၈၈နှစ်ကြာ အိမ်ရှင်အသင်းတွေ အဖွင့်လှခဲ့တဲ့ အစဉ်အလာကို ကာတာ ဆက်ထိန်းနိုင်မလား

✍️ မောင်ရဲတိုက်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ဝေဖန်သံတွေ၊ ငြင်းခုန်သံတွေကြားကပဲ လိမ့်ကာလိမ့်ကာနဲ့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အိမ်ရှင်ဖြစ်တဲ့ ကာတာနိုင်ငံရဲ့ conservative ဖြစ်လွန်းတဲ့ ဥပဒေတွေ၊ လာရောက်အားပေးကြတဲ့ ပရိသတ်တွေအဖို့ မြင့်မားလွန်းလှတဲ့ ကုန်ကျစရိတ်တွေ၊ ဖီဖာနဲ့ ကာတာဘောလုံးအဖွဲ့ချုပ်တို့ကြားက အညှီအဟောက်တွေ၊ လုပ်ခလစာများ မတရားခေါင်းပုံဖြတ်ခံရတဲ့အပြင် အလုပ်လုပ်ရင်း အသက်သေဆုံးသည်အထိပါ ဖြစ်ခဲ့ရတဲ့အလုပ်သမားတွေ စတဲ့ကိစ္စတွေနဲ့ ဒီကမ္ဘာ့ဖလားကတော့ အတော့်ကို ရုပ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့လို ဘောလုံးချစ်သူပရိသတ်များကတော့ ဘောလုံးအားကစားကိုချစ်တဲ့စိတ်သက်သက်နဲ့ ဒီလိုပွတ်တိုက်မှုတွေကြားကပဲ ဒီပြိုင်ပွဲကို တခုပ်တရကြီး အားပေးကြရဦးမှာပါပဲ။ ဒါ့အပြင် ကမ္ဘာ့ဖလားတိုင်း တကူးတကစောင့်ကြည့်နေရတဲ့ ဖွင့်ပွဲအစီအစဉ်တွေကိုလည်း စိတ်ဝင်တစားစောင့်ကြည့်ရင်း မမရှာကီရာကိုသာလွမ်း ဖြစ်ကြရဦးမှာပေါ့။ အဲ့နောက်မှာတော့ အုပ်စု(A)ရဲ့ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင်ကာတာအသင်းနဲ့ တောင်အမေရိကဇုန်က အီကွေဒေါအသင်းတို့ ယှဉ်ပြိုင်ကစားကြပုံကို ရှုစားကြရမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ခွင့်ရဖို့ သမာတဲ့နည်း‌ရော မသမာတဲ့နည်းရောနဲ့ပါ ကြိုးစားခဲ့ရတဲ့ အိမ်ရှင်ကာတာအသင်း အုပ်စုဖွင့်ပွဲမှာအခြေအနေကောင်းသွားနိုင်မလား ၊ ဒါမှမဟုတ် အီကွေဒေါအသင်းကပဲ ကျွန်တော်တို့မျက်မုန်းကျိုးနေတဲ့ အိမ်ရှင်ကိုဆုံးမလိုက်မှာလား စသဖြင့် တွေးတောရင်ခုန်စရာပါပဲ။ ဒါကြောင့် ဒီပွဲစဉ်နဲ့ပတ်သက်ပြီး ကျွန်တော့်လေ့လာတွေ့ရှိထားတဲ့အချက်အလက်တွေနဲ့ ဖြစ်နိုင်ဖွယ်ရလဒ်များကို အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားခန့်မှန်းရေးသားကြည့်ချင်ပါတယ်။ ခဏလောက် အချိန်ပေးပြီး ဖတ်ရှု‌ကြည့်ပါဦးဗျ။

🔴ကာတာ

အိမ်ရှင်ကာတာအသင်းရဲ့ ကမ္ဘာ့ဘောလုံးရပ်တည်မှုအဆင့်က (၅၀)ဖြစ်ပါတယ်။ အီကွေဒေါအသင်းကတော့ (၄၄)မှာရှိနေပါတယ်။ ကာတာအသင်းဟာ ၂၀၁၀ခုနှစ်တည်းက အိမ်ရှင်အဖြစ်ရွေးချယ်ခံထားရတာဖြစ်ပါတယ်။ ကာတာဘောလုံးအဖွဲ့ချုပ်ဟာ အဲ့အချိန်ကနေစပြီး သူတို့လက်ရွေးစင်အသင်းကို သွေးသစ်လောင်းနိုင်အောင် အတော့်ကို အားထုတ်ခဲ့ပါတယ်။ ဘာစီလိုနာU19အသင်းကို နည်းပြလုပ်ခဲ့ဖူးတဲ့ စပိန်သားနည်းပြ ဖိလစ်ဆန်းချက်ကို လွန်ခဲ့တဲ့(၅)နှစ်ထဲက လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ကာတာပြည်တွင်းကလပ်တွေမှာ လာရောက်ကစားနေတဲ့ နိုင်ငံခြားသားကစားသမားတွေထဲက ခြေစွမ်းခြေစရှိသူအချို့ကို ကာတာနိုင်ငံသားအဖြစ်ခံယူစေပြီး လက်ရွေးစင်အသင်းမှာ ထည့်ကစားနိုင်ဖို့လည်း ပြင်ဆင်ထားတာဖြစ်ပါတယ်။

