ဦးနှောက်သွေးခဲမှုကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည့် မာရာဒိုနာ

ဒီယေဂိုမာရာဒိုနာသည် ဦးနှောက်သွေးခဲမှုကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ အသက် ၆၀ နှစ်ရှိ အာဂျင်တီးနားဂန္ထဝင်ကစားသမားသည် ရက်အတန်ကြာ နာမကျန်း ဖြစ်ပြီးနောက် တနင်္လာနေ့တုန်းက ဆေးရုံတက်ခဲ့ရသည်။

မာရာဒိုနာ၏အခြေအေနကို စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ဦးနှောက်သွေးခဲနေကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ မာရာဒိုနာသည် Clinica Olivos ဆေးရုံသို့ ပြောင်းရွှေ့ကာ ခွဲစိတ်ကုသမှုခံယူခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ မာရာဒိုနာအား ဆေးရုံပြောင်းရွှေ့စဉ် သူ ကိုင်တွယ်နေသည့် ဂမ်နာစီယာအသင်းပရိသတ်များစွာတို့က အော်ဟစ်ကာ ကျန်းမာရေး အမြန်ဆုံးကောင်းမွန်ပါစေကြောင်း ဆုတောင်းပေးခဲ့ကြသည်။

မာရာဒိုနာ ဦးနှောက်ခွဲစိတ်ကုသမှုခံရသည့်သတင်းကို ကြားပြီးနောက် နာပိုလီ၊ စပါးစ်၊ အာဂျင်တီးနား၊ ဘိုကာဂျူနီယာ၊ နီဝဲလ်အိုးဘွိုင်းတို့က အမြန်ဆုံးသက်သာပျောက်ကင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ကြသည်။

Facebook Comments Box
Facebook Comment