
2022ကမ္ဘာ့ဖလား ၁၆သင်းရှုံးထွက်အဆင့် ပွဲကြိုသုံးသပ်ချက်
✍️မောင်ရဲတိုက်

⬛ ဂက်ပိုရဲ့ရုန်းအားနဲ့ အမေရိကန်ကို ကျော်ဖြတ်ပြနိုင်မယ့် နယ်သာလန်
◾နယ်သာလန် Vs အမေရိကန်
🟧 နယ်သာလန်
နယ်သာလန်အသင်းအတွက် လက်ရှိမှာ ဒဏ်ရာပြဿနာရယ်လို့ မရှိပါဘူး။ ဒါကြောင့် နည်းပြဗန်ဟား စိတ်ကြိုက်ကစားသမားတွေကို လိုသလိုအသုံးချရုံပါပဲ။ တိုက်စစ်မှာ ဂက်ပိုနဲ့ ဒီပိုင်းကို တွဲဖက်အသုံးပြုလာဖွယ်ရှိပြီး ဒီဂျောင်ဦးဆောင်တဲ့ကွင်းလယ်နဲ့ ဗန်ဒိုက်၊ဒီလစ်တို့နောက်တန်းက တစ်ဖက်က အမေရိကန်တို့ထက် ပိုပြီးတောင့်တင်းနေတယ်လို့ ပြောနိုင်ပါတယ်။ အထူးစောင့်ကြည့်ရမယ့်ကစားသမားအနေနဲ့ ဂက်ပိုကို တွေ့မြင်ရပြီး အဆိုပါPSVတိုက်စစ်မှူးဟာ နယ်သာလန်ရဲ့ ကစားပြီးတဲ့သုံးပွဲလုံးမှာ တစ်ဂိုးစီသွင်းယူပြထားတာလည်း ဖြစ်ပါတယ်။
⬜အမေရိကန်
နောက်ဆုံးအုပ်စုပွဲမှာ ပူလီဆစ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အုပ်စုတက်လာတဲ့ အမေရိကန်ဟာ လက်ရှိမှာ ဒဏ်ရာပြဿနာ အနည်းငယ်ရှိနေပါတယ်။ အီရန်နဲ့ပွဲမှာ ပူလီဆစ်အနည်းငယ်ထိခိုက်သွားသလို ဂျူဗင်တပ်ကွင်းလယ်လူ မက်ကင်နီနဲ့ လူငယ်တိုက်စစ်မှုး ဆားဂျန့်တို့ကလည်း ဒဏ်ရာပြဿနာ ကိုယ်စီရှိနေတာဖြစ်ပါတယ်။ အရေးကြီးတဲ့ပွဲဖြစ်လို့ အဆိုပါကစားသမားတွေ မဖြစ်ဖြစ်အောင် ဝင်ကစားကြဖို့ရှိပေမယ့် သူတို့ရဲ့ လုပ်အားကို အပြည့်အဝမြင်နိုင်ဖို့ခဲယဉ်းပါလိမ့်မယ်။
📈ကြေးဖွင့်လှစ်မှု
ဒီပွဲမှာတော့ နယ်သာလန်ဘက်က သရေရှုံးနဲ့စတင်ကြေးဖွင့်ထားပါတယ်။ ဂိုးပေါင်းကတော့ (၂-၃၀)မှာ စတင်ထားပါတယ်။ ဒီပွဲရဲ့မူလတည်ကြေး (၁+၈၀)ကနေ တွက်ကြည့်ရင် ပြား(၂၀)လောက် နယ်သာလန်ဘက်က ကြေးကျသွားတာကို တွေ့ရပါတယ်။ နယ်သာလန်ထက် ပိုပြီးအင်အားတောင့်တဲ့ အင်္ဂလန်နဲ့တောင် (၀-၀)သရေကစားနိုင်ခဲ့တဲ့ အမေရိကန်ကို နယ်သာလန်တို့ မိနစ်ကိုးဆယ်အတွင်း နိုင်ပါ့မလားလို့ စိုးရိမ်စရာပါပဲ။
📝သုံးသပ်ချက်
နယ်သာလန်က လက်ရှိမှာ ပိုပြီး အင်အားတောင့်တင်းတာ ငြင်းမရပါဘူး။ တိုက်စစ်က တစ်ပွဲကိုနှစ်ဂိုးနှုန်းသွင်းနိုင်နေတာလည်း တွေ့ရမှာပါ။ ဒါပေမယ့် သူတို့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်းက နည်းလွန်းပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဖက်ခံစစ်က ညံ့လွန်းနေလို့သာ ဂိုးတွေရရှိခဲ့တာ ဖြစ်ပြီး အခုလို ခံစစ်ပိတ်ဆော့မယ့် အမေရိကန်ခံစစ်မှာတော့ ဂိုးအသွားအလာ များဖို့မရှိပါဘူး။ အမေရိကန်ကလည်း ကောင်တာသာ ချောင်းကစားမှာမို့ ဂိုးအရနည်းနိုင်ပါတယ်။ ဒီပွဲပြီးရင် ကွာတားမှာ အာဂျင်တီးနားနဲ့ တွေ့နိုင်ဖွယ်ရှိတာကြောင့် တစ်ဂိုးရတဲ့အသင်းက ကစားအားချပြီး ထိန်းဆော့မယ့်အခြေအနေပါ။ ဒါကြောင့် ဒီပွဲရဲ့ အကောင်းဆုံးရိုက်ကွက်အနေနဲ့ ဂိုးအောက်ကိုသာ တွေ့မြင်ရပါတယ်။
✅ရွေးချယ်မှု
နယ်သာလန် ဂိုးအောက်
⚽ခန့်မှန်းရလဒ်
(၁-၀)/ (၀-၀)

⬛ မက်ဆီပေးတဲ့ မျှော်လင့်ချက်ကို ဆက်လက်ထွန်းတောက်စေဦးမယ့် အာဂျင်တီးနား
🟦အာဂျင်တီးနား
အာဂျင်တီးနားတို့ ပထမပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် နောက်နှစ်ပွဲမှာတော့ အားလုံးမျှော်လင့်နေတဲ့ ခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။ ဆော်ဒီနဲ့ ရှုံးပွဲဟာ အာဂျင်တိုင်းတို့ကို တပ်လှန့်လိုက်သလိုဖြစ်စေပြီး ကျန်ပွဲတွေမှာ အမှားအယွင်းမပြုမိအောင် သတိပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။ မက်ဆီရဲ့ ရုန်းကန်နိုင်စွမ်းကို အနိုင်ရတဲ့နှစ်ပွဲလုံးမှာ တွေ့မြင်ခဲ့ရပြီး ကျန်အသင်းဖော်တွေရဲ့ အာရုံစူးစိုက်နိုင်စွမ်းကလည်း တစ်ပွဲထက်တစ်ပွဲ ပိုပြီး ကောင်းမွန်လာတာတွေ့ရပါတယ်။
🟥 ဩစတြေးလျ
ဩစတြေးလျကတော့ ပြင်သစ်ကို (၄-၁)နဲ့ရှုံးနိမ့်ခဲ့ရာကနေ ကျန်နှစ်ပွဲကို အနိုင်ရခဲ့လို့ ဒီအဆင့်ကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့ခံစစ်က ဒိန်းမတ်၊ တူနီးရှားတို့ကို ဂိုးမပေးခဲ့ရဘူးဆိုပေမယ့် တိုက်စစ်ကောင်းတဲ့ ပြင်သစ်နဲ့အတွေ့မှာတော့ လေးဂိုးထိပွင့်ထွက်သွားခဲ့တာကို သတိပြုဖို့ကောင်းပါတယ်။ ဒီညမှာတော့ မက်ဆီ၊ အယ်လ်ဗာရက်၊ ဒီမာရီယာတို့ရဲ့ တိုက်စစ်ကို ကောင်းကောင်းခုခံနိုင်ဖို့ သားပိုက်ကောင်တို့ အိမ်စာကောင်းကောင်းလုပ်ထားမှ အဆင်ပြေပါလိမ့်မယ်။
📈 ကြေးဖွင့်လှစ်မှု
ဒီပွဲမှာတော့ အာဂျင်တီးနားဘက်ကနေ (၂+၄၀)နဲ့စတင်ထားပါတယ်။ ဂိုးပေါင်းကတော့ (၃+၈၀)မှာရှိနေပါတယ်။ ဘော်ဒီကြေးဟာ မူလတည်ကြေး ၂=ကနေ ပြားငါးဆယ်ခန့်ကျလာတာဖြစ်ပြီး ဂိုးပေါင်းကတော့ (၃+၃၀)ကနေ ပြားငါးဆယ်ကျလာပြန်တာဖြစ်ပါတယ်။ ဘော်ဒီရော ဂိုးပေါင်းရော အတူတူကျဆင်းလာပုံအရ အောက်အသင်းဘက်က ဂိုးရနိုင်ချေနည်းကြောင်း ညွှန်ပြနေပြီး ဒေတာတွေအရလည်း ဒီညမှာ ဩစတြေးလျရဲ့ တစ်ဂိုးရနိုင်ချေဟာ ၅%အထိနိမ့်ဆင့်နေတာကိုတွေ့ရပါတယ်။
📝 သုံးသပ်ချက်
အာဂျင်တီးနားဟာ ဆော်ဒီနဲ့ပွဲမှာရှုံးခဲ့ပြီးနောက် ဘယ်ပြိုင်ဘက်ကိုမှ ပေါ့ပေါ့တန်တန် သဘောမထားရဲတော့ဘဲ ပွဲတိုင်းကို နောက်ဆုံးမိနစ်အထိ သတိကြီးစွာ ချဉ်းကပ်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ဦးဆောင်ဂိုးတစ်ဂိုးရပြီး ဝေ့ဝဲနေတာမျိုး လုပ်တော့မှာမဟုတ်ဘဲ အနိမ့်ဆုံးနှစ်ဂိုးပြတ်နဲ့ စိတ်ချရတဲ့အထိ ပွဲဖြတ်ထားမယ်လို့ ယူဆရပါတယ်။ ဩစတြေးလျကတော့ ခံစစ်ကိုကြံ့ကြံ့ခံရင်း အခွင့်အရေးကို စောင့်ကစားနေမှာဖြစ်ပေမယ့် ခဲမှန်ဖူးတဲ့ စာသူငယ်လို သတိကြီးကြီးထားမယ့် အာဂျင်ခံစစ်မှာတော့ အခွင့်အရေးများများရမယ် မထင်ပါဘူး။ အာဂျင်တီးနားအသင်းရဲ့ ဒီညမှာ အနိမ့်ဆုံးနှစ်ဂိုးရနိုင်ချေက ၆၆%ထိရှိနေတာမို့ ဘော်ဒီအပေါ်၊ဂိုးအောက်နဲ့ပဲ သွားသင့်တဲ့ပွဲလို့ ယူဆမိပါတယ်။
✅ရွေးချယ်မှု
အာဂျင်တီးနား
ဂိုးအောက်
⚽ခန့်မှန်းရလဒ်
(၂-၀)
အားလုံးအောင်ပွဲဆင်နိုင်ကြပါစေ