လက်ရှိကာတာအသင်းရဲ့တိုက်စစ်မှာ သတိထားစောင့်ကြည့်ရမယ့် ကစားသမားတွေဖြစ်တဲ့ မိုဟာမက် မန်တာရီ၊ အာမက် အလာဒင်နဲ့ အယ်မိုးရက် အလီတို့ဟာ ဂါနာ၊အီဂျစ်နဲ့ ဆူဒန်နိုင်ငံသားတွေဖြစ်ကြပြီး သူတို့ကို ကာတာဘောလုံးအဖွဲ့ချုပ်က ကာတာနိုင်ငံသားခံယူဖို့ ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါကစားသမားတွေထဲမှာ တိုက်စစ်မှုး အယ်မိုရက် အလီနဲ့ မိုဟာမက်မန်တာရီတို့ကို ပြိုင်ဘက်အသင်းတွေအနေနဲ့ အထူးသတိထားဖို့လိုပါတယ်။ အဆိုပါကစားသမားနှစ်ဦးဟာ ကာတာကလပ် အယ် ဒူဟာလီမှာ ကစားနေကြတဲ့ ကစားဖော်တွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးကြား အချိတ်အဆက်မိမိနဲ့ ဂိုးတွေသွင်းယူတတ်တာကြောင့် ပြိုင်ဘက်ခံစစ်ကို အတိုင်းအတာတစ်ခုအထိ ဒုက္ခပေးနိုင်မယ့်သဘောကို အထင်အရှားတွေ့နေရပါတယ်။

ကာတာအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ခြေစမ်းပွဲတွေလည်း အမြောက်အမြားကစားထားသလို ကိုပါအမေရိကဖလားနဲ့ Gold Cupပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေးတာကြောင့် အသင်းကြီးတွေနဲ့ပါ ယှဉ်ကစားဖူးတဲ့အထိ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ယခုရင်ဆိုင်ရမယ့် အီကွေဒေါအသင်းဟာ အုပ်စုတွင်း အားအနည်းဆုံးပြိုင်ဘက်ဖြစ်နေတာကြောင့် ရှုံးထွက်အဆင့်ထိရောက်ချင်ရင် ဒီပွဲကို သေချာပေါက် အနိုင်ရအောင် ကြိုးစားရမှာလည်းဖြစ်ပါတယ်။

🟡 အီကွေဒေါ

အီကွေဒေါအသင်းဟာ တောင်အမေရိကဇုန်ကနေ ခြေစစ်ပွဲအောင်လာခဲ့တာဖြစ်ပြီး ဘရာဇီး၊ အာဂျင်တီးနားတို့ကို သရေ၊ ဥရုဂွေးနဲ့ချီလီတို့ကို အနိုင်ကစားထားနိုင်ခဲ့တာမို့ ခြေစွမ်းက ‌ချီးကျူးစရာပါ။ ဒါပေမယ့် ခြေစစ်ပွဲတွေပြီးတဲ့နောက်မှာကစားတဲ့ ခြေစမ်းပွဲ(၅)ပွဲစလုံးမှာတော့ သွင်းဂိုး(၂)ဂိုးသာရတဲ့အထိ တိုက်စစ်က အသက်မဲ့သွားတာတွေ့ရပါတယ်။ ခံစစ်ကတော့ (၅)ပွဲစလုံးပေးဂိုးမရှိတဲ့အထိ ကျစ်လစ်နေတာမို့ အလေးထားရမှာမှန်ပေမယ့် တိုက်စစ်မှာတော့ ဂိုးသွင်းမှန်တဲ့ တိုက်စစ်မှူးအစစ်မရှိခြင်းက သူတို့ရဲ့ နောက်တစ်ဆင့်အိပ်မက်ကို ခက်ခဲစေနိုင်ပါတယ်။

