
ဥရောပအသင်းတွေကိုပဲ မြန်မာလိုရွေးရမယ့်ည
✍️ မောင်ရဲတိုက်
မနေ့ညက အိမ်ရှင်ကာတာအသင်းရဲ့ ရုပ်ပျက်ဆင်းပျက်ကစားပုံတွေက ဘောလုံးပရိသတ်အားလုံးအပေါ် စော်ကားလိုက်သလိုပါပဲ။ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်တောင်မရသလို ဘောလုံးပိုင်ဆိုင်မှု၊ ကစားကွက်စီးမိုးမှု အစစအရာရာမှာ ကမ္ဘာ့ဖလားဆိုတဲ့ အဆင့်အတန်းနဲ့ ကိုက်ညီခြင်းမရှိတာကို တွေ့ရပါတယ်။ ဖီဖာကို ရေနံလောင်းပြီး မတန်မရာနေရာကို ရောက်လာတဲ့ ဒီအသင်းကို မနေ့က ရွေးချယ်အားပေးမိခဲ့ပေမယ့် ရှုံးသွားတဲ့အပေါ်မှာတော့ စိတ်မသက်မသာမဖြစ်မိပါဘူး။ ဘယ်လိုပဲ ငွေနဲ့လိုက်ပါစေ နောက်ဆုံးမှာတော့ ဘောလုံးဟာ ဘောလုံးကို တန်ဖိုးထားသူတွေဆီသာ ဆိုက်ရောက်လာစမြဲဆိုတာ အထင်အရှားတွေ့မြင်ခဲ့ရတဲ့ညပါပဲ။
ဒီညမှာတော့ အုပ်စု(A)ထဲက အင်အားကြီးနှစ်သင်းဖြစ်တဲ့ ဆီနီဂေါနဲ့ နယ်သာလန်တို့ရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို တွေ့မြင်ရမှာဖြစ်သလို နာမည်ကြီးထမင်းငတ် အမြဲဖြစ်နေရတဲ့ အင်္ဂလန်အသင်းနဲ့ အီရန်အသင်းတို့ရဲ့ အုပ်စု(B) အဖွင့်ပွဲစဉ်ကိုလည်း ရှုစားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် အုပ်စု(B)ရဲ့ ဒုတိယနေရာကိုရဖို့ ရေပန်းစားနေတဲ့ အမေရိကန်နဲ့ ဝေးလ်အသင်းတို့ရဲ့ ပွဲစဉ်ကိုလည်း ညနက်ပွဲအဖြစ်ရှုစားကြရဦးမှာ ဖြစ်ပါတယ်။ ဒီသုံးပွဲနဲ့ပတ်သက်ပြီး ကျွန်တော်လေ့လာထားမိသမျှကို ကြိုးစားတင်ဆက်ပေးချင်ပါတယ်။ လူကြီးမင်းတို့ ခဏလောက်အချိန်ပေးပြီး ဖတ်ရှုပေးကြပါဦးဗျ။

ဆီနီဂေါ Vs နယ်သာလန် (တနင်္လာည ၁၀:၃၀)
ဒီပွဲကတော့ အာဖရိကချန်ပီယံတွေဖြစ်တဲ့ ဆီနီဂေါအသင်းနဲ့ ဥရောပဇုန်က နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အုပ်စု(A)ကနေ နောက်တစ်ဆင့်တက်ဖို့ ရေပန်းအစားဆုံးနှစ်သင်းရဲ့ အားပြိုင်မှုလို့လည်း ပြောနိုင်ပါတယ်။ နှစ်သင်းစလုံးဟာ ဥရောပထိပ်တန်းလိဂ်တွေက နာမည်ကျော်ကစားသမားများနဲ့ အားဖြည့်ထားတာမို့ ဒီပွဲဟာ အကြိတ်အနယ်နဲ့ ကြည့်ကောင်းမယ့်ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။
ဆီနီဂေါ
