ကိုယ့်အိမ်မှာပဲ ကိုယ်နေမယ်

ချဲလ်ဆီးသည် ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသည့် အသင်းခေါင်းဆောင် ဆီဇာအက်စပီလီကွေတာကို ၂ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

ထို့ကြောင့် ၃၂ နှစ်အရွယ် စပိန်သားသည် စတမ်းဖို့ဒ်ဘရစ်ချ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ ဆက်ရှိတော့မည်ဖြစ်သည်။

နည်းပြသောမတ်စ်တူဟယ်သည် အက်စပီကွေတာ အသင်း၌ဆက်နေအောင် အဓိကနေရာမှ ဆွဲဆောင်သိမ်းသွင်းခဲ့သူလည်း ဖြစ်သည်။

အိုဆာဆူနာအကယ်ဒမီထွက် ၎င်းသည် ၂၀၁၂ တွင် မာဆေးလ်မှပြောင်းရွှေ့လာပြီးနောက် ဆယ်စုနှစ် တခုတာအတွင်း ချဲလ်ဆီး၏ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သည်။

“ချဲလ်ဆီးနဲ့ သက်တမ်းတိုးနိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဒါက ကျွန်တော့်ရဲ့ အိမ်ပါ။ ကျွန်တော် ဒီကိုစရောက်လာချိန်ကစလို့ ဒီမှာရှိနေတာ ၁၀ နှစ်ရှိနေပါပြီ။

ကျွန်တော် တကယ်ချစ်ပါတယ်။ ရှေ့ဆက်လုပ်ဆောင်သွားမယ့် စီမံကိန်းအသစ်တွေကလည်း အံ့အားသင့်စရာပဲ။ အဲဒါက ကျွန်တော်တို့ရဲ့ လက်ထဲမှာပဲရှိပါတယ်” ဟု အက်စပီလီကွေတာက ပြောသည်။

Ref:AS