
တောင်ကိုရီးယားဟာ နောက်ဆုံးကျန်တဲ့ အာရှပေါက်ကောင်ဖြစ်လာဦးမလား
✍️မောင်ရဲတိုက်
၂၀၂၂ကမ္ဘာ့ဖလားရဲ့ အုပ်စုအဖွင့်ပွဲစဉ်တွေ ပြီးဆုံးတော့မယ့်အချိန်ပါ။ ဒီညမှာ အုပ်စု(G)နဲ့ အုပ်စု(H)တို့ရဲ့ ပွဲတွေကစားဖို့ရှိပါတယ်။ ဒါပြီးရင်တော့ အုပ်စု(A)ဆီပြန်ရောက်တော့မှာပါ။ အားလုံးလဲသိတဲ့အတိုင်း Day(3)ကနေစလို့ upsetရလဒ်တွေဟာ မိုးပေါ်ကနေ တဖြုတ်ဖြုတ်ခုန်ဆင်းလာလိုက်တာ Day(4)မှာလည်း တားမရဆီးမရပါပဲ။ အာရှအသင်းဆော်ဒီအာရေဗျက အာဂျင်ကိုအနိုင်၊ ဂျပန်က လေးထပ်ကွမ်းချန်ပီယံ ဂျာမနီကိုအနိုင်ဆိုတော့ ဒီညမှာ နောက်ဆုံးကျန်တဲ့ အာရှအသင်းလည်းဖြစ်၊ ရှေ့ကအာရှနှစ်သင်းထက် ပိုပြီးတောင့်တောင့်တင်းတင်းရှိတဲ့ ကိုရီးယားကို အားလုံးမျက်စိကျမိနေမယ်ထင်ပါရဲ့။
ဥရုဂွေးဆိုတာကလည်း အာဂျင်၊ ဂျာမန်တို့လောက် လက်လက်ထနေတာမှ မဟုတ်တာ။ ဒီတော့ အာရှပေါက်ကောင်တွေထဲ ဆွန်ကလေးတို့ ကိုရီးယားကိုပါ ထည့်တွက်ရတော့မှာလားပေါ့။ အခုချိန်မှာ အဲ့ဒီမေးခွန်းက breaking newsဖြစ်နိုင်ပါတယ်။ ဒီည ဘရာဇီးအတွက် နေမာဘယ်နှစ်ဂိုးသွင်းမှာလဲ၊ အန်တိုနီကရော တစ်ယောက်တည်း 360တွေလှည့်ပြနေဦးမှာလား၊ အမေရိကဇုန်အသင်းတွေထဲ အီကွေဒေါတစ်သင်းပဲ (၃)မှတ်ရထားသေးတာ တကယ်လား၊ ရေပန်အစားဆုံးအသင်း(၆)သင်းမှာ ဂိုးပြတ်နိုင်ပွဲရထားတဲ့လေးသင်းက ဥရောပအသင်းတွေချည်းဖြစ်နေတယ်တဲ့လား စတဲ့မေးခွန်းတွေထက် တောင်ကိုရီးယားက ဥရုဂွေးကိုဖြတ်ကျော်ပြီး အာရှဂုဏ်ဆောင်သွားနိုင်မလားဆိုတဲ့မေးခွန်းကိုပဲ စာဖတ်သူတို့ စိတ်ဝင်စားနေကြမယ်ထင်ပါရဲ့။ ဒါဆိုရင်လည်း အဲ့ကနေပဲ စသွားကြည့်ကြတာပေါ့။

⬛ ဥရုဂွေး Vs တောင်ကိုရီးယား (၇:၃၀)
