
2022ကမ္ဘာ့ဖလား ၁၆သင်းရှုံးထွက်အဆင့် ပွဲကြိုသုံးသပ်ချက်
✍️မောင်ရဲတိုက်

⬛ လက်ရှိချန်ပီယံပြင်သစ်ကို လီဝန်ဒေါစကီးတို့ အခက်တွေ့စေနိုင်မလား
◾ပြင်သစ် Vs ပိုလန်
🟦 ပြင်သစ်
တူနီးရှားနဲ့ပွဲတုန်းက အနားရထားတဲ့ ပထမကစားသမားတွေကို နည်းပြဒက်ချမ့် ပြန်အသုံးပြုလာပါလိမ့်မယ်။ဂိုးသမား လောရစ်၊ နောက်တန်းမှာ ဗာရန်းနဲ့ အူပါမီကာနို၊ ကွင်းလယ်မှာ ရာဘီရော့နဲ့ တချူအာမန်နီ၊ တိုက်စစ်မှာအမ်ဘာပေ ဂရစ်ဇမန်းနဲ့ ဂျီရူးဒ်တို့ ပါဝင်နေမယ့် ပြင်သစ်လူစာရင်းက တောင့်တင်းနေတာ ငြင်းမရပါဘူး။အထူးသဖြင့် အမှားခံလို့မရတဲ့ပွဲမှာ အမ်ဘာပေတို့ ရှယ်ရုန်းပြလာခဲ့ရင် ပိုလန်ခံစစ် ဟန့်တားဖို့မလွယ်ပါဘူး။
⬜ပိုလန်
တစ်ပွဲသာအနိုင်ရခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် ပိုလန်တို့ ဒီအဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ တိုက်စစ်မှာ လီဝန်ဒေါစကီးရှိနေတယ်ဆိုပေမယ့် အုပ်စုသုံးပွဲမှာ ဂိုးမသွင်းနိုင်တာ နှစ်ပွဲရှိထားပါတယ်။ ဒါပေမယ့် ဂိုးသမားဆက်ဇီနီရဲ့ လက်စွမ်းပြမှုကြောင့် သုံးပွဲမှာ clean sheetကလည်း နှစ်ပွဲပါ။ ဒီဂိုးသမားနဲ့ ပိုလန်နောက်တန်းတို့ပေါင်းလိုက်ရင် ပြင်သစ်တိုက်စစ်ကို ချွေးပြန်စေဦးမယ့် အနေအထားပါ။ ပြင်သစ်တိုက်စစ်ကို ရသမျှခုခံပြီး လီဝါအားကိုးနဲ့အမှားစောင့်ပြီး ကောင်တာချောင်းကစားကြပါလိမ့်မယ်။
📈ကြေးဖွင့်လှစ်မှု
ပြင်သစ်ဘက်က (၂+၉၀)နဲ့ စတင်ထားပြီး ဒီမနက်မှာတော့ (၁-၈၀)ကိုရောက်နေပါတယ်။ ဂိုးပေါင်းကြေးကတော့(၃+၉၀)မှာ ငြိမ်နေပါတယ်။ ဂိုးပေါင်းကြေးက ငြိမ်နေသလို တစ်လှည့်စီစားနေရတဲ့ ကမ္ဘာ့ဖလားမှာ မနေ့ကနှစ်ပွဲလုံး ဂိုးပေါ်ထားလို့ ဒီညဂိုးအောက်ဝင်မယ်လို့ ကလန်ဒါကျပြောလို့ရပါတယ်။ ဘော်ဒီအနေနဲ့ကတော့ ခုထိ နှစ်ဂိုးပဲပေးထားရသေးတဲ့ ပိုလန်ခံစစ်နဲ့ ပင်နယ်တီနှစ်လုံးကာကွယ်ထားတဲ့ ဂိုးသမားတို့ကြောင့် ပြင်သစ်နှစ်ဂိုးပြတ်ပါ့မလား စိုးရိမ်စရာပါပဲ။
📝 သုံးသပ်ချက်
