ဥရောပ အကောင်းဆုံး လူငယ် ဆန်ကာတင်စာရင်း မလေးရှား တိုက်စစ်မှူး ပါဝင်



နှစ်စဉ်ချီးမြှင့်လေ့ရှိတဲ့ ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆု Golden Boy အတွက် ဆန်ကာတင် ၆၀ စာရင်းကို ကြေညာလာပါတယ်။

Golden Boy ဆုအတွက် ဆန်ကာတင်စာရင်းမှာ ထူးထူးခြားခြားအနေဖြင့် မလေးရှားယူ-၂၃ တိုက်စစ်မှူးဟာကမ်ရှမ်ဆူဒန်လည်း ပါဝင်နေပါတယ်။ အသက် ၁၈ နှစ်ရှိ တိုက်စစ်မှူးဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ ဘယ်ဂျီယံပထမတန်းကလပ် ကေဗွီကော်ထရစ်သို့ပြောင်း လာခဲ့သူဖြစ်ပါတယ်။


သူဟာ အသက် ၁၈ နှစ်မပြည့်သေးတာကြောင့် ၂၀၂၀ ခုနှစ် ဇူလိုင်လမှာမှ စာချုပ်အကျုံးဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ သူ့ကို နယူးကာဆယ်နှင့် လေဗာကူဆင်အသင်းတို့က လည်း ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ သူဟာ ဥရောပမှာ တစ်ပွဲမျှ မကစားရသေးပေမယ့် ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာတာလည်း ဖြစ်ပါတယ်။
Golden Boy 2020 ဆုအတွက် ဆန်ကာတင် ၆၀ ဦးစာရင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းမှ လေးဦးဖြင့် အများဆုံး ပါဝင်နေပါတယ်။


Golden Boy 2020 ဆုအတွက် ဆန်ကာတင်စာရင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ဗီနီစီးယပ်စ်ဂျူနီယာ၊ရေနာဂျီးဆပ်စ်၊ ရိုဒရီဂို၊ တာကီဖူဆာကူဘိုတို့ ပါဝင်လာကြတာဖြစ်ပါတယ်။
Golden Boy ဆုက ဥရောပတွင် ကစားနေတဲ့ အသက် ၂၁ နှစ်အောက် အကောင်းဆုံးလူငယ် ကစားသမားကို ဥရောပတလွှားမှ ထိပ်သီးသတင်းစာများရဲ့ မဲအဆုံးအဖြတ်ဖြင့် ရွေးချယ်ချီးမြှင့်တာလည်း ဖြစ်ပါတယ်။


ဗီနီစီးယပ်စ်နှင့်ရိုဒရီဂိုတို့ဟာယခုရာသီတွင် ရီးရဲလ်မက်ဒရစ်အား လာလီဂါချန်ပီယံဖြစ်အောင် အဓိကနေရာမှပါဝင်ခဲ့ကြသူဖြစ်ပါတယ်။ရေနာဂျီးဆပ်စ်ဟာပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဖလာမင်ဂိုမှ ရောက်လာသူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်စီနီယာအသင်းအတွက် တစ်ပွဲမျှမကစားရသေးပါဘူး။ ဂျပန်လက်ရွေးစင်ကူဘိုမှာ၂၀၁၉-၂၀ရာသီမှာမာယော့ကာသို့ အငှားဖြင့်သွားရောက်ကစား ခဲ့စဉ်ထိပ်တန်းခြေစွမ်းဖြင့်ကစားနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ယခုနွေမှာ ဗီလာရီးရဲလ်သို့ အငှားဖြင့်ပြောင်းရွေ့ထားပါတယ်။


ဒါ့အပြင် ဘာစီလိုနာလူငယ်ပါရမီရှင်များဖြစ်ကြတဲ့ ပီဒရီ၊အန်ဆူးဖာတီတို့မှာလည်း ဆန်ကာတင်စာရင်းမှာ ပါဝင်လာသလို မန်စီးတီးသို့ ပြောင်းသွားတဲ့ ဗလင်စီယာတောင်ပံ ကစားသမားဟောင်းဖာရန်တောရက်စ်မှာလည်း ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။


ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့အာလင်းဟေးလန်၊ ဆန်ချိုနှင့် ဘာမင်ဂမ်မှပြောင်းလာ တဲ့ ဘယ်လင်ဂမ်တို့လည်းဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။ ဟေးလန်နှင့်ဆန်ချိုတို့က Golden Boy ဆုကို ရရှိဖို့ ထိပ်ဆုံးမှ ရေပန်းစားနေသူများလည်း ဖြစ်ပါတယ်။


ဟေးလန်မှာ ဇန်နဝါရီအပြောင်းအရွှေ့တွင် ဒေါ့မွန်သို့ ရောက်လာပြီးနောက် ၁၈ပွဲတွင် ၁၆ ဂိုးသွင်းယူနိုင်ခဲ့သလို မန်ယူသို့ ပြောင်းမယ်လို့ သတင်းထွက်နေတဲ့ အင်္ဂလန်တောင်ပံတိုက်စစ်သမားဆန်ချိုမှာလည်း ပြီးခဲ့တဲ့ရာသီတုန်းက ဒေါ့မွန်အတွက် ဂိုး ၂၀ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် ဘာစီလိုနာအား ၈-၂ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲမှာ ခြေစွမ်းပြကစားခဲ့တဲ့ ဘိုင်ယန်မှအယ်လ်ဖွန်ဆိုဒါးဗီးစ်လည်း ပါဝင်နေပါတယ်။ ယခုရာသီတွင် မန်ယူအတွက် ခြေစွမ်းပြကစားနေတဲ့ ဂရင်းဝုဒ်နှင့် ပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစား သမားဆုကိုပူပူနွေးနွေးရရှိထားတဲ့ လီဗာပူးဘယ်နောက်ခံလူအာနိုးတို့မှာလည်း ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါတယ်။ အာနိုးဟာပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်၃၈ပွဲလုံးကစားနိုင်ခဲ့ပြီး ၄ဂိုးသွင်းကာ ၁၃ကြိမ်အထိ ဖန်တီးနိုင်ခဲ့ပါတယ်။


လက်ရှိအချိန်မှာ Golden Boy ဆုအား ဆွတ်ခူးရန် ထိပ်ဆုံးမှ ရေပန်းစားနေကြသူများကတော့ (ဒေါ့မွန်)၊ အယ်လ်ဖွန်ဆိုဒါးဗီးစ်(ဘိုင်ယန်)နှင့် အက်ဒူယာဒိုကာမာဗီဂါ(ရန်းနက်စ်)တို့ ဖြစ်ပါတယ်။