အာဖရိကချန်ပီယံတွေအတွက်တော့ အထူးအားထားနေရတဲ့ တိုက်စစ်မှူးမာနေးပါဝင်နိုင်ခြင်းမရှိတာဟာ အတော့်ကိုကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပါပဲ။ ဆီနီဂေါအသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့(၁၀)ပွဲမှာ သွင်းဂိုးတစ်ဝက်လောက်ကို မာနေးကသွင်းယူပေးထားတာမို့ သူမပါနိုင်ခြင်းက ဆီနီဂေါအတွက် တစ်ဂိုးရဖို့ ပိုပြီးကျပ်တည်းသွားစေနိုင်ပါတယ်။ ဒါပေမယ့် ဆီနီဂေါရဲ့ ခံစစ်စုဖွဲ့မှုကတော့ အားရဖို့ကောင်းတဲ့ အနေအထားမှာရှိပါတယ်။ ချယ်ဆီးဂိုးသမား မန်ဒီ၊ နောက်ခံလူ ကူလီဘာလီ အပါအဝင် အေစီမီလန်၊ ဘက်တစ်၊ မိုနာကိုအသင်းတို့မှာ ကစားနေတဲ့ နောက်ခံလူများနဲ့ အားဖြည့်ထားတာမို့ မာကျောတဲ့ခံစစ်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ခြေစွမ်းပွဲတွေမှာလည်း ပေးဂိုးနှစ်ဂိုးသာရှိထားတာမို့ ဒီညမှာတော့ ဆီနီဂေါဟာ သူတို့ရဲ့ ခံစစ်မာဂုဏ်ကိုကိုင်စွဲပြီး နယ်သာလန်အသင်းကို ရင်ဆိုင်လာဖို့ရှိပါလိမ့်မယ်။
နယ်သာလန်
နယ်သာလန်အသင်းကတော့ ကမ္ဘာ့ဖလားအောင်မြင်မှုမှာ ဒုတိယသုံးကြိမ်နဲ့သာ ကျေနပ်ခဲ့ရတဲ့အသင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပွဲတိုင်းမှာ သူတို့ရဲ့ မဆုတ်မနစ်ကြိုးစားအားထုတ်မှုကို အထင်အရှားတွေ့မြင်ရပေမယ့် ဖလားရယူနိုင်တဲ့အထိတော့ ကံကြမ္မာက မျက်နှာသာမပေးသေးပါဘူး။ လက်ရှိမျိုးဆက်မှာတော့ နယ်သာလန်ဟာ ဖလားရယူနိုင်တဲ့အထိ ရေပန်းမစားတော့ပေမယ့် အုပ်စု(A)ကိုတော့ အလွယ်တကူ ကျော်ဖြတ်နိုင်မယ်လို့ အားလုံးကမျှော်မှန်းထားကြပါတယ်။ ဒီညပွဲမှာ ဆီနီဂေါကို ဖြတ်ကျော်နိုင်ခဲ့ရင် အတော့်ကို တာထွက်လှသွားမှာဖြစ်ပြီး ကျန်နှစ်သင်းက ခြေစွမ်းပိုင်းအရ သူတို့ထက်နိမ့်တာမို့ အုပ်စုဗိုလ်ဖြစ်ဖို့ အတော့်ကို အခွင့်အရေးများသွားမှာဖြစ်ပါတယ်။ အသင်းရဲ့တိုက်စစ်မှာလည်း လုခ်ဒီဂျောင်၊ မန်းဖစ်ဒီပေးတို့လို အရည်အသွေးမြင့်တိုက်စစ်ကစားသမားတွေရှိနေခြင်းက နယ်သာလန်တို့ ဆီနီဂေါထက် ဒီပွဲကို ပိုပြီးစိုးမိုးနိုင်စေဖို့ ဖြစ်စေမှာပါ။
ရွေးချယ်မှု
