ဂွါရဲ့ နှစ်ခွသောစကား

ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားသည် အသင်းအတွက် အရေးပါသည့် ကစားသမားတဦးဖြစ်သောကြောင့် အသင်းတွင် ဆက်ရှိစေချင်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသည်။

သို့သော်လည်း အနာဂတ်အား ကြိုမသိနိုင်သောကြောင့် ဘာဖြစ်လာမလဲဆိုသည်ကို မသိရှိကြောင်း စပိန်သားက ဝန်ခံသည်။

၂၀၁၇ တွင် မိုနာကိုမှရောက်လာသော ဆေးလ်ဗားသည် ယမန်နှစ်က ဂျက်ဂရီးလစ်ရှ် ရောက်ရှိလာသောကြောင့် မန်စီးတီးမှထွက်ခွာရန် ပြင်ဆင်ခဲ့သေးသည်။

ယခုနှစ်တွင်လည်း ဘာစီလိုနာက ၎င်းကိုစိတ်ဝင်စားနေပြီး ကတ်တလန်မှ ထွက်ခွာဖွယ်ရှိနေသည့် ဖရန်ကီဒီဂျောင်နေရာအတွက် အစားထိုးရန် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

“ဘာနာဒို ဒီမှာဆက်ရှိနေမှာကို ကျွန်တော် နှစ်သက်ပါတယ်။ သူက အဝတ်လဲခန်းထဲမှာ စပါယ်ရှယ် ကစားသမားတယောက်ပါ။

ဒါပေမဲ့ အရိုးသားဆုံးပြောရရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ သူဆက်နေမယ်ဆိုရင်တော့ ပြည့်စုံသွားတာပေါ့။ မနေဘဲ ထွက်သွားမယ်ဆိုလည်း ဘောလုံးမှာက ဒီလိုဖြစ်တတ်တာပဲလေ။

ကလပ်မှာက သဘောတူညီမှုတွေရှိပြီး ကစားသမားတွေမှာက စိတ်ဆန္ဒတွေရှိတယ်။ စိတ်ဆန္ဒရှိတဲ့လူကို ကျွန်တော်မတားချင်ပါဘူး” ဟု ဂွါဒီယိုလာက ပြောသည်။

Ref:mancity