၂၀၂၀-၂၁ စီးရီးအေ ရာသီသစ်ကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် စတင်မည်

စီးရီးအေက ၂၀၂၀-၂၁ စီးရီးအေ ရာသီသစ်အား လာမည့် စက်တင်ဘာလ ၁၉ နှင့် ၂၀ ရက်နေ့တို့တွင် စတင်ကစားသွားမည်ဖြစ်ကြောင်း ကြေညာသွားသည်။ စီးရီးအေသည် မနက်ဖြန် စက်တင် ဘာလ ၂ ရက်နေ့တွင် ၂၀၂၀-၂၁ စီးရီးအေ ရာသီသစ်အတွက် ပွဲစဉ်ပြက္ခဒိန်ကို ကြေညာသွားမည်ဖြစ်သည်။

The Federal Council သည် ရောမတွင် ဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လာမည့် စီးရီးအေ ရာသီသစ် စတင်မည့်ရက်ကို သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။စီးရီးအေ ပွဲစဉ် ၁ ကို စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကစားသွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် အီတလီနိုင်ငံအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျှော့ကျလာမှုကြောင့် ဖြေလျှော့မှုများ ပြုလုပ်နေရာ ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများကိုလည်း ပရိသတ်များ ဝင်ကြည့်ခွင့်ပေးထားရာ လာမည့် ၂၀၂၀-၂၁ ရာသီတွင် စီးရီးအေပွဲများကို ပရိသတ်များ ဝင်ရောက်ကြည့်ခွင့်နိုင်ရေး လုပ်ဆောင်နေသည်။

နာပိုလီသည် ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့်ခြေစမ်းပွဲစဉ်များအား ပရိသတ်များ ၁၀၀၀ ကို လာရောက်ကြည့်ရှုစေပြီး ပရိသတ်များကို ကွင်းအတွင်းသို့ ခေါ်ဆောင်နိုင်ရေးအတွက် စမ်းသပ်မှုများ ပြုလုပ်နေသည်။

Facebook Comments Box
Facebook Comment