ပြင်သစ်က တကယ်ဖိဖိစီးစီးကစားရင် နှစ်ဂိုးပြတ်ဖို့မခက်ပါဘူး။ ဥရောပထိပ်သီးကလပ်တွေမှာ ကစားနေတဲ့ ပြင်သစ်ပလေယာတွေကို ချန်ပီယံရှစ်က ပိုလန်ကစားသမားတွေ ယှဉ်ဆော့ဖို့မလွယ်ပါဘူး။ ပြင်သစ်ရဲ့ကစားပုံကရိုးရိုးလေးပါ။ တောင်ပံကနေ ဆွဲလာမယ်၊ လွတ်ရင်ကန်မယ် မလွတ်ရင်တင်မယ်။ ဒါပေမဲ့ ဒီကစားပုံမှာ ဝင်အသုံးတော်ခံနေတဲ့ ကစားသမားတွေက အမ်ဘာပေ၊ ဒမ်ဘီလီတို့လို world classကစားသမားတွေ ဖြစ်နေတာမို့တားဆီးမရဖြစ်နေတာပါ။ ပြင်သစ်အနိုင်သေချာပြီး ဂိုးပြတ်၊မပြတ်ကိုသာ ရင်ခုန်ကြည့်ရမယ့်အနေအထားပါ။
🎯ရွေးချယ်မှု
✅ ပြင်သစ်
✅ ဂိုးအောက်
⚽ခန့်မှန်းရလဒ်
(၂-၀)

⬛ အာဖရိကချန်ပီယံတွေကို အိမ်ပြန်ပို့ပေးဦးမယ့် ခြင်္သေ့သုံးကောင်
◾ အင်္ဂလန် Vs ဆီနီဂေါ
⬜ အင်္ဂလန်
ဘောလုံးဖခင်အသင်း အင်္ဂလန်တို့ကတော့ ခုထိ စင်ပေါ်ကပါပဲ။ ရွေးစရာ လူတွေ အများကြီးရှိနေသလို အရန်အဖြစ်နေနေရတဲ့ ကစားသမားတွေကလည်း first line upနဲ့မခြား စွမ်းဆောင်နိုင်နေတာ တွေ့ရပါတယ်။ သရဲနီကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့က သုံးဂိုးအထိရထားပြီးဖြစ်သလို နောက်တန်းမှာလည်း ခေါင်းကြီးက သူမဟုတ်တော့သလို ကစားပြနေပါတယ်။ ဒီမှာ အထူးသတိထားရမယ့် ကစားသမားက ဟာရီကိန်းဖြစ်ပြီး အင်္ဂလန်ကပ္ပတိန်ကြီးဟာ ဒီကမ္ဘာ့ဖလားမှာ ဂိုးတွေမသွင်းနိုင်သေးပေမယ့် ဂိုးဖန်တီးမှုသုံးကြိမ်အထိ ပြုလုပ်ထားပြီး အသင်းအနိုင်ရရှိရေးကို သူ့ရဲ့တစ်ကိုယ်စာမှတ်တမ်းထက် အလေးထားပေးဆပ်နေတာကို တွေ့မြင်ရပါတယ်။ ပြိုင်ပွဲတစ်ခုထဲမှာတင် ဂိုးဖန်တီးမှုသုံးကြိမ်ရဖူးတဲ့ အင်္ဂလိပ်ကစားသမားဆိုလို့ ဒေးဗစ်ဘက်ခမ်းတစ်ဦးသာရှိသေးပြီး ဘယ်အင်္ဂလန်ကစားသမားမှာ လေးကြိမ်အထိ ဂိုးဖန်တီးမှုမရသေးဘူးလို့လည်း မှတ်တမ်းတွေက ဖော်ပြထားပါတယ်။ဒါကြောင့် ဟာရီကိန်းအနေနဲ့ ဒီညမှာလည်း ဂိုးတွေဖန်တီးနိုင်ဦးမလား၊ ကိုယ်တိုင်ပဲ ဂိုးစသွင်းတော့မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။
🟩 ဆီနီဂေါ