ကမ္ဘာ့ဖလားမစခင်က ဗိုလ်လုပွဲတက်မယ့်နှစ်သင်းကို ပြောပါဆို လူတိုင်းပါးစပ်ဖျားမှာ ဘရာဇီးနဲ့ အာဂျင်တီးနားဆိုပြီး ပြောခဲ့ကြမယ်ထင်ပါရဲ့။ နှစ်သင်းလုံးမဟုတ်တောင် တစ်သင်းသင်းတော့ငြိခဲ့မှာပေါ့။ ကျွန်တော်လည်း အဲ့လိုဖြစ်စေချင်တာပါပဲ။ ၂၀၀၆ကနေစလို့ အီတလီ၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်ဆိုပြီး ဥရောပအသင်းတွေချည်း တစ်လှည့်စီယူနေကျတဲ့ ဖလားကို ဆမ်ဘာတွေဆီဖြစ်ဖြစ် ဘုရင်ကြီးမက်ဆီတို့ဆီဖြစ်ဖြစ် ရစေချင်ခဲ့မိပါတယ်။ ဒါပေမယ့် အခုချိန်ထိ အီကွေဒေါကလွဲရင် တောင်အမေရိကရော မြောက်အမေရိကရော မဟန်သေးတာတွေ့ရပါတယ်။ တောင်အမေရိကဇုန်မှာဆို အီကွေဒေါတစ်သင်းထဲ အနိုင်(၃)မှတ်စုဆောင်းနိုင်သေးတာဖြစ်ပြီး ကျန်အသင်းတွေကတော့ ခုထိကို အနိုင်မရသေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာကစားမယ့် ဘရာဇီးနဲ့ ဥရုဂွေးတို့ တောင်အမေရိကဇုန်ရဲ့ ဂုဏ်ကိုဆောင်နိုင်ဖို့ လိုနေပါပြီ။
ဥရုဂွေးက ၁၅နှစ်လောက် နည်းပြအဖြစ်ကိုင်တွယ်လာတဲ့ တာဗာရက်ဇ်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ ထုတ်ပယ်ခဲ့ပါတယ်။ အပြောင်းအလဲလုပ်တာကောင်းတယ်ဆိုပေမယ့် ဟိုနည်းပြက ၁၅နှစ်လောက်ကိုင်လာတာဆိုတော့ နှစ်ရှည်လများချထားခဲ့တဲ့ စီမံကိန်းတွေက ဖရိုဖရဲတွေဖြစ်ကုန်တာပေါ့။ အဲ့မှာ အင်တာမိုင်ယာမီမှာ နည်းပြလုပ်နေတဲ့ ဒီယေဂို အလွန်ဆိုကို နည်းပြအသစ်အဖြစ်ခန့်လိုက်ပါတယ်။ အလွန်ဆိုအတွက်တော့ နိုင်ငံလက်ရွေးစင်အသင်းတစ်သင်းကို ပထမဆုံး ကိုင်တွယ်ရတာပါ။ ဒါပေမယ့် ဒီဘဲနဲ့ ဒီအသင်းက ကံပေးပုံရပါတယ်။ အရင်နည်းပြလက်ထက် ခွက်ခွက်လန်ရှုံးနေတဲ့ ဥရုဂွေးက သူနဲ့လည်းတွေ့ရော ၂၀၂၂မှာကစားရတဲ့ ခြေစစ်ပွဲ၄ပွဲလုံး ဆက်တိုက်တွေချည်းနိုင်ပြီး ခုလိုကမ္ဘာ့ဖလားကိုရောက်လာခဲ့တာပါပဲ။
ဒါပေမယ့် အလွန်ဆိုက ဥရုဂွေးကိုနည်းပြလုပ်တာ အသားမကျသေးတော့ သူ့ရဲ့အကောင်းဆုံးအကွက်ကို မတွက်နိုင်သေးတဲ့ပုံပါပဲ။ တစ်ခါတစ်ခါ ၄-၄-၂ဖြစ်လိုက်၊ ၄-၃-၂-၁ဖြစ်လိုက်နဲ့ မြေစမ်းခရမ်းပျိုးလုပ်နေရတာ တွေ့ရပါတယ်။ ခက်တာက သူတို့တွေ့တဲ့ပြိုင်ဖက်တွေက နိမ့်လွန်းနေတော့ ဘယ်လိုဆော့ဆော့ နိုင်နေတာကို တွေ့ရပါတယ်။ အဲ့တော့ ကစားကွက်စမ်းချင်လို့ အရန်တွေနဲ့ခြေစမ်းပွဲကစားတော့လည်း နိုင်ပြန်ရောပဲ။ နိုင်ဆို သူ့အရန်က ကာဗာနီတို့လို တိုက်စစ်မှုးတွေကိုး။ ဒီကြားထဲ ဗယ်ဗာဒီက ရှယ်ရုန်းပလန်နဲ့ ကစားပြနေတော့ ကျန်တဲ့အသင်းဖော်တွေပါ ရောပျော်ရင်း ဂိုးတွေသွင်းကြ၊ နိုင်လိုက်ကြဖြစ်နေကြတာပေါ့။
တောင်ကိုရီးယားဘက်ကို ကြည့်မယ်ဆို အားလုံးသိချင်တဲ့မေးခွန်းက ဆွန် ဒီညကစားမှာလား ဆိုတာပါပဲ။ ဒီမေးခွန်းက ကျွန်တော်တင်မဟုတ်ဘူး၊ သူတို့နည်းပြတောင် ခုထိဝေခွဲမရဖြစ်နေတုန်းပါ။ ၂၀၁၈တုန်းက ဂျာမနီနဲ့ တစ်အုပ်စုထဲကျပြီး အဖွင့်ပွဲမှာ အသေကိုရုန်းကန်ခဲ့လို့ ဂျာမနီကို အနိုင်ရခဲ့ပေမယ့် အဲ့ပွဲမှာ ရေကုန်ရေခမ်းကစားလိုက်ရတော့ နောက်ပွဲတွေမှာ အတော်ရုန်းကန်ခဲ့ရပြီး ၁၆သင်းနဲ့လှည့်ပြန်ခဲ့ရပါတယ်။ ဒါကြောင့် ဒဏ်ရာပြဿနာတွေရှိသေးတဲ့ ဆွန်ကို ပွဲဦးထွက်မှာ အပြည့်အဝသုံးဖို့ ခက်ခဲစေမှာပါ။ ဒါပေမယ့် ကိုရီးယားရဲ့ လက်တလောခံစစ်စုဖွဲ့မှုက အကောင်းဆုံးအနေအထားမှာ ရှိနေတာမို့ ခံစစ်ကို အားပြုကစားရင်း အနိမ့်ဆုံးသရေတော့ ပုံဖော်နိုင်ဖို့ ပြင်ဆင်ထားမှာပါ။ ကြေးဖွင့်လှစ်မှုအရ ဥရုဂွေးဘက်က (၁+၅၀)နဲ့ စတင်ထားသလို ဂိုးပေါင်းကြေးမှာတော့ (၂-၅၀)ခန့်မှာ ဖွင့်လှစ်ထားပါတယ်။ ကမ္ဘာ့ဖလားပွဲတွေမှာ လက်တလောကြွေအရ အာရှအသင်းတွေနဲ့အတူ comebackတွေ ဈေးကောင်းရနေပေမယ့် ဒီပွဲမှာတော့ ဥရုဂွေးဘက်ကနေ စွန့်စားကြည့်ချင်ပါတယ်။
ဥရုဂွေး ⭐⭐

⬛ ဆွစ်ဇာလန် Vs ကင်မရွန်း (၄:၃၀)
