2022ကမ္ဘာ့ဖလား ၁၆သင်းရှုံးထွက်အဆင့် ပွဲကြိုသုံးသပ်ချက်

✍️ မောင်ရဲတိုက်

⬛ အပြာ‌ရောင်ဆာမူရိုင်းတို့ မထင်မှတ်ထားတာတွေ လုပ်ပြနိုင်ဦးမလား 

▪️ ဂျပန် Vs ခရိုအေးရှား 

🟦ဂျပန် 

ဂျပန်ဟာ ဂျာမနီ၊ စပိန်တို့လို အသင်းကြီးတွေကို တူညီတဲ့ရလဒ်နဲ့ ကျော်ဖြတ်ကစားခဲ့ပြီး အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့ပါတယ်။နည်းပြ မိုရီယာဆူရဲ့ Super Subတွေနဲ့ နည်းဗျူဟာအပြောင်းအလဲ လုပ်နိုင်စွမ်းက နေဝန်းနီတို့ကို ဒီအဆင့်အထိ ရောက်လာစေခဲ့ပါပြီ။ လက်ရှိအသင်းလူစာရင်းမှာ နောက်ခံလူ အီတာကူရာ ပွဲပယ်ခံထားရပြီး ညာတောင်ပံက ကူဘိုဒဏ်ရာရနေတဲ့ အခြေအနေတော့ရှိပါတယ်။ ဒါပေမယ့် ဂျပန်နည်းပြရဲ့ ကစားကွက်ကြွယ်ဝမှုနဲ့ ကစားသမားတွေကို လိုသလိုအသုံးပြုနိုင်မှုကြောင့် အခက်အခဲရှိမယ်တော့ မထင်ပါဘူး။

🟥ခရိုအေးရှား 

မနှစ်က ဒုတိယရထားတဲ့ ခရိုအေးရှားဟာ ဘယ်ဂျီယံနဲ့ပွဲမှာ လူကာကူရဲ့ လက်ဆောင်ဂျင်းတွေကြောင့် ဒီအဆင့်ကိုရောက်ရှိလာနိုင်ခဲ့တာဖြစ်ပါတယ်။ ၃၇နှစ်သားမိုဒရစ်ကို ထောက်တိုင်အဖြစ်အသုံးပြုနေရတဲ့ ခရိုအေးရှားဟာ ကွင်းလယ်စီးမိုးမှု၊ တိုက်စစ်-ခံစစ်အလွယ်တကူပြောင်းလဲနိုင်မှုမှာ အားရစရာကောင်းပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို အသားပေးတဲ့ အသင်းတွေနဲ့တွေ့ရင်တော့ လုပ်ရကိုင်ရခက်သွားတတ်တာကို မော်ရိုကိုနဲ့ပွဲမှာတွေ့ခဲ့ရပါတယ်။ ပွဲကြီးတွေဆက်တိုက်ကန်လာရပြီး အသက်အရွယ်ရနေတဲ့ အဓိကကစားသမားတွေကြောင့် ဂျပန်အသင်းကို အင်ပြည့်အားပြည့်နဲ့ ရင်ဆိုင်နိုင်ဖို့ မလွယ်လောက်ပါဘူး။

📈ကြေးဖွင့်လှစ်မှု 

လက်ရှိမှာတော့ ခရိုအေးရှားဘက်က သရေ၇၀ရှုံးနဲ့စတင်ထားပြီး ဂိုးပေါင်းမှာတော့ (၂-၄၀)မှာစတင်ထားပါတယ်။ ဘော်ဒီကြေးက (၁+၉၀)ကနေ အတော့်ကိုကျလာတာဖြစ်ပြီး ဂျပန်အသင်းရဲ့ သရေခံကန်နိုင်စွမ်းကြောင့် အခုလို ကျဆင်းလာရတယ်လို့ မြင်မိပါတယ်။ ဂိုးပေါင်းကြေးကပျော့နေတယ်ဆိုပေမယ့် ဒီညမှာ ဂျပန်ရဲ့ တစ်ဂိုးရနိုင်ချေ၄၃%၊ ခရိုအေးရှားရဲ့ တစ်ဂိုးရနိုင်ချေ၇၄%တို့ရှိနေတာကို ကြည့်ရင် (၁-၁)တော့ အနိမ့်ဆုံးဖြစ်နိုင်နေတာတွေ့ရပါတယ်။

