Forest Green Rovers ကလပ်တွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာသည့် ဘယ်လီရန်

အာဆင်နယ်နောက်ခံလူဟက်တာဘယ်လီရန်သည် လိဂ်-၂ ကလပ် Forest Green Rovers ၏ဒုတိယရှယ်ယာအများဆုံးပိုင်ဆိုင်သူ ဖြစ်လာကြောင်း သိရသည်။ ဂလူဆက်စတာရှိုင်းယားအခြေစိုက်ကလပ်သည် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ဆောင်မှုအများဆုံးကလပ်အဖြစ် FIFA နှင့် UN တို့၏အသိအမှတ်ပြု ခြင်းခံထားရသည့်အသင်းလည်း ဖြစ်သည်။

Forest Green Rovers ကို ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကာဗွန်ကင်းစင်သည့် ကမ္ဘာ့ပထမဆုံးကလပ် ဖြစ်လာသည့် အသင်း ဖြစ်လာခဲ့သည်။

စပိန်နောက်ခံလူသည် Forest Green Rovers ၏သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ဆောင်ချက်များအပေါ် ထောက်ခံအားပေးသည့်အနေဖြင့် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

စပိန်လက်ရွေးစင်ကစားသမားက “လူတွေက ကမ္ဘာကြီးရဲ့ပြဿနာကို ဖြေရှင်းလို့ မရဘူးလို့ ယူဆနေကြပါပေမယ့် Forest Green က လုပ်ဆောင်ပြထားပြီး ဖြစ်ပါတယ်။ FGR မိသားစုရဲ့အစိတ်အပိုင်း ဖြစ်ခွင့်ရလို့ စိတ်လှုပ်ရှားရပါတယ်။ ကျွန်တော့်ဘက်က တတ်နိုင်လောက် ကူညီသွားပါမယ်။ ပြီးရင် ကမ္ဘာကြီးကို ပိုကောင်းအောင် လုပ်ချင်တဲ့သူတွေကိုလည်း အားပေးသွားပါမယ်”ဟု ပြောကြားသွားခဲ့သည်။

အသက် ၂၅ နှစ်ရှိ အာဆင်နယ်ညာနောက်ခံလူသည် မကြာသေးမီတုန်းကလည်း အမေဇုံတွင် သစ်ပင် ၆၀၀၀၀ စိုက်ပျိုးရန်အတွက် ရန်ပုံငွေ ရှာဖွေပေးခဲ့သူလည်း ဖြစ်သည်။

သူသည် ဥက္ကဌဒါလီဗင်စီ၊ ကလပ်တို့နှင့် လက်တွဲကာ ဘောလုံးလောကအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်သည်။

၎င်းက “Forest Green  Rovers နဲ့ ကစားခဲ့ကတည်းက (၂၀၁၄ခုနှစ်ကခြေစမ်းပွဲ) လန်ဒန်ရဲ့ အဝေးမှာ ရှိနေတဲ့ သူတို့အကြောင်းသိပါတယ်။ ကလပ်အကြောင်းနဲ့သူတို့ လုပ်ဆောင်မှုကို သိထားပါတယ်။ ဒါကြောင့်လည်း သူတို့နဲ့တွေ့ချင်ခဲ့တယ်။ သူတို့ရဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ချင်ခဲ့ပါတယ်”ဟု ပြောကြားသွားသည်။

Forest Green Rovers ဥက္ကဌ ဗင်းစီသည် အသင်းအတွက် အော်ဂင်းနစ်ကွင်း ဖန်တီးထားသလို ပရီးမီးယားလိဂ် ကလပ်များအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မည်သို့ လုပ်ဆောင်ရမည်ကို အကြံပေးမှုများ ပြုလုပ်နေသူလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment