2022ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲကြိုသုံးသပ်ချက် 

✍️ မောင်ရဲတိုက်

“ကြေးပြင်းနေပေမယ့် ဆမ်ဘာတေးသွားကိုပဲ ထပ်ဖွင့်ရဦးမယ့်ည”

⬛ ခရိုအေးရှား Vs ဘရာဇီး 

🟥 ခရိုအေးရှား 

ခရိုအေးရှားဟာ ဆူဆူညံညံတွေမပါဘဲ အေးအေးဆေးဆေးနဲ့ တရွေ့ရွေ့တက်လာပါတယ်။ လေးပွဲကစားပြီးရာမှာ မိနစ်ကိုးဆယ်အတွင်းနိုင်တာဆိုလို့ ကနေဒါနဲ့ပွဲသာရှိပြီး မော်ရိုကို၊ ဘယ်ဂျီယံတို့ကို ဂိုးမရှိသရေ၊ ဂျပန်ကို မိနစ်ကိုးဆယ်အတွင်း (၁-၁)သရေနဲ့ ကစားထားတာကြောင့် အားရစရာတော့မရှိပေမယ့် သူ့နည်းသူ့ဟန်နဲ့တော့ ဒီအဆင့်ကိုရောက်လာနိုင်ခဲ့ပါတယ်။တိုက်စစ်က လေးပွဲမှာ နှစ်ပွဲ ဂိုးမရခဲ့သလို ခံစစ်ကလည်း လေးပွဲမှာ နှစ်ပွဲ ဂိုးမပေးထားရပြန်ပါဘူး။ ဒါပေမယ့် သူတို့ခံစစ်က တအားမာကျောနေတာမျိုးမဟုတ်ဘဲ ဘယ်ဂျီယံနဲ့ပွဲမှာ လူကာကူရဲ့ ဂျင်းမည်းရိုက်ချက်တွေကြောင့်သာ သက်သာရာရခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်မှာ မိုဒရစ်၊ ကိုဗာဆစ်၊ ဘရိုဇိုဗစ်တို့ လုပ်အားကောင်းနေလို့ ကြည့်ရမဆိုးပေမယ့် တိုက်စစ်နဲ့ ခံစစ်ကတော့ တစ်ဖက်က ဘရာဇီးနဲ့ယှဉ်ရင် အ‌ပျော်တမ်းအဆင့်သာသာ ရှိပါတယ်။ အထူးသဖြင့် လူကပ်ကစားပုံ၊ နေရာယူပုံညံ့ဖျင်းတဲ့ သူတို့ခံစစ်က နေမာပြန်ပါလာနေပြီဖြစ်တဲ့ ဘရာဇီးတိုက်စစ်ကို ပွဲချိန်ပြည့်ထိန်းချုပ်နိုင်ဖို့ မလွယ်ပါဘူး။

🟨 ဘရာဇီး 

နည်းပြတီတီဟာ ဘရာဇီးတစ်သင်းလုံးကို အားနည်းချက်မရှိရအောင် တတ်နိုင်သမျှ ကြိုးစားပုံဖော်ထားတာတွေ့ရပါတယ်။တိုက်စစ်မှာ ရစ်ချာလီဆန်၊ ရာဖင်ဟာ၊ ဗီနီးရှက်တို့အပြင် နေမာပါ ဝင်ကစားနိုင်နေပြီဖြစ်တာကြောင့် အားရစရာကောင်းနေပါတယ်။ ကွင်းလယ်မှာ ကက်စမဲရိုး၊ ပါကွီတာတို့က double pivotအနေနဲ့ အသုံးတော်ခံနိုင်နေတာလည်း ဖြစ်ပါတယ်။ ဘရာဇီးဟာ လူအင်အားတောင့်တင်းသလို ကစားသမားတွေရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံပြည့်ဝမှုကြောင့် လူစားမလဲဘဲတောင် ကစားကွက်ပြောင်းပြီး ကစားနိုင်တာလည်း တွေ့ရပါတယ်။ ဒါပေမယ့် တစ်ခုသောအားနည်းချက်အဖြစ် နောက်တန်းဘယ်စွန်မှာ ပြဿနာအနည်းငယ်ရှိနေပြီး ဆန်ဒရိုဒဏ်ရာရနေတာကြောင့် ဒန်နီလိုကိုသာ ထည့်သွင်းကစားဖို့ရှိနေပါတယ်။ ဒီကစားသမားဟာ ခံစစ်ညာတောင်ပံမှာ ကစားလေ့ရှိသူမို့ တဲလက်၊ ဆန်ဒရိုတို့အစား LBနေရာမှာ အကောင်းဆုံး ကစားနိုင်ပါ့မလား စိုးရိမ်စရာပါ။ သူ့နေရာက လစ်ဟာနေရင် တိုက်စစ်ဘယ်တောင်ပံဖြစ်တဲ့ ဗီနီးရှပ်တို့ နောက်ကိုဆင်းကူရနိုင်တာမို့ ရာဖင်ဟာရဲ့ ညာတောင်ပံဘက်ကနေသာ တိုက်စစ်ကို တစ်ကြောင်းဆွဲဖွင့်ရနိုင်တဲ့အထိ ဆိုးသွားနိုင်တာလည်း သတိထားရဖို့ရှိပါတယ်။ 

📈 ကြေးဖွင့်လှစ်မှု 

ဒီပွဲရဲ့ မူလတည်ကြေးကတော့ (၁-၅၀)သာဖြစ်ပေမယ့် အခုမှာတော့ (၁-၇၀)အထိကို မြင့်တက်လာနေပြီဖြစ်ပါတယ်။ ဂိုးပေါင်းကတော့ မူလတည်ကြေး (၃+၈၀)ကနေ (၃+၆၅)အထိ ကျဆင်းသွားတာမို့ ခရိုအေးရှားဘက်က ဂိုးပြန်မသွင်းနိုင်မယ့် သဘောကို တွေ့နေရပါတယ်။ အချက်အလက်အရ ခရိုအေးရှားအသင်းရဲ့ တစ်ဂိုးရနိုင်ချေက ၁၀%သာရှိပြီး ဘရာဇီးရဲ့ အနိမ့်ဆုံးတစ်ဂိုးရနိုင်ချေ ၉၁%၊ နှစ်ဂိုးရနိုင်ချေ ၄၇%အထိရှိနေပါတယ်။ 

📝 သုံးသပ်ချက် 

အထက်မှာတင်ပြခဲ့သလို ဘရာဇီးမှာ LBနေရာ ပြဿနာအနည်းငယ်ရှိနေသည့်တိုင် ဘော်ဒီကြေးက ကျမသွားဘဲ ပိုပြင်းလာတာကို တွေ့ရတာကြောင့် ဘရာဇီးရဲ့ အားနည်းချက်ကို ခရိုအေးရှားတို့ အခွင့်အရေးမယူနိုင်မယ့် သဘောကိုတွေ့ရပါတယ်။တကယ်လည်း ခရိုတိုက်စစ်ဟာ အားရစရာမရှိဘဲ ဂိုးပေါက်နားရောက်ရင် ဝေ့ဝဲနေတတ်တာကြောင့် ဘရာဇီးခံစစ်မှုးတွေ အကောင်းဆုံး တုံ့ပြန်ပိတ်ဆို့နိုင်မယ့် သဘောကို တွေ့ရပါတယ်။ဒါ့အပြင် လက်ရှိမှာ လက်လက်ထနေတဲ့ ဘရာဇီးတိုက်စစ်ကို တွေ့မြင်နေရတာကြောင့် ခရိုနောက်တန်းနဲ့တွေ့မှ ကြောင်ပျောက်နေမယ်လို့လည်း မထင်မိပါဘူး။ ကြေးပြင်းနေပေမယ့် ပုံစံကောင်းရနေတဲ့ ချန်ပီယံလောင်းဘရာဇီးကပဲ စွန့်စားရကျိုးနပ်စေပါလိမ့်မယ်။

🎯ရွေးချယ်မှု

✅ ဘရာဇီး 

✅ ဂိုးအောက်

⚽ ခန့်မှန်းရလဒ် 

(၀-၂)

“မိနစ်ကိုးဆယ်အတွင်း နယ်သာလန်ကို အာဂျင်တိုင်းတို့ အနိုင်ရနိုင်ပါ့မလား”

