၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲ အနိုင်ဂိုးရှင် ဂေါ့ဇီအတွက် ဂျာမနီ တံခါးဖွင့်ပေးထား

ဂျာမနီနည်းပြဂျိုးအာချင်လောက ဂျာမနီလက်ရွေးစင်အသင်းမှာ မာရီယိုဂေါ့ဇီအတွက် တံခါး ဖွင့်ပေးထားဆဲ ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဂေါ့ဇီသည် အာဂျင်တီးနားနှင့် ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဂျာမနီအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး လက်ရွေးစင်အတွက် ကစားခွင့် မရသည်မှာ ၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အသက် ၂၈ နှစ်ရှိ ဂေါ့ဇီသည် ဘရာဇီးတွင် ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် ၂ နှစ်အကြာတွင် ဘိုင်ယန်မြူးနစ်က ဒေါ့မွန်ထံသို့ ပြန်ရောင်းချခြင်းခံခဲ့ရသည်။ သူသည် ဒေါ့မွန်တွင် ဒုတိယအကြိမ် ကစားခဲ့ရာ၌ ယခင်တုန်းက ခြေစွမ်းမျိုး ပြန်လည်ရရှိရန် ရုန်းကန်ခဲ့ရသည်။  သူသည် နွေရာသီတွင် စာချုပ်သစ်ချု်ပဆိုခြင်းမခံခဲ့ရဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခဲ့ရသည်။

သူသည် နွေရာသီတွင် ပီအက်စ်ဗွီသို့ ၂ နှစ်စာချုပ်ဖြင့် ပြန်လည်ပြောင်းနိုင်ခဲ့သည်။ သူသည် ပီအက်စ်ဗွီအတွက် ၆ ပွဲကစားထားရာတွင် ၃ ဂိုးသွင်းယူပြီး ခြေစွမ်းပြကစားနေသည်။

ဂျာမနီနည်းပြဂျိုးအာချင်လောသည် ဂေါ့ဇီ၏ ပီအက်စ်ဗွီခြေစွမ်းကို အားရကျေနပ်နေပြီး လက်ရှိခြေစွမ်းအတိုင်းသာ ကစားနိုင်မည်ဆိုပါက လက်ရွေးစင်အသင်းအတွက် ပြန်လည် ရွေးချယ်ရန် အသင့်ရှိနေကြောင်း ပြောကြားလာသည်။

ဂျိုးအာချင်လောက “သူ့ကို မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ သူ့ဆီမှာလန်းဆန်းမှု၊ တက်ကြွမှုတွေ၊ အပျော်တွေကို ပြန်မြင်တွေ့နေရပါတယ်”ဟု ပြောကြားသွာသည်။

ဂျာမနီသည် ဗုဒ္ဓဟူးနေ့မှာ ချက်နှင့် ခြေစမ်းပွဲကစားပြီးနောက် ယူကရိန်း၊ စပိန်တို့နှင့် နေးရှင်းလိဂ်ပွဲကစားသွားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment