ဒွန်ကို ကနဦးကမ်းလှမ်းလိုက်ခြင်းဖြစ်ပြီး အဲဗာတန်က ၎င်းအတွက် ပေါင်သန်း ၅၀ သတ်မှတ်ထားသည်။

ထို့ကြောင့် ချဲလ်ဆီးက အဆိုပါပမာဏဖြင့် ထပ်မံကမ်းလှမ်းထားပြီး အဲဗာတန်က လက်ခံမည်ဟု မျှော်လင့်ရသည်။

အဲဗာတန်အကယ်ဒမီထွက် ဂေါ်ဒွန်သည် ယမန်နှစ်က ပုံမှန်ကစားခွင့်ရကာ စုစုပေါင်း ပြိုင်ပွဲစုံ ပွဲ ၄၀ တွင် ၄ ဂိုးသွင်းနိုင်ခဲ့သည်။

၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ် ၂ ပွဲစလုံး ပွဲချိန်ပြည့်ကစားခွင့်ရထားသော်လည်း ဂိုးသွင်းနိုင်ခြင်း မရှိပေ။

သို့သော် ချဲလ်ဆီးက ခေါ်ယူရန် ကြိုးစားနေခြင်းဖြစ်ပြီး ယခုနွေရာသီအစတွင် စပါးနှင့် နယူးကာဆယ်တို့က စိတ်ဝင်တစား ကမ်းလှမ်းခဲ့သည်။

အဲဗာတန်သည် ယခုရာသီတွင် တိုက်စစ်အင်အားနည်းနေပြီး ရီချာလီဆန်က စပါးသို့ပြောင်းသွားသလို ကယ်ဗတ်လီဝင်ကလည်း ဒဏ်ရာကြောင့် အနားယူနေရသည်။

Ref:Metro