ဦးခေါင်းကို ကျည်ဆန် မတော်တဆထိပြီး လင်ဘနွန်ကစားသမား မိုဟာမက်အက်ဝီ သေဆုံး

လက်ဘနွန်ကစားသမားမိုဟာမက် အက်ဝီသည် ဦးခေါင်းကို ကျည်ဆန် မတော်တဆ ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ အသက် ၃၂ နှစ်ရှိ အက်ဝီသည် ဩဂုတ်လ ၂၁ ရက်နေ့တုန်းက ဘေရုဆိပ်ကမ်းပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်၏ အသုဘအခမ်းအနားမှ ပစ်လိုက်သည့် ကျည်ဆန် မတော်တဆ ထိမှန်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဘေရုတောင်ပိုင်းတွင် လမ်းလျှောက်နေစဉ် အသုဘမှ ပစ်လိုက်သည့် ကျည်ဆန်ဦးခေါင်းကို ထိမှန်ခဲ့ ခြင်းလည်းဖြစ်သည်။

အရှေ့အလယ်ပိုင်းတွင် အသုဘအခမ်းအနားနှင့် မင်္ဂလာအခမ်းအနားတို့တွင် သေနတ်မိုးပေါ်ထောင်ပစ်မှုမှာ အစဉ်အလာတစ်ခု ဖြစ်ပြီး လက်ဘနွန်ကစားသမားမှာ ကျည်ဆန်မတော်တဆထိမှန်ခဲ့ခြင်းဖြစ်သည်။

အက်တီသည် ဦးခေါင်းကို ကျည်ဆန်ထိမှန်ပြီးနောက် ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြုလု်ပနိုင်ခဲ့သော်လည်း သွေးထွက်လွန်နေမှုကြောင့် သေဆုံးခဲ့သည်။

ဘေရုဆိပ်ကမ်းပေါက်ကွဲမှုကြောင့် လူပေါင်း ၂၀၀ ဝန်းကျင် သေဆုံးခဲ့သည့်အပြင် ဒေါ်လာ ၁၀  ဘီလီယံဖိုးအထိ ပျက်စီးခဲ့သည်။

အက်ဝီသည် လက်ဘနွန်လက်ရွေးစင်အတွက် သုံးပွဲကစားထားသူဖြစ်ပြီး လက်ဘနွန်ကလပ် အေခါးအလီအလေတွင် ကစားနေသူဖြစ်သည်။

အက်ဝီ သေဆုံးပြီးနောက် လူအများတို့သည် ရဲတပ်ဖွဲ့အား အသုဘနှင့် မင်္ဂလာအခမ်းအနားတို့တွင် သေနတ်ပစ်ကာ ဂုဏ်ပြုသည့် အလေ့အထအား ပိတ်ပင်ရန် ရဲတပ်ဖွဲ့ဝင်အား တောင်းဆိုခဲ့ကြသည်။

မိသားစုဝင်များကလည်း အက်ဝီ သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလု်ပရန် တောင်းဆိုမှု ပြုလုပ်ထားသော်လည်း မည်သူမျှ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရခြင်း မရှိချေ။

Facebook Comments Box
Facebook Comment