ခဏ ခဏဌားချင်တာဗျာ

ဖရန့်ဖတ်အား ၆-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရသော ဘွန်ဒက်စ်လီဂါအဖွင့်ပွဲတွင် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဆာဒီယိုမာနေးက တဂိုးသွင်းယူခဲ့သည်။

လီဗာပူးလ်မှ ပေါင် ၃၅.၁ သန်းဖြင့် ပြောင်းရွှေ့လာသော မာနေးသည် ပွဲချိန် ၂၉ မိနစ်တွင် ဂနာဘရီ အသာ မ ပေးသောဘောလုံးကို ဒိုက်ထိုးခေါင်းတိုက်ကာ တတိယဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

၎င်းသည် လိုက်ပ်ဇစ်အား ၅-၃ ဂိုးဖြင့်အနိုင်ရသော ဂျာမန်စူပါဖလားပွဲတွင်လည်း တဂိုးသွင်းခဲ့ပြီး အဖွင့် ၂ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်အတွက် စကစားသည့် ပြိုင်ပွဲအသွင် ၂ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့် နောက်ဆုံးကစားသမားက မန်ဇူကစ်ဖြစ်ပြီး ၂၀၁၂ က သွင်းနိုင်ခဲ့ခြင်းဖြစ်ရာ ဆာနေးက ဆယ်နှစ်တာအတွင်း ခရိုအေးရှားသားလို လုပ်ဆောင်နိုင်သော ပထမဆုံး မြူးနစ်ကစားသမားအဖြစ် မှတ်တမ်းဝင်လာသည်။

ဖရန့်ဖတ်နှင့်ပွဲအပြီးတွင် မာနေးက ဘိုင်ယန်ပရိသတ်များဘက် ပြေးထွက်သွားပြီး အော်လန်ကိုလု၍ အတူအောင်ပွဲခံခဲ့သည်။

ယန်းအိုလီဗာဟော့ဖ်မန်းဆိုသူက “ဆာဒီယိုပြေးလာတော့ သူ့ကိုဖက်ပြီး အောင်ပွဲခံမယ်လို့ တွေးထားတာ။ သူက အော်လန်ခဏပေးပါ၊ ငါလည်း မင်းတို့လို အော်ချင်လို့ဆိုပြီးပြောလို့ ပေးခဲ့ရတယ်” ဟု ပြောပြသည်။

ဆီနီဂေါကစားသမားသည် လီဗာပူးလ်တွင်ရှိစဉ် ယမန်နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပြီးနောက် ရုပ်သံရိုက်ကူးသူ၏ ကင်မရာကိုလု၍ ပဲရစ်ကိုသွားပြီဟု အော်ဟစ်အောင်ပွဲခံဖူးသည်။

Ref:Bild