ဖွင့်လှစ်မှုအရ နယ်သာလန်ဘက်က (၁+၂၀)ခန့် ကြေးပေးထားပြီး ဂိုးပေါင်းကြေးကတော့ (၂-၅၀)ခန့်မှာ စတင်ထားပါတယ်။ နယ်သာလန်ရဲ့ အစဉ်အလာ၊ လက်ရှိခြေစွမ်းနဲ့ ကစားသမားစာရင်းအရ ဒီဖွင့်လှစ်မှုက မျှတတယ်လို့ သုံးသပ်နိုင်ပါတယ်။ အချက်အလက်တွေအရမှာလည်း ဒီပွဲမှာ ဆီနီဂေါရဲ့ အနိုင်ရရှိနိုင်မှုဟာ မာနေးမပါဝင်နိုင်တော့ကြောင်း တရားဝင်ကြေငြာပြီးနောက်မှာ 28%ကနေ 16%အထိ ကျဆင်းသွားပြီး သရေဖြစ်နိုင်ချေကလည်း 32%ကနေ 24%အထိ နည်းပါးသွားကြောင်း ဒေတာတွေကတစ်ဆင့် တွေ့ရှိရပါတယ်။ ဒါကြောင့် ဒီပွဲစဉ်မှာတော့ ဆီနီဂေါရဲ့ မာကျောတဲ့ခံစစ်ကြောင့် နယ်သာလန်အသင်း ခက်ခက်ခဲခဲကျော်ဖြတ်ရဖို့ရှိပေမယ့် အုပ်စု(A)မှာ ဗိုလ်ဖြစ်မှ ဟိုဘက်အုပ်စုက အင်္ဂလန်နဲ့ ထိပ်တိုက်တွေ့တာကို ရှောင်ရှားနိုင်မှာမို့ အသေအချာအားထည့်ကစားရင်း ဟော်လန်သားတွေ အနိုင်ရလဒ်တစ်ခု ပုံဖော်နိုင်လိမ့်မယ်လို့ ယူဆမိပါတယ်ဗျာ။
နယ်သာလန်
ခန့်မှန်းရလဒ် (0-1) (0-2)

အင်္ဂလန် Vs အီရန် (တနင်္လာည ၇:၃၀)
အင်္ဂလန်
အင်္ဂလန်အသင်းက ဒီကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အဆင့်(၅)ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် မဆိုးလှဘူးထင်ရပေမယ့် အမှန်က အဆင့်(၄)ကနေ တစ်ဆင့်ကျလာတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ လက်ရှိလူစာရင်းက ယူရို၂၀၁၈တုန်းကလူစာရင်းနဲ့မတူတော့သလို ကစားသမားတွေရဲ့ ခြေစွမ်းကလည်း အတော့်ကိုကွာခြားသွားခဲ့ပြီ ဖြစ်ပါတယ်။ ဟာရီကိန်းရဲ့ သွင်းဂိုးတွေကို မြင်တွေ့နေရဆဲဆိုပေမယ့် မာန်ဟုန်ပြင်းတဲ့ အငွေ့အသက်တွေတော့ သိပ်မတွေ့ရတော့ပါဘူး။
ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဒီကလန်ရိုက်စ်၊ မေဆန်မောင့်၊ ဂါလယ်ဂါတို့ သက်ဆိုင်ရာကလပ်တွေမှာ အကောင်းဆုံးပုံစံပျောက်ဆုံးနေသလို ဒေါ့မွန်မှာ စတားဖြစ်နေတဲ့ ဘယ်လင်ဂမ်ကိုကျ ဆောက်ဂိတ်က သဘောမကျတာကြောင့် ထည့်သုံးပါ့မလား စိုးရိမ်စရာပါပဲ။ ခြေမှန်နေတဲ့ လက်စတာကွင်းလယ်လူ မက်ဒီဆင်ကတော့ ဒဏ်ရာကြောင့် ဒီညပွဲမှာ မပါဝင်နိုင်သေးတာကလည်း အင်္ဂလန်ဘက်က ဂိုးပြတ်အနိုင်ဆိုတာကြီးကို ပုံဖော်ကြည့်ဖို့ ခက်စေမှာပါ။ ဒါပေမယ့် ဆင်ပိန်ကျွဲလောက်ဆိုသလို အခုလက်ကျန်လူစာရင်းက တစ်ဖက်က အီရန်လောက်ကိုတော့ စီးစီးပိုးပိုးကစားနိုင်မယ်လို့ ထင်မြင်ရပါတယ်။
အီရန်