Golden Boy ဆု ဆန်ကာတင် ၆၀ ဦးစာရင်း
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ကာရမ်အဒီယီမီ(ရက်ဘူးလ်ဆဲလ်ဘတ်)၊ ယာစင်အက်ဒ်လီ (ဘော်ဒိုး)၊ မာလေအေကဲ(မာဆေး)၊ အီသန်အမ်ပါဒူ(ချဲလ်ဆီး)၊ အဒဲလ်အူချီချီ(စိန့်အက်တီယန်)မီချယ်ဘက်ကာ(ပီအက်စ်ဂျီ)၊ ဘယ်လင်ဂမ်(ဒေါ့မွန်)၊ မိုင်ရွန်ဘိုင်ဒူ(အယ်လ်ခမာ)၊ကာဗာဗင်ဂါ(ရန်းနက်စ်)၊ ကာနီဆက်ချီ(အတ္တလန္တာ)၊ ရေယန်ချားကဲ(လိုင်ယွန်)၊ ယန်ကူတို(မန်စီးတီး)၊ ဂျိုနသန်ဒါးဗီးစ်(လိုင်လီ)၊ အယ်ဖွန်ဆိုဒါးဗီးစ်(ဘိုင်ယန်မြူးနစ်)၊ ဆာဂီနိုဒက်စ် (အေဂျက်စ်)၊ ဖေဘီယိုဆေးလ်ဗား(ပေါ်တို)၊ ဖာတီ(ဘာစီလိုနာ)၊ ဖိုဒန်(မန်စီးတီး)၊ ဇယ်ကိုဂါဗရီ (ရက်စတားဘဲလ်ဂရိတ်)ဂါးထရူဒါ (ဖီယင်နု)၊ ဂွန်ကာလိုရာမို့စ်( ဘင်ဖီကာ)၊ အေမီနီဂူရီ(နိုက်စ်)၊ ဂရာဗင်ဘတ်ရှ်(အေဂျက်စ်)၊ ဂရင်းဝုဒ်(မန်ယူ)၊ ဟာလန်(ဒေါ့မွန်)၊ ဟာကင်ရှမ်ရူဒင် (ကော့ထရစ်)၊ကူလမ်ဟတ်ဒ်ဆင်အိုဒွိုင်း(ချဲလ်ဆီး)၊မိုဟာမက်ဟက်ထရန် (ပီအက်စ်ဗွီ)၊ ကာတစ်ဂျုံးစ် (လီဗာပူး)၊ မိုဟာမက်ကာဘက်ခ်(ရှော်လ်ကေး)၊ တန်ဂူးနီယန်ဇူး(ဘိုင်ယန်မြူးနစ်_))၊ ကူဘို (ရီးရဲလ်မက်ဒရစ်)၊ ကူဒပ်စ်(အေဂျက်စ်)၊ ကူလူဆပ်ဗ်စကီး(ဂျူဗင်တပ်)၊ ဂါဘရီရယ်မာတင်နယ်လီ (အာဆင်နယ်)၊ နီဟွန်ပီရက်ဇ်(အက်သလက်တီကို)၊ အိုဘာဖီမီ (ဆောက်သမ်တန်)၊ ပေါ်လင်ဟို (လေဗာကူဆင်)၊ ပယ်လိုဗစ်(မိုနာကို)၊ ပီဒရီ (ဘာစီလိုနာ)၊ နီတို (ဝုဗ်)၊ ကွာရက်စ်မာ(စပို့တင်းလစ္စဘွန်း)၊ စီမာချို (စပို့တင်းလစ္စဘွန်း)၊ ရေနီယာ(ရီးရဲလ်မက်ဒရစ်)၊ ရိုဒရီဂို(ရီးရဲလ်မက်ဒရစ်)၊ ဆာကာ(အာဆင်နယ်)၊ ဆာလီဘာ(အာဆင်နယ်)၊ ဆန်ချို (ဒေါ့မွန်)၊ ဆက်စ်ဆီဂနွန်(စပါးစ်)၊ ဒိုမီနစ်ဇိုဘော့စ်လိုင် (ဆဲလ်ဘတ်)၊ တာဗာရက်စ်(ဘင်ဖီကာ)၊ မာတင်တီတီ(ရှက်တာဒိုးနက်စ်)၊ သောမတ်စ်အက်စ်တီဗက်စ်(ပေါ်တို)၊ တောရက်စ်(မန်စီးတီး)၊ ဂျော့ရှီတပ်ရှ်ဗီလီ (ဒိုင်နမိုကိဗ်)၊ ဗာရှာရန်(အန်ဒါလက်ချ်)၊ ဗီးနီစီးယပ်(ရီးရဲလ်မက်ဒရစ်)၊ ဗစ်တာဖာရီရာ(ပေါ်တို)၊ ဝီလီယမ် (လီဗာပူး)၊ ဂျိူရှာဇာဇီး (ဘိုင်ယန်)တို့ ပါဝင်နေပါတယ်။

Facebook Comments Box
Facebook Comment