📝 သုံးသပ်ချက် 

ခရိုအေးရှားရဲ့ ကွင်းလယ်လုပ်အားကောင်းတာမှန်ပေမယ့် အသင်းလိုက်ကစားဟန်မှာတော့ ဂျပန်ကအနည်းငယ်သာနေပါတယ်။ ဒါပေမယ့် ဂျပန်ခံစစ်ကတော့ ပွဲတိုင်းဂိုးပေးနေရပြီး comebackတွေ ကောင်းလို့သာ အသက်ရှုချောင်နေတာပါ။ ခရိုအေးရှားခံစစ်ကလည်း တောင့်တင်းလွန်းနေတာမဟုတ်ဘဲ မာကင်ယူတဲ့နေရာမှာ အတော်လိုပါသေးတယ်။ ဒါပေမယ့် တိုက်စစ်က ရလာတဲ့အခွင့်အရေးကို ပီပီပြင်ပြင်အသုံးချတဲ့နေရာမှာ တစ်ပန်းသာနေတဲ့ ဆာမူရိုင်းတို့ အနိမ့်ဆုံးသရေကစားနိုင်သလို နိုင်ရင်တောင် နိုင်သွားလို့ရနေတာမို့ ဂျပန်ကိုပဲ ရွေးချယ်ချင်ပါတယ်။

🎯ရွေးချယ်မှု 

✅ ဂျပန် 

✅ ဂိုးပေါ် 

⚽ခန့်မှန်းရလဒ် 

(၁-၁)/ (၂-၁)

⬛ ဆမ်ဘာတွေကို ရပ်တန့်ဖို့အထိတော့ မလုံလောက်သေးတဲ့ ကိုရီးယား 

◾ဘရာဇီး Vs ကိုရီးယား 

🟨 ဘရာဇီး 

နောက်ဆုံးပွဲမှာ အရန်ကစားသမားတွေနဲ့ ပွဲထုတ်ရင်း ဆမ်ဘာတို့ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဂိုးကန်သွင်းခွင့် ၂၁ကြိမ်အထိရရှိခဲ့တာကြည့်ရင် ကံခေတယ်လို့ပဲ ပြောရမှာပါ။ ဒီညမှာတော့ လူအင်အားအစုံအလင်နဲ့ ပွဲထုတ်လာနိုင်ဖွယ်ရှိလို့ အင်အားတောင့်တင်းနေမှာပါ။ နေမာမပါဝင်နိုင်သေးတာကလွဲရင် ဘရာဇီးရဲ့ ပွဲထွက်ကစားသမားအားလုံး အင်ပြည့်အားပြည့်နဲ့ရှိနေပါတယ်။ ကောင်တာနဲ့ ပြေးအားကို အဖော်ပြုပြီး ဂိုးသွင်းတတ်တဲ့ ကိုရီးယားကြောင့် စိတ်ချလက်ချ တိုက်စစ်ဆင်ဖို့ထက် ဘောလုံးမဆုံးရှုံးရအောင်သာ အဓိကထားပြီး ကစားရမယ့်အခြေအနေပါ။ ဒါကြောင့် သီယာဂိုဆေးလ်ဗား၊ မာကွင်ဟိုတို့ သတိကြီးစွာထားရမှာဖြစ်ပြီး ကက်စမဲရိုးနဲ့ဖရက်ဒ်တို့ ကွင်းလယ်မှာတင် ပိတ်ဆို့ထားနိုင်မှ အဆင်ပြေပါလိမ့်မယ်။ တိုက်စစ်မှာတော့ RRVအတွဲကို ‌တွေ့ရမှာဖြစ်ပြီး ရာဖင်ဟာ၊ ဗီနီးရှက်တို့ရဲ့ ဘယ်ညာတောင်ပံတွေက ကိုရီးယားခံစစ်ကို ကောင်းကောင်းကြီးမွှေနှောက်နိုင်စွမ်းရှိပါတယ်။