အာရှဇုန်ကနေ ခြေစစ်ပွဲအောင်လာတဲ့ အီရန်ဟာ ကမ္ဘာ့ရပ်တည်မှုအဆင့်(၂၀)မှာ ရှိနေတဲ့အသင်းဖြစ်ပါတယ်။ အုပ်စု(B)ထဲမှာ ကမ္ဘာ့အဆင့်အနိမ့်ဆုံးဖြစ်သလို နောက်တစ်ဆင့်ကျော်ဖြတ်ဖို့ကလည်း အခွင့်အရေးအနည်းဆုံးအဖြစ် ဖော်ပြခြင်းခံထားရပါတယ်။ ဒါပေမယ့် အီရန်ဟာ နောက်တစ်ဆင့်တက်ဖို့ လုံးဝမဖြစ်နိုင်တာမဟုတ်ပါဘူး။
လက်ရှိအီရန်နည်းပြ ကွီးရော့ဟာ ဖာဂူဆန်ရဲ့ လက်ထောက်အဖြစ် ထမ်းဆောင်ခဲ့ဖူးသလို အီရန်အသင်းနဲ့အတူ ၃ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဦးဆောင်ဖြတ်သန်းလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခြေစမ်းပွဲ၃ပွဲမှာလည်း ဥရုဂွေးကိုအနိုင်၊ ဆီနီဂေါကိုသရေကစားထားတာမို့ အီရန်ဟာ အုပ်စုတွင်းပြိုင်ဘက်တွေကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ အသင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ရှင်ကာတာနဲ့ အီရန်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်လို့ ရာသီဥတုအခြေအနေ၊ ရေခံမြေခံတွေက သိပ်မကွာတာကြောင့် မိမိအိမ်ကွင်းမှာ ကစားနေရသလို ဖြစ်စေမှာပါ။ နိုင်ငံရေးအရလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အတူတူဝေဖန်ခံနေရတဲ့ နှစ်နိုင်ငံဖြစ်တာမို့ အိမ်ရှင်ကာတာပရိသတ်တွေအနေနဲ့ အီရန်ကိုလာရောက်ဝန်းရံပေးဖို့ အခွင့်အရေးများနေတာဖြစ်ပါတယ်။ ဒါကြောင့် အာရှမြေမှာလုပ်တဲ့ ကမ္ဘာ့ဖလားမှာ အာရှတစ်သင်းဖြစ်တဲ့ အီရန်တို့ ဒီညမှာ upsetရလဒ်တစ်ခု ပုံဖော်နိုင်မလား စိတ်ဝင်တစားစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ရွေးချယ်မှု
အထက်မှာတင်ပြခဲ့တဲ့ အချက်အလက်တွေအရ အင်္ဂလန်အသင်းအနေနဲ့ အားနည်းနေတဲ့အချိန်အခါဖြစ်သလို အီရန်အသင်းအတွက် အခွင့်အရေးတွေလည်း ထပ်တူရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ လေ့လာတွေ့မြင်ရသလို ဘွတ်ကီလူကြီးမင်းများလည်း မြင်တွေ့ပြီးဖြစ်မှာပါ။ ဒါပေမယ့် အင်္ဂလန်ဘက်ကနေ (၁-၆၀)ခန့် ဝင်ရိုးကြေးကို စခေါ်ထားပြီး ဂိုးပေါင်းမှာတော့ (၂-၅၀)ခန့် ဖွင့်လှစ်ထားပါတယ်။
အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ဒဏ်ရာရကစားသမားတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာချိန်က အမေရိကန်၊ ဝေးလ်တို့နဲ့ ကစားရမယ့်ပွဲတွေမှာ ကြေးလှုပ်ခတ်မှုရှိခဲ့ပေမယ့် ဒီပွဲကတော့ ကြေးငြိမ်နေခဲ့တာဖြစ်ပါတယ်