◾နယ်သာလန် Vs အာဂျင်တီးနား 

🟧နယ်သာလန် 

နည်းပြလူးဝစ်ဗန်ဂါးအတွက် လက်ရှိမှာ ဒဏ်ရာရ၊ပွဲပယ်ပြဿနာတွေ မရှိပါဘူး။ ပုံမှန်ပွဲထုတ်နေကျ ကစားသမားအားလုံးကို ဒီပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ဗန်ဒိုက်ဦးဆောင်တဲ့ နောက်တန်းသုံးယောက်ကို CBအဖြစ်ထားပြီး သူတို့ရှေ့မှာ ဒီဂျောင်တို့ကွင်းလယ်လေးယောက်ကို အထိုင်ချကာ ကလာဆန်၊ ဂက်ပို၊ ဒီပိုင်းတို့ရဲ့ တိုက်စစ် trioအတွဲနဲ့ (၃-၄-၁-၂)ကစားကွက်ကို အသုံးပြုလာဖွယ်ရှိပါတယ်။ ဒီကစားကွက်ဟာ ခံစစ်နဲ့တိုက်စစ်ကို ဟန်ချက်ညီအောင် ပုံဖော်ထားတဲ့ကစားကွက်ဖြစ်ပြီး off the ballမှာ တောင်ပံနှစ်ယောက်ဟာ ခံစစ်ကိုဆင်းကူရင်း (၅-၃-၂)ပုံစံပြောင်းပြီး ကစားလေ့ရှိပါတယ်။ ဒါကြောင့် ပြိုင်ဘက်ကစားသမားတွေ တောင်ပံကနေ တောက်လျှောက်ဘောလုံးသယ်ဖို့ ခက်ခဲစေပြီး ဖြတ်တင်ဘောတွေပို့ပြန်ရင်လည်း ဗန်ဒိုက်၊ တင်းဘားတို့လို အရပ်အမောင်းကောင်းတဲ့ ခံစစ်သမားတွေကြောင့် အခွင့်အရေးရဖို့ ခက်ပါလိမ့်မယ်။ အထူးသဖြင့် ကွင်းလယ်မှာ ဖရန်ကီဒီဂျောင်ရဲ့ ခံစစ်၊တိုက်စစ် လိုက်ပါကစားနိုင်စွမ်းက အသင်းရဲ့ tempoကို အတင်အချလုပ်ပေးနေပြီး တိုက်စစ်မှာတော့ ဒီပိုင်း၊ ဂက်ပိုတို့က တစ်ဖက်ခံစစ်ရဲ့ အမှားစောင့်ပြီး ရလာတဲ့ အခွင့်အရေးတိုင်းကို ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတာလည်း တွေ့ရပါတယ်။ 

🟦အာဂျင်တီးနား 

နည်းပြစကာလိုနီအနေနဲ့ အသင်းရဲ့ပွဲထွက်ကစားသမားတွေကို အပြောင်းအလဲလုပ်ဖို့ရှိနေပါတယ်။ ဩစတြေးလျနဲ့ပွဲမှာ မက်ဆီကို အထောင်တိုက်စစ်မှာကစားစေခြင်းဟာ အလုပ်ဖြစ်ခဲ့ပြီး ခြေချင်းဝတ်ဒဏ်ရာကြောင့် ခြေစွမ်းကောင်းကောင်းမပြနိုင်တဲ့ ဒီမာရီယာနေရာမှာ လူငယ်လေး အယ်ဗာရက်က အကောင်းဆုံးကစားပြနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် မက်ဆီ၊ ဂိုမက်ဇ်၊ အယ်ဗာရက်တို့ကို တိုက်စစ်မှာထားပြီး ကွင်းလယ်မှာတော့ ဒီပေါလ်၊ ဖာနန်ဒက်၊ အယ်လစ်စတာတို့နဲ့ အားဖြည့်ဝန်းရံထားဖို့ရှိပါလိမ့်မယ်။ နယ်သာလန်ဟာ အမေရိကန်နဲ့ပွဲမှာ ဖြတ်တင်ဘောတွေနဲ့ အများဆုံးခြိမ်းခြောက်ခဲ့တာကြောင့် အာဂျင်တီးနား နောက်တန်းမှာ သရဲနီပရိသတ်တို့မျှော်လင့်နေတဲ့ မာတီနက်ကို ထည့်ကစားဖို့ နည်းပါလိမ့်မယ်။ ဩစတြေးလျနဲ့ပွဲက သုံးခဲ့တဲ့နောက်တန်းတွေကိုသာ ပြန်လည်အသုံးပြုဖို့ရှိနိုင်တာကိုလည်း တွေ့ရပါတယ်။ (၄-၃-၃)high pressure ပုံစံနဲ့ကစားဖို့ရှိပြီး နာမည်ကြီးပြီး ခြေစွမ်းပျောက်နေတဲ့ ကစားသမားတွေထက် လူငယ်တွေကို စီနီယာgoatကြီးနဲ့ တွဲဖက်ပေးထားပြီး လိမ္မော်ရောင်တွေကို ဒုက္ခပေးဖို့ ပြင်ဆင်ထားကြပါလိမ့်မယ်။ 