လူအင်အားစာရင်းမှာတော့ ဘရိုက်တန်အသင်းက ဘယ်တောင်ပံခံစစ်ကစားသမား အက်စတူပီနန်၊ ကွင်းလယ်လူကိုင်ဆယ်ဒိုတို့အပါအဝင် လေဗာကူဆင်၊ အော့စ်ဘတ်၊ ဗယ်လာဒိုးလစ်အစရှိတဲ့ ဥရောပနာမည်ကြီးလိဂ်တွေက ကလပ်အသီးသီးမှာ ကစားနေတဲ့ ကစားသမားတွေပါဝင်နေတာ တွေ့ရပါတယ်။ ဒါကြောင့် အီကွေဒေါဟာ အိမ်ရှင်ကာတာအတွက်တော့ လွယ်လွယ်ကူကူကျော်ဖြတ်နိုင်မယ့် ပြိုင်ဘက်မဟုတ်တာ ထင်ရှားပါတယ်။

အီကွေဒေါအတွက်လည်း ဒီပွဲပြီးရင် နယ်သာလန် ဆီနီဂေါတို့နဲ့ ကစားရဦးမှာမို့ အခုအဖွင့်ပွဲစဉ်ကို အနိုင်ရအောင် ကစားထားနိုင်မှသာ နောက်တစ်ဆင့်တက်ရဖို့ ဖြစ်နိူင်ချေရှိလာမှာပါ။ ဒါကြောင့် ယခုပွဲစဉ်ကို သရေတောင်အဖြစ်ခံမှာမဟုတ်ဘဲ အနိုင်၃မှတ်အတွက် ပြင်ဆင်ထားမှာလည်း ဖြစ်ပါတယ်။

🔹သုံးသပ်ချက်

အိမ်ရှင်ကာတာရော အီကွေဒေါအသင်းရောအတွက် ယခုအဖွင့်ပွဲစဉ်က အရေးကြီးလွန်းလှပါတယ်။ ဒီပွဲမှာ နိုင်တဲ့အသင်းကသာ နောက်တစ်ဆင့် တက်ရဖို့ မျှော်လင့်ချက်ရှိနိုင်တာဖြစ်ပြီး ရှုံးတဲ့အသင်းကတော့ အုပ်စုကနေထွက်ရဖို့ အတော့်ကို သေချာသွားမှာလည်း ဖြစ်ပါတယ်။ ကြေးဖွင့်လှစ်မှုအရ အီကွေဒေါက ကမ္ဘာ့အဆင့် (၄၄)မှာရှိနေပြီး ကာတာထက် အနည်းငယ်သာနေတာကြောင့် ကြေးကျောပေးထားရတဲ့ သဘောကိုတွေ့ရပါတယ်။ ဒါ့အပြင် ဖလားပွဲဖြစ်တာကတစ်ကြောင်း၊ နှစ်သင်းစလုံးရဲ့ လတ်တလောခြေစွမ်းပွဲတွေမှာ ဂိုးအသွားအလာနည်းတာကတစ်ကြောင်းနဲ့ ဂိုးပေါင်းဈေးကတော့ (၂+၃၀)ဝန်းကျင်အထိ ပျော့လွန်းနေတာ တွေ့ရပါတယ်။

👉ရွေးချယ်မှု

၁၉၃၀ကနေစလို့ ၂၀၁၈အထိ ကျင်းပခဲ့ပြီးသော ကမ္ဘာ့ဖလား ၂၁ကြိမ်လုံးမှာ အိမ်ရှင်အသင်းတွေရဲ့ အဖွင့်ပွဲစဉ်တွေဟာ အနိုင်နဲ့သရေသာဖြစ်တည်ထားတာကို တွေ့ရပါတယ်။ ကာတာအသင်းဟာ ခြေစွမ်းနဲ့ အစဉ်အလာပိုင်းမှာတော့ အီကွေဒေါကို မယှဉ်နိုင်ပေမယ့် မိမိမြေမှာကစားရတဲ့ အဖွင့်ပွဲမှာတော့ ရေခံမြေခံအားနဲ့ အနိမ့်ဆုံးသရေတော့ ကြိုးစားပုံဖော်နိုင်မယ်လို့ ယူဆမိပါတယ်။ ဒါ့အပြင် နှစ်သင်းစလုံးအတွက် ဒီပွဲဟာ အရေးပါလွန်းနေတာကြောင့် တစ်ဂိုးစရတဲ့အသင်းက ပွဲကိုထိန်းကစားသွားမယ့်သဘောရှိတာမို့ ဂိုးအောက်ဖို့ကလည်း အတော့်ကို အားကောင်းနေတာတွေ့ရပါတယ်။ ဒါကြောင့် ဤပွဲစဉ်နဲ့ပတ်သက်ပြီး အောက်ပါအတိုင်း ရွေးချယ်ကစားနိုင်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

ကာတာ ဘော်ဒီ ⭐⭐⭐

ဂိုးအောက် ⭐⭐

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

#Soccer88

Facebook Comments Box
Facebook Comment