ဘရာဇီးပါနေတဲ့ အုပ်စု(G)ရဲ့ ပွဲစဉ်တစ်ခုပါ။ ဒါဟာ ကျန်အသင်းများကို နှစ်ပွဲအတွင်း အမှတ်များများရှာထားရန်ဆိုတဲ့ သတိပေးချက်တစ်ခုလည်းဖြစ်ပါတယ်။ ဆွစ်ဇာလန်က ဒီအုပ်စုမှာ ဘရာဇီးနောက်ကနေ ကပ်လိုက်ပြီး နောက်တစ်ဆင့်ရောက်ဖို့ ထင်ကြေးပေးခံနေရတဲ့အသင်းပါ။ ဘောလုံးမှာ သေချာတဲ့အရာဆိုတာ မရှိဘူးဆိုပေမယ့် အသင်းတိုင်းက သွားနိုင်သမျှ၊ ရောက်နိုင်သမျှ ညှစ်ထုတ်ပြီး သွားကြမယ်ဆိုတာတော့ သေချာပါတယ်။ ဒီနှစ်သင်းမှာ ဆွစ်ဇာလန်ဘက်က လုပ်ရည်ကိုင်ရည်ပိုသာနေတယ်လို့လည်း ပြီးခဲ့တဲ့ပွဲတွေကတစ်ဆင့် တွေ့နိုင်ပါတယ်။ စပိန်၊ ပေါ်တူဂီ၊ ချက်တို့ကို ဆက်တိုက်နိုင်ပြထားပြီး ဂါနာကိုခြေစမ်းပွဲမှာ ပြန်ရှုံးထားတာက ဖိတ်ဖိတ်တောက်နေတဲ့ ရလဒ်မဟုတ်ပေမယ့် ဒီပွဲမှာတော့ ဒီလောက်ဆိုရပြီလို့ နားလည်ပေးလိုက်ရအောင်ပါ။ တိုက်စစ်မှူး အမ်ဘိုလိုပါလာရင် ဂိုးရဖို့မခက်တော့တာတို့ ရှာကာရဲ့ မာမာထန်ထန်ဆွစ်ဇာလန်တို့ကိုသာ ဒီညမှာ မီးဆက်ကူးနိုင်ရင် အဆင်ပြေသွားမှာပေါ့။
ကင်မရွန်းက ချစ်လှစွာသော အာဖရိကအသင်းတွေထဲ ထူးခြားပြီး တောက်ပနေတဲ့အသင်းတော့ မဟုတ်ပါဘူး။ ခံစစ်ကစားချင်းအမှုကို မိသားစုအလုပ်လိုသဘောထားပြီး စိတ်ပါလက်ပါပိတ်ဆို့ကစားတတ်ကြပေမယ့် အဲ့ကြားထဲကကို ဂိုးတွေပြန်ပေးနေရတာဖြစ်ပါတယ်။ တိုက်စစ်ကတော့ ဥရောပမှာကစားနေတဲ့ ကစားသမားတစ်ချို့ပါဝင်နေတာမို့ အနည်းငယ်စောင့်ကြည့်ချင်စရာပါပဲ။ ဆွစ်ဇာလန်က အထောင်တိုက်စစ်မှုးစစ်စစ်ရယ်လို့ မရှိဘဲ အမ်ဘိုလိုရဲ့ လုပ်အားအပေါ်ပဲ ရဂိုးတွေက မှီတည်နေရတာပါ။ ဒါပေမယ့် အထက်ကဆိုခဲ့သလို ဘရာဇီးရဲ့ အုပ်စုတွင်းဖိအားက သူတို့နှစ်သင်းလုံးကို အမှတ်ရသလောက်ယူထားဖို့ တွန်းအားပေးနေမှာပါ။ ကမ္ဘာ့အဆင့်ချင်းကွာခြားနေကြတယ်ဆိုပေမယ့် အကြိတ်အနယ်ရှိလာနိုင်မယ့် ပွဲတစ်ခုဖြစ်လာနိုင်ပြီး ဆွစ်ဇာလန်တို့ဘက်က ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အသာရသွားဖို့များပါတယ်။
ဆွစ်ဇာလန် ⭐⭐⭐

⬛ ပေါ်တူဂီ Vs ဂါနာ