🟥ကိုရီးယား 

တောင်ကိုရီးယားအသင်းဟာ ဟွမ်ဟီချန်းရဲ့ နောက်ကျဂိုးနဲ့ ဒီအဆင့်ကို ဖြတ်ကျော်လာနိုင်ခဲ့ပါတယ်။ ကပ္ပတိန်ဆွန်ကို အားထားနေရပြီး သူ့ကြောင့်ပဲ ‌ဒီအဆင့်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကစားကွက်အရတော့ အသင်းကြီးတွေကို ယှဉ်နိုင်ဖို့လိုပါသေးတယ်။ ပေါ်တူဂီရဲ့ အရန်ကစားသမားတွေ‌နဲ့တောင် ခဲရာခဲဆစ်ယှဉ်ဆော့နေရတာကို ကြည့်ရင် ဆမ်ဘာတွေကို အံတုနိုင်ဖို့တော့ ကံတရားရဲ့ဖေးမမှုနဲ့သာ ဖြစ်နိုင်ပါလိမ့်မယ်။အုပ်စု(၃)ပွဲမှာ လေးဂိုးအထိပေးထားရသလို သူတင်ကိုယ်တင်ကစားရင် ဂါနာကိုတောင် မရင်ဆိုင်နိုင်တာက လက်ရှိကိုရီးယားရဲ့ အခြေအနေအမှန်ဖြစ်ပါတယ်။ စိတ်ဓာတ်တစ်ခုတည်းနဲ့ ကစားဖို့ဆိုရင် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ရုံတော့ အဆင်ပြေနိုင်ပေမယ့် ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံးအသင်းနဲ့အတွေ့မှာတော့ သရေခံကစားနိုင်ဖို့သာ အားထုတ်ရဖို့ရှိပါတယ်။

📈ကြေးဖွင့်လှစ်မှု 

ဘရာဇီးဘက်က (၂+၆၀)နဲ့စတင်ထားပါတယ်။ ဂိုးပေါင်းကတော့ (၃+၆၀)ဖြစ်ပါတယ်။ ဘရာဇီးနိုင်မှာ သေချာနေသည့်တိုင် နှစ်ဂိုးပြတ်မှာလားဆိုရင်တော့ အဖြေက ဝေ့ဝဲသွားပါပြီ။ ဒီကြေးတွေဟာ မူလတည်ကြေးကနေ ၅ပြားလောက်သာ ကျလာတာဖြစ်လို့ နှစ်သင်းစလုံးမှာ ထူးခြားတဲ့အပြောင်းအလဲတွေ ရှိမနေပါဘူး။ အချက်အလက်တွေအရ ဘရာဇီးရဲ့ အနိမ့်ဆုံးနှစ်ဂိုးရနိုင်ချေက ၆၈%အထိရှိနေပြီး ကိုရီးယားဘက်က တစ်ဂိုးရနိုင်ချေက ၆%ပဲရှိပါတယ်။ ကင်မရွန်းကို မထော်မနန်းတစ်ဂိုးပေးလိုက်ရပေမယ့် လူစုံပြန်ပါလာမယ့် ဘရာဇီးခံစစ်မှာတော့ ကိုရီးယားတို့ အခွင့်အရေးရဖို့ မလွယ်တဲ့အနေအထားပါ။

📝သုံးသပ်ချက် 

ဘရာဇီးကောင်းလွန်းနေတာကို ငြင်းမရသလို ကိုရီးယားကလည်း ကောင်းကောင်းကြီး ခုခံလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘရာဇီးဟာ လူအင်အားစုံလင်သလို စကေးကြွယ်တဲ့ကစားသမားတွေကြောင့် တစ်မျိုးပြီးတစ်မျိုး တိုက်စစ်ဆင်လာမှာဖြစ်ပြီး ဒါကို ရေရှည်ခုခံဖို့တော့ ကိုရီယားအတွက် မလွယ်ကူနိုင်ပါဘူး။ နှစ်ဂိုးပြတ်ဖို့လိုနေတယ်ဆိုပေမယ့် ကစားကွက်အသာစီးရယူပြီး အပေါ်စီးကနေကြည့်နေရမယ့် ဘရာဇီးက စွန့်စားရကျိုးနပ်စေပါလိမ့်မယ်။

🎯ရွေးချယ်မှု 

✅ဘရာဇီး 

✅ဂိုးပေါ်

⚽ ခန့်မှန်းရလဒ် 

(၃-၁)/ (၃-၀)

Facebook Comments Box
Facebook Comment