
2022 ကမ္ဘာ့ဖလား ၁၆သင်းရှုံးထွက်အဆင့် ပွဲကြိုသုံးသပ်ချက်
✍️မောင်ရဲတိုက်

“အာဖရိကရဲ့ နောက်ဆုံးမျှော်လင့်ချက်ကို စပိန် ဖြုတ်ချခဲ့နိုင်မလား”
◾ မော်ရိုကို Vs စပိန်
⬜ မော်ရိုကို
အုပ်စုတွင်း ရှုံးပွဲမရှိမှုနဲ့ မော်ရိုကိုဟာ အုပ်စုဗိုလ်နေရာကို ရောက်ရှိလာခဲ့ပါတယ်။ များသောအားဖြင့် အုပ်စုဗိုလ်တွေဟာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးများလေ့ရှိပေမယ့် မော်ရိုကိုကတော့ အုပ်စုEမှာ ဒုတိယရခဲ့တဲ့ စပိန်နဲ့တွေ့ရမှာမို့ မစားသာပါဘူး။ မော်ရိုကိုဟာ ခံစစ်ကျစ်လျစ်မှုနဲ့ အသင်းလိုက်ထိုးဖောက်ကစားနိုင်မှုမှာ ကောင်းမွန်တာကို တွေ့ရပြီး Set Pieceတွေကနေ ဂိုးသွင်းဖို့ အခွင့်အရေးတွေ ရလေ့ရှိတာတွေ့ရပါတယ်။ တစ်ဖက်အသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူမှုကို ခွင့်ပြုထားရင်း တန်ပြန်တိုက်စစ်ကနေ သပ်သပ်ရပ်ရပ် ဂိုးရအောင်ယူလေ့ရှိပါတယ်။ off the ball အခြေအနေမှာ midfield defensive ပုံစံဖြစ်တဲ့ (၄-၂-၃-၁)နဲ့ကစားပြီး ဘောလုံးရတာနဲ့ (၄-၃-၃) high pressure ပုံစံပြောင်းပြီး ကောင်တာပြန်စတာကြောင့် ပြိုင်ဘက်ကစားသမားတွေကို အားအင်ကုန်ခမ်းစေပြီး သူတို့ရဲ့ကောင်တာကို မတားဆီးနိုင်ဖြစ်စေပါတယ်။ ကိုရီးယား၊ ဂျပန်တို့လို တစ်ဦးချင်းစွမ်းရည်နဲ့ ကောင်တာဖောက်တာမဟုတ်ဘဲ ကစားကွက်အလိုက် pressureပြန်ပေးတာမို့ ပြိုင်ဘက်အသင်းမှာ လိုသလိုသုံးနိုင်တဲ့ ဂျိုကာကွင်းလယ်တွေ ရှိနေမှ အဆင်ပြေပါလိမ့်မယ်။နာမည်ကြီးကစားသမားတွေ များများစားစားမပါဝင်ပေမယ့် သူ့လူနဲ့သူ့ကစားကွက်နဲ့တော့ အစပ်အဟပ်တည့်နေတာကို တွေ့ရပါတယ်။
🟥 စပိန်
အုပ်စုတွင်း ရမှတ်(၄)မှတ်နဲ့ ဒုတိယရပြီး တက်လာတဲ့စပိန်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ခရိုအေးရှားနဲ့ထိပ်တိုက်မတွေ့ရအောင်၊ ကွာတားမှာ ဘရာဇီးနဲ့မဆုံရအောင် တမင်ဂျပန်ကို ကစားအားချပြီး ကစားခဲ့တယ်လို့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။ တကယ်လဲ စပိန်ဟာ ဂျပန်နဲ့ပွဲမှာ (၁-၁)နဲ့သရေကျနေစဉ်မှာရော၊ (၂-၁)နဲ့ ရှုံးနေစဉ်မှာပါ ကစားအားမတင်ဘဲ ရလဒ်ကိုကျေကျေနပ်နပ်နဲ့ အဖြစ်သဘောကစားခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် သူတို့ဆုံချင်နေတဲ့ မော်ရိုကိုနဲ့အတွေ့မှာ ဘယ်လိုအကြံကောင်းတွေရှိနေလို့ အခုလိုရင်ဆိုင်ချင်နေရသလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ စပိန်အသင်းဟာ (၄-၃-၃)ကို dominateပုံစံနဲ့ကစားတတ်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာစီးယူကာ ကစားတတ်ပါတယ်။ တောင်ပံတိုက်စစ်တွေရဲ့ ထိုးဖောက်မှုနောက်မှာ ကွင်းလယ်သမားတွေက back upအသင့်ရှိနေလို့ ဘောလုံးပျက်သွားရင်တောင် recoverအမြန်လုပ်နေပါတယ်။ ကွင်းလယ်မှာ ပက်ဒရီ၊ ဂါဗီတို့လို up and down လျင်လျင်မြန်မြန်ကစားနိုင်တဲ့သူတွေရှိနေတာကြောင့်လည်း ဒီကစားကွက်က အဆင်ပြေနေပါတယ်။
📈 ကြေးဖွင့်လှစ်မှု
လက်ရှိမှာတော့ စပိန်ဘက်က (၁+၂၀)နဲ့စတင်ထားပြီး ဂိုးပေါင်းကိုတော့ (၂-၄၀)မှာ စတင်ထားပါတယ်။ odd movementအရ မော်ရိုကိုရဲ့ 1Xကြေးဟာ လွန်ခဲ့တဲ့နှစ်ရက်ကထက်စာရင် အားပျော့လာတာတွေ့ရပါတယ်။ ဒါဟာ စနေနေ့က ညာနောက်ခံလူဟာကီမီ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ထရိန်နင်မဆင်းနိုင်တာကို တွေ့ရှိရပြီးနောက် ပြောင်းလဲလာတဲ့ အနေအထားဖြစ်ပါတယ်။ အရေးကြီးတဲ့ ပွဲဖြစ်လို့ ထည့်သုံးမှာဖြစ်ပေမယ့် အင်ပြည့်အားပြည့်ရှိပါ့မလား စဉ်းစားစရာပါပဲ။ ဂိုးပေါင်းကြေးကတော့ ငြိမ်လျက်ရှိတာမို့ နှစ်ဖက်သွင်းဂိုးတွေ များများမြင်ရဖို့ခက်မဲ့အနေအထားပါပဲ။
📝 သုံးသပ်ချက်
စပိန်ရဲ့ ပြဿနာက မန်စီးတီးကွင်းလယ်လူရိုဒရီကို CBနေရာမှာ ထားဆော့နေတာ ဖြစ်ပါတယ်။ ကွင်းလယ်အထိုင်မှာရှိနေတဲ့ စီနီယာ ဘက်စကွက်ဟာ ခံစစ်အားပြုကစားသူဖြစ်လို့ သူ့နေရာကနေ တိုက်စစ်မစတင်နိုင်ဘဲ တောင်ပံနှစ်ဖက်ကပဲ တိုက်စစ်လမ်းကြောင်းစနေရပါတယ်။ ဒါကြောင့် ဘက်စကွက်ကို ကူညီဖို့ ရိုဒရီကိုထည့်ကစားရင်း ခံစစ်မလုံတာတွေဖြစ်ပြီး ဂျပန်နဲ့ ဂျာမနီပွဲတွေမှာ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့် လာပေါ့တီနဲ့ ရိုဒရီကို CBမှာတွဲထားပြီး အသုံးပြုလာခဲ့ရင်တော့ ကွင်းလယ်နဲ့ နောက်တန်းချိတ်ဆက်မှု ကောင်းမွန်မှာဖြစ်ပြီး မော်ရိုကိုအတွက် အခွင့်အရေးရဖို့ နည်းပါးသွားပါလိမ့်မယ်။ Line upထွက်လာမှ ပြောကောင်းမှာဖြစ်ပေမယ့် ကျွန်တော်တောင် မြင်မိတဲ့ အားနည်းချက်ကို နည်းပြအင်းနရစ် သတိမမူဘဲနေမှာ မဟုတ်ပါဘူး။ အမှားခံမရတဲ့ပွဲဖြစ်နေလို့ စနစ်တကျ ပြင်ဆင်လာခဲ့ရင် မော်ရိုကိုကို မိနစ်ကိုးဆယ်အတွင်း ဇယားဖြတ်ဖို့ဆိုတာ စပိန်အတွက် ချွေးလေးစို့ရုံပါပဲ။ အနိုင်သေချာတဲ့ စပိန်ဘက်ကနေ ပြား၂၀ပဲရရ နေကြည့်ချင်ပါတယ်။
🎯ရွေးချယ်မှု
✅ စပိန်
✅ဂိုးအောက်
⚽ ခန့်မှန်းရလဒ်
(၀-၂) / (၀-၁)

“ခံစစ်မာတဲ့ ဆွစ်ဇာလန်ကို မိနစ်ကိုးဆယ်အတွင်း ပေါ်တူဂီ ဖြတ်ကျော်နိုင်ပါ့မလား”
◾ ပေါ်တူဂီ Vs ဆွစ်ဇာလန်
🟥 ပေါ်တူဂီ
ပေါ်တူဂီဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲအဆင့်(၆)မှာရှိနေပါတယ်။ သူ့နောက်မှာတော့ နယ်သာလန်၊ ခရိုအေးရှားတို့ရှိနေပါတယ်။ ရော်နယ်ဒို၊ ယာအိုဖီးလစ်၊ ဘရူနိုဖာနန်ဒက်တို့ ပါဝင်လာမယ့် တိုက်စစ်က ဆွစ်ဇာလန်ဂိုးပေါက်ကို အကြိမ်ကြိမ်ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါတယ်။ ရော်နယ်ဒိုဟာ အကောင်းဆုံးပုံစံမှာ မရှိတော့ဘူးဆိုပေမယ့် သူ့ကိုလျှော့တွက်ထားရင်တော့ မှားသွားပါလိမ့်မယ်။ Goatကြီးဟာ အရင်လို တိုးအား၊ ရုန်းအားတွေ မရှိတော့ပေမယ့် သမ္ဘာအားကိုးနဲ့ ဆွစ်ဇာလန်ခံစစ်မှာ နေရာလွတ်တွေ ရှာနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ဘရူနိုဖာနန်ဒက်ရဲ့ လက်ရှိမှာ ပုံစံကောင်းပြသနေမှုကလည်း ပေါ်တူဂီအတွက် အားတက်စရာပါပဲ။
⬜ ဆွစ်ဇာလန်
ဆွစ်ဇာလန်ဟာ ဘရာဇီးပါတဲ့အုပ်စုမှာ ရမှတ်၆မှတ်စုဆောင်းနိုင်ခဲ့တာ အထင်ကြီးစရာပါ။ နောက်ဆုံးအုပ်စုပွဲမှာ ဆားဘီးယားနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန်ဂိုးတွေသွင်းရင်း အနိုင်ရခဲ့တာကို အားရဖွယ်တွေ့မြင်ရပါတယ်။ အသင်းမှာ ဒဏ်ရာပြဿနာကင်းရှင်းနေသလို နေမကောင်းဖြစ်နေတဲ့ ဂိုးသမား ဆွမ်းမားနဲ့ အယ်ဗီဒီတို့လည်း