၂၀၂၀-၂၁ ရာသီမှာ မန်စီးတီးမှာပဲ ဆက်ကစားချင်သည့် ဘာကာပစ်မှတ် အဲရစ်ဂါစီယာ

မန်စီးတီးနောက်ခံလူအဲရစ်ဂါစီယာသည် စာချုပ်သစ်ချုပ်ဆိုမည်မဟုတ်ကြောင်း အတည်ပြုထားသော်လည်း အီတီဟတ်တွင်ပင် ဆက်ကစားလိုကြောင်း အတည်ပြု ပြောကြားလိုက်သည်။

ဘာစီလိုနာအကယ်ဒမီထွက် အဲရစ်ဂါစီယာသည် ၂၀၁၇ ခုနှစ်တွင် မန်စီးတီးသို့ ရောက်လာပြီးနောက် ပြီးခဲ့သည့် ရာသီတုန်းက မန်စီးတီးပထမအသင်းတွင် ပုံမှန် ကစားခွင့် ရရှိခဲ့သည်။ သူသည် မန်စီးတီးနှင့် ၂၀၂၁ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချု်ပဆိုမည်မဟုတ်ကြောင်း တရားဝင်ကြေညာ ထားသည်။ သူသည် ၂၀၁၉-၂၀ ရာသီတုန်းက မန်စီးတီးအတွက် ၂၃ ပွဲအထိ ကစားခွင့်ရရှိခဲ့သည်။

သို့ရာတွင် ၎င်းက “စာချုပ်သက်တမ်းမတိုးချင်ဘူးလို့ ကလပ်ကို ပြောထားတာ အမှန်ပါ။ ဒါပေမယ့် စပိန်နဲ့နိုင်ငံတကာတာဝန်ပြီးတဲ့အခါ မန်ချက်စတာသို့ ပြန်ပါမယ်။ စီးတီးနဲ့အတူ လာမယ့်ရာသီအတွက် အာရုံစိုက်ပါမယ်”ဟု ပြောကြားသွားသည်။

ဘာစီလိုနာသည် အဲရစ်ဂါစီယာအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်း ထွက်ပေါ်နေသော်လည်း ယခုတိုင် တရားဝင် ကမ်းလှမ်းခြင်း မရှိသေးချေ။ မန်စီးတီးအနေဖြင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့သည့် အဲရစ်ဂါစီယာကို လာမည့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးခံမည်မဟုတ်ဘဲ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ရောင်းချသွားရန် သေချာသလောက်ရှိနေသည်။

အဲရစ်ဂါစီယာသည် လာမည့် ဂျာမနီ၊ ယူကရိန်းတို့နှင့် Nations League ပွဲစဉ်များအတွက် စပိန်အသင်းတွင် ရွေးချယ်ခြင်းခံထားရသူဖြစ်သည်။ သူသည် စပိန်အသင်းတွင် အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်နှင့်အတူ ဗဟိုနောက်တန်းတွင် တွဲကစားခွင့်ရရှိရေးအတွက် တောရက်စ်၊ ဒီယေဂိုလိုရန်တီတို့နှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

Ref: Marca

Facebook Comments Box
Facebook Comment