ဦးနှောက်ခွဲစိတ်ကုသမှုအောင်မြင်ပြီးနောက် မာရာဒိုနာ ဆေးရုံမှ ဆင်းပြီ

ဒီယေဂိုမာရာဒိုနာသည် ဦးနှောက်သွေးခဲမှုကို အောင်မြင်စွာ ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက် ပြန်လည်သက်သာလာပြီဖြစ်၍ ဆေးရုံမှ ဆင်းလာပြီဖြစ်သည်။

၁၉၈၆ ကမ္ဘာ့ဖလားဆုရှင်သည် အသက် ၆၀ နှစ်ပြည့်ပြီးနောက် ရက်အနည်းငယ်အကြာတွင် နားမကျန်ဖြစ်ပြီး ဆေးရုံသို့ တက် ရောက်ကုသခဲ့ရသည်။ ယခုအပတ်အစောပိုင်းတုန်းက မာရာဒိုနာ၏ ဦးနှောက်တွင် သွေးခဲနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဘရူနိုအေရက်စ်‌မြောက်ပိုင်းရှိ အိုလီဗို့စ် ဆေးရုံတစ်ခုတွင် ဦးနှောက်ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရသည်။

ဦးနှောက်ခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက် မာရာဒိုနာ၏ ကျန်းမာရေးအခြေအနေမှာ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာလျက်ရှိပြီး ယခုအခါ ဆေးရုံမှ ဆင်းနိုင်ခဲ့ပြီ ဖြစ်သည်။ သို့ရာတွင် မာရာဒိုနာသည် ပြင်ပလူနာအဖြစ် ဆက်လက်ကုသမှု ခံယူရဦးမည် ဖြစ်ကြောင်း သိရသည်။

Facebook Comments Box
Facebook Comment