ဒီပွဲကတော့ အုပ်စု(H)ရဲ့ ပွဲစဉ်(၁) နောက်ဆုံးပွဲပါ။ ဥရောပနဲ့ အာဖရိကထိပ်တိုက်တွေ့တဲ့ ဒုတိယမြောက်ပွဲလည်း ဖြစ်ပါတယ်။ ဒီအုပ်စုမှာ ပေါ်တူဂီ၊ ဥရုဂွေး၊ တောင်ကိုရီးယားတို့ပါဝင်နေခြင်းက ဂါနာအတွက် မစားသာပါဘူး။ ပေါ်တူဂီတို့အတွက်လည်း ပွဲကျပ်တွေမလာခင်မှာ ဂါနာကို အမှားအယွင်းမရှိ ဖြတ်ကျော်နိုင်ဖို့လိုအပ်ပါတယ်။ ပေါ်တူဂီမှာ ရော်နယ်ဒိုပါ၊မပါကို ဂရုစိုက်စရာမလိုလှအောင် စုဖွဲ့မှုကောင်းနေတာတွေ့ရပါတယ်။ ပီပီ၊ ကန်ဆယ်လို၊ ရူဘင်ဒီယက်တို့ နောက်တန်းက စိတ်ချထားနိုင်သလို ကွင်းလယ်မှာလည်း ဘရူနိုဖာနန်ဒက်တို့က ပုံစံကောင်းကို ပြသနိုင်မှာပါ။ တိုက်စစ်မှာ ရော်နယ်ဒိုမပါတောင် ယာအိုဖီးလစ်၊ လီယာအိုတို့က ကလပ်အသင်းတွေမှာလည်း ဂိုးမြူးနေတာမို့ ဒီညမှာလည်း ဂိုးပေါက်တွေ့နိုင်မယ်လို့ မျှော်လင့်မိပါတယ်။
ဂါနာအသင်းကတော့2018တုန်းက ခြေစစ်ပွဲမအောင်ခဲ့ပါဘူး။ 2014ကမ္ဘာ့ဖလားတုန်းက ကြယ်နက်တွေဟာ အခုလို ပေါ်တူဂီနဲ့ အုပ်စုအဖွင့်ပွဲမှာတွေ့ဆုံခဲ့ရပြီး ပေါ်တူဂီတို့ကပဲ (2-1)နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကြယ်နက်တို့ အုပ်စုကနေတက်ခွင့်ရဖို့ ပေါ်တူဂီကို ခေါင်းငုံ့မခံကြိုးစားလာမှာဖြစ်ပြီး အောင်မြင်နိုင်မလား စောင့်ကြည့်ရမှာပါ။ ဂါနာရဲ့ လူအင်အားက သေချာပေါက် ပေါ်တူဂီကို မယှဉ်နိုင်ဘူးဆိုပေမယ့် တိုက်စစ်မှာ ရွေးချယ်စရာကစားသမားတွေ အများကြီးရှိနေတာမို့ ပေါ်တူဂီကို clean sheetနဲ့ ကွင်းပြင်ထွက်ခွင့်ပေးမှာမဟုတ်ပါဘူး။ ဒါကြောင့် ပေါ်တူဂီနိုင်ရင်တောင် ဂါနာရဲ့ တစ်ဂိုးကိုဖြတ်ကျော်ပြီးမှ ဖြစ်လာနိုင်ပါလိမ့်မယ်။ 2014တုန်းကလို (2-1)ဆိုတဲ့ရလဒ်က ဒီပွဲမှာလည်း ပြန်ကျနိုင်တာတွေ့ရပါတယ်။ ဂိုးမပြတ်နိုင်တဲ့ ပေါ်တူဂီအစား ဂိုးပေါ်ဘက်က သွားကြည့်ချင်ပါတယ်။
ဂိုးပေါ် ⭐⭐

⬛ ဘရာဇီး Vs ဆားဘီယား