ဒီပွဲမှာ ကစားလာနိုင်တော့မှာဖြစ်ပါတယ်။ ရှာကာနဲ့ ဖရယ်လာတို့အထိုင်ချထားတဲ့ ကွင်းလယ်က အဝေးကန်ချက်ပေးပို့မှုတွေနဲ့ ကောင်တာကစားဖို့ ရှိနေပြီး (၄-၂-၃-၁)ကွင်းလယ်ခံစစ်ပုံစံနဲ့ပဲ ရင်ဆိုင်ဖို့ ရှိနေပါတယ်။ တိုက်စစ်မှုး အမ်ဘိုလိုကို အထောင်ထားပြီး အမှားအယွင်းများတတ်တဲ့ ပေါ်တူဂီခံစစ်မှာ အခွင့်အရေးတွေ ရရှိလာနိုင်ဖို့ မျှော်လင့်ရပါတယ်။
📈ကြေးဖွင့်လှစ်မှု
ပေါ်တူဂီဘက်ကနေ (၁+၉၀)ဆိုပြီး စတင်ထားပါတယ်။ ဂိုးပေါင်းကတော့ (၂-၄၀)ဖြစ်ပါတယ်။ ဆွစ်ဇာလန်ဟာ ဘရာဇီးကိုတောင် မိနစ်(၈၀)အထိ အကောင်းဆုံးခုခံနိုင်ခဲ့တာမို့ ရော်နယ်ဒိုတို့အဖွဲ့ မိနစ်ကိုးဆယ်အတွင်း အနိုင်ရပါ့မလားလို့ စိုးရိမ်ချင်စရာ ကြေးမျိုးဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ကွင်းလယ်မှာပဲ အိုင်နေမယ့် ကစားကွက်တွေနဲ့ ကစားတတ်ကြတဲ့နှစ်သင်းဖြစ်တာမို့ ဂိုးပေါင်းကြေးကလည်း ပျော့နေတာဖြစ်ပါတယ်။ မူလတည်ကြေးကနေ တွက်ကြည့်ရင် ဂိုးပေါင်းကတော့ ပြား၃၀လောက်မြင့်လာတာ တွေ့ရတာမို့ နှစ်ဖက်သွင်းဂိုးတွေကို မြင်ရနိုင်ချေလည်း မြင့်မားနေပါတယ်။
📝 သုံးသပ်ချက်
ကြေးအရကြည့်ရင် မိနစ်ကိုးဆယ်အတွင်း ပေါ်တူဂီအနိုင်ရဖို့ခက်နေတဲ့သဘောတွေ့ရပါတယ်။ (၁-၁)ဆိုတာမျိုးကို နှပ်ကြောင်းပေးထားတဲ့သဘောပါ။ ဒါပေမယ့် သရေကျပြီး ပင်နယ်တီထိသွားဖို့ကို ပေါ်တူဂီထက် ဆွစ်ဇာလန်က ပိုကြောက်ပါလိမ့်မယ်။ ပေါ်တူဂီဟာ Penalty Shootout မှာ အကျိုးပေးတတ်တဲ့ အသင်းဖြစ်ပြီး ရော်နယ်ဒိုအပါအဝင် ခံစစ်ကစားသမားတွေထိ ဖိအားကင်းကင်းနဲ့ ပင်နယ်တီကန်တတ်ကြပါတယ်။ ဒါကြောင့် ဆွစ်ဇာလန်အသင်း ဘရာဇီးနဲ့ပွဲကလို သရေခံဆော့ဖို့ထက် ပေါ်တူဂီရဲ့ ခံစစ်အားနည်းမှုကို အသုံးချပြီး တိုက်စစ်ဖွင့်ဖို့ကြိုးစားလာပါလိမ့်မယ်။ ဒါကြောင့် နှစ်ဖက်သွင်းဂိုးများဖို့ အခြေအနေရှိနေပြီး တိုက်စစ်ပိုသာတဲ့ ပေါ်တူဂီကိုပဲ ရွေးချယ်ထားချင်ပါတယ်။
🎯ရွေးချယ်မှု
✅ ပေါ်တူဂီ
✅ဂိုးပေါ်
⚽ခန့်မှန်းရလဒ်
(၂-၁) / (၃-၁)
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။