📈ကြေးဖွင့်လှစ်မှု 

ဒီပွဲရဲ့ လွန်ခဲ့တဲ့ငါးရက်က မူလတည်ကြေးက အာဂျင်တီးနားဘက်က‌ သရေ(၇၀)ရှုံးနဲ့စတင်ထားတာပါ။ ဒါပေမယ့် ဒီမနက်မှာတော့ သရေ(၅၀)ရှုံးထိ ကျဆင်းလာပြီး မူလက (၂-၄၀)မှာရှိနေတဲ့ ဂိုးပေါင်းကြေးဟာလည်း (၂-၂၀)အထိ ကျဆင်းလာပါတယ်။Correct Score ဈေးကွက်အရ (၁-၁)မှာ ၆ဆနဲ့ အနိမ့်ဆုံးဖွင့်လှစ်ထားပြီး နယ်သာလန်အသင်းရဲ့ တစ်ဂိုးရနိုင်ချေ ၄၄%၊ အာဂျင်တီးနားရဲ့ တစ်ဂိုးရနိုင်ချေ ၆၉%အရ ဒီရလဒ်ဟာ နီးစပ်မှုရှိတာကိုလည်း တွေ့ရပါတယ်။

📝 သုံးသပ်ချက် 

နယ်သာလန်ဟာ တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ ဒီအဆင့်အထိရောက်လာတာ မဟုတ်ဘဲ တစ်သင်းလုံး တာဝန်ကိုယ်စီကျေပွန်ကြရင်းနဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။ နည်းပြဗန်ဟားရဲ့ အတွေ့အကြုံရင့်ကျက်မှု၊ ပွဲဖတ်နိုင်စွမ်းရှိမှုတွေက အာဂျင်နည်းပြ စကာလိုနီထက် ပိုသာနေတာကို‌လည်း တွေ့ရပါတယ်။မက်ဆီကို ရပ်တန့်ဖို့ ကွင်းလယ်နဲ့တိုက်စစ် ဘောလုံချိတ်ဆက်မှုကို ဖြတ်တောက်ဖို့ လိုအပ်ပြီး ဖရန်ကီဒီဂျောင်ရဲ့ လက်ရှိကစားပုံအရ ဒီတာဝန်ကိုကျေပွန်မယ်လို့လည်း မြင်မိပါတယ်။ အသင်းကြီးချင်း တွေ့ဆုံမှုလည်းဖြစ်၊ ဖလားပွဲလည်းဖြစ်တာကြောင့် ဂိုးအောက်ကို အဓိကထားရွေးချယ်သင့်ပြီး ဘော်ဒီအနေနဲ့ မိနစ်ကိုးဆယ်အတွင်း မရှုံးနိုင်တဲ့ နယ်သာလန်ကို လက်တွဲထားကြည့်ချင်ပါတယ်။

🎯ရွေးချယ်မှု 

✅ နယ်သာလန် 

✅ ဂိုးအောက် 

⚽ခန့်မှန်းရလဒ် 

(၁-၁)

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

Facebook Comments Box
Facebook Comment