ဘရာဇီးလ်ရဲ့ ဘုန်းတော်ဘွဲ့တွေကို ရေးရမှာလည်း ခပ်လန့်လန့်ရယ်ပါ။ အခုတလော ကျွန်တော်တို့တွေ တစ်ခြမ်းကပ်သွားတဲ့ အသင်းတိုင်း အစားခံနေရတာဆိုတော့ ဂျင်ကြီးနဲ့ ဂျာကြီးတို့နောက် ဘရာဇီးလည်း လိုက်သွားမလား စိုးရပါတယ်။ ဒါပေမယ့်လည်း ပွဲမစခင်မှာတော့ မြင်ထားသိထားတဲ့အတိုင်းပဲ အစီရင်ခံရမှာ ပွဲကြိုတစ်ပုဒ်ရဲ့ တာဝန်ပါပဲ။ ဒီတော့ ဘရာဇီးကို အကန်တွေရေးလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ ဗိုလ်စွဲဖို့ တစ်ပေးခံထားရတဲ့ ဆမ်ဘာရဲတိုက်ကြီးက ဆားဘီးယားလေညင်းလေးမှာ လဲပြိုဖို့တော့ မသင့်လှပါဘူး။
ဒီတော့ ဘရာဇီးနိုင်ပါ့မယ်ပေါ့။ ခက်တာက ကြေးအောင်ပါ့မလားဆိုတဲ့မေးခွန်းပါ။ ဆားဘီးယားကို နှစ်ဂိုးပြတ်နိုင်မလားဆိုတာကိုပါ ထည့်စဉ်းစားမယ်ဆိုရင်တော့ တွေးစရာဖြစ်လာပါပြီ။ ဆားဘီးယားက နောက်ဆုံးကစားတဲ့ ၆ပွဲဆက်မရှုံးထားသလို သွင်းဂိုးကလည်း ၁၈ဂိုးအထိရထားတာမို့ မခေဘူးလို့ဆိုရမှာပါ။ ဒါပေမယ့်သူတို့အနိုင်ရခဲ့တဲ့အသင်းတွေက သူလိုကိုယ်လိုအသင်းတွေပဲမို့ ဘရာဇီးကို အနိုင်ရမယ့်ထိတော့ မမျှော်ကောင်းပါဘူး။ အနီးဆုံးယှဉ်ကြည့်ရရင် ဒိန်းမတ်လိုအသင်းကိုတောင် (၃-၀)နဲ့ အရေးနိမ့်ထားရတဲ့ သူတို့ဟာ ဘရာဇီးကို ကြောင်ပျောက်စေနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့် အဲဒီ့ဘာမဆိုဆိုတာကြီးက ခဏခဏတော့ဖြစ်နေမှာ မဟုတ်ပါဘူး။ အနိမ့်ဆုံးတော့ ဒီလိုပွဲမျိုးမှာ ဖြစ်မလာနိုင်ဘူးပေါ့လေ။ ကျွန်တော် အဲ့လိုယုံကြည်မိပါတယ်။ မတတ်နိုင်ပါဘူး။ ဘရာဇီးကိုပဲ မြန်မာလိုရွေးရမှာပါပဲ။ နေမာရဲ့ဂိုးတွေကို ထကြည့်ဖို့ ကျွန်တော့်ဖုန်းကို အခုထဲက ၁:၃၀မှာ alarmချိန်ထားပြီးပါပြီ။
ဘရာဇီး ⭐⭐⭐
ဒီညအတွက် ကျွန်တော့်ရဲ့ရွေးချယ်မှုတွေက ဒီလိုရှိပါတယ်။
ဘရာဇီး ⭐⭐⭐
ဆွစ်ဇာလန် ⭐⭐⭐
ဥရုဂွေး ⭐⭐
ပေါ်တူဂီ ဂိုးပေါ် ⭐⭐
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။
#soccer88