မေ့လိုက်တော့

ရောဘတ်လီဝမ်ဒေါစကီး ထွက်ခွာသွားပြီးနောက် ဘိုင်ယန်မြူးနစ်ပရိသတ်များသည် သွင်းဂိုးများအတွက် စိုးရိမ်သောက ဖြစ်ခဲ့ရသေးသည်။

ပိုလန်ကပ္ပတိန် မထွက်ခင်ကတည်းက လီဗာပူးလ်မှ ဆာဒီယိုမာနေးကို ခေါ်ယူထားသော်လည်း ဂိုးခမ်းခြောက်သွားမည့်အရေး ပူပန်ခဲ့ရသည်။

သို့သော်လည်း ရာသီအစ ပြိုင်ပွဲအသွင် ၃ ပွဲကစားအပြီး မြူးနစ်အခြေစိုက်ကလပ်အတွက် အားထားရသည့် လူငယ်ဂိုးသွင်းစက်တဦး ထွက်ပေါ်လာပြီဟု ဂျာမန်သတင်းစာ Bild က ဖော်ပြသည်။

အဆိုပါကစားသမားက ၁၉ နှစ်အရွယ်သာရှိသေးသော ကွင်းလယ်တိုက်စစ်သမား ဂျာမယ်မူရှာလာဖြစ်ပြီး ယမန်နေ့ညက ဝုဖ်ဘတ်အား ၂ ဂိုးပြတ်အနိုင်ရသည့်ပွဲတွင် အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။

မူရှာလာသည် ဖရန့်ဖတ်အား ဂိုးပြတ်အနိုင်ရသည့် ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲတွင်လည်း ၂ ဂိုးသွင်းခဲ့ပြီး ရာသီအဖွင့် လိဂ် ၂ ပွဲမှာပင် သွင်းဂိုး ၃ ဂိုးအထိ ရှိလာပြီဖြစ်သည်။

ထို့ပြင် ၎င်းသည် လိုက်ပ်ဇစ်ကိုအနိုင်ယူခဲ့သည့် ဂျာမန်စူပါဖလားပွဲတွင်လည်း ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပေးခဲ့၍ ယခုရာသီသစ်အတွင်း ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားသည်။

မူရှာလာသည် ၁၉ နှစ်၊ ၁၆၉ ရက်ဖြင့် ဘွန်ဒက်စ်လီဂါ ၁၄ ဂိုးသွင်းထားပြီး ဒေါ့မွန်ကစားသမားဟောင်း ဂျေဒန်ဆန်ချို(၁၉ နှစ်၊ ၁၄၅ ရက်)ပြီးလျှင် ဒုတိယအသက်အငယ်ဆုံး ၁၄ ဂိုးရှင်အဖြစ် မှတ်တမ်းတင်ထားသည်။

Ref:Bild