အာဖရိကချန်ပီယံ ဆီနီဂေါတို့ အတွက်တော့ ဒီညမှာ ဒဏ်ရာပြဿနာအနည်းငယ် ရှိနေပါတယ်။ မာဆေးလ်ကွင်းလယ်လူ ဂူရယ်နဲ့ နော်ဝှစ်ကွင်းလယ်လူ ကိုယာတီတို့ ဒဏ်ရာရ၊ ပွဲပယ်ကြောင့် မပါဝင်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ကာတာနဲ့အီကွေဒေါကို အနိုင်ရခဲ့စဉ်က အသုံးပြုခဲ့တဲ့ (၄-၂-၃-၁)ကစားကွက်အစား(၄-၃-၃)ကစားကွက်ကို ပြောင်းလဲရမယ့်အနေအထားပါ။ ဒီကစားကွက်ဟာ နယ်သာလန်ကို (၂-၀)နဲ့ရှုံးခဲ့တုန်းကသုံးခဲ့တဲ့ကစားကွက်ဖြစ်ပြီး နယ်သာလန်ရဲ့ ကစားကွက်စိုးမိုးမှုကို ဟန့်တားနိုင်ခဲ့ပေမယ့် ကွင်းလယ်လုပ်အားတော့အနည်းငယ်လျော့တတ်တာ မြင်ခဲ့ရပါတယ်။ ဒါကြောင့် အာဖရိကချန်ပီယံတို့ အဲ့ပွဲကအမှားတွေကို သင်ခန်းစာယူပြီး ကစားပြနိုင်ဖို့လိုပါတယ်။
📈ကြေးဖွင့်လှစ်မှု
ဒီပွဲမှာတော့ အင်္ဂလန်ဘက်က (၁+၁၀)နဲ့စတင်ထားပြီး ဂိုးပေါင်းကိုတော့ (၂-၄၀)မှာဖွင့်လှစ်ထားပါတယ်။ အာဖရိကချန်ပီယံတွေရဲ့ ခံစစ်မာဂုဏ်ကြောင့် အင်္ဂလန်တို့ ဂိုးပြတ်နိုင်ပါ့မလားစိုးရိမ်ရသလို အခန့်မသင့်ရင် သရေထိဆွဲခေါ်သွားတာလည်း ခံရနိုင်ပါတယ်။ ကူလီဘာလီဦးဆောင်တဲ့နောက်တန်းက အင်္ဂလန်သားတွေကို အခက်တွေ့အောင်လုပ်နိုင်စွမ်းရှိတာကိုလည်း သတိထားသင့်ပါတယ်။ ဈေးကွက်ဖြတ်ကျော်မှုအရ အင်္ဂလန်အသင်းဟာ (-၁)ဝင်ရိုးနဲ့အမေရိကန်နဲ့ပွဲမှာ ဖွင့်လှစ်ခဲ့ပြီး ကြေးမအောင်ခဲ့တာတွေ့ရပါတယ်။
📝 သုံးသပ်ချက်
အင်္ဂလန်အသင်းရဲ့ လက်ရှိကြေးဖွင့်လှစ်မှုအရ တစ်ဂိုးရဖို့ခက်ခဲမယ့်အနေအထားဖြစ်ပြီး ဆီနီဂေါရဲ့ခံစစ်ကို မိနစ်ကိုးဆယ်လုံးတောင့်ခံနိုင်မယ်လို့ တွက်ဆထားပုံပါပဲ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဝင်ရိုးမှာ(၀-၀)နဲ့ကြေးကျခဲ့တာဟာ နည်းပြဆောက်ဂိတ်ရဲ့ ခေါင်းမာမှုကြောင့်သာဖြစ်ပြီး အမှားခံလို့မရတဲ့ ဒီပွဲမှာတော့ မိနစ်ကိုးဆယ်အတွင်း အပြတ်ဖြတ်ဖို့ ကြိုးစားလာပါလိမ့်မယ်။ ဆီနီဂေါကို ခံစစ်မာဂုဏ်နဲ့တွဲမြင်ကြပေမယ့် အုပ်စုသုံးပွဲလုံး ဂိုးပေးထားရတယ်ဆိုတာတော့ မေ့လို့မဖြစ်ပါဘူး။ ကာတာကိုတောင် လက်ဆောင်ဂိုးခွင့်ပြုထားခဲ့တဲ့ သူတို့ခံစစ်မှာ ဟာရီကိန်းကြီး ကြောင်ပျောက်နေမယ်လို့လည်း မထင်မိပါဘူး။ အင်္ဂလန်နဲ့ ဂိုးအောက်ဆို နှစ်ကွက်လုံးဝင်သွားနိုင်မယ့် အနေအထားပါ။
🎯ရွေးချယ်မှု
✅ အင်္ဂလန်
✅ ဂိုးအောက်
⚽ခန့်မှန်းရလဒ်
(၁-၀)/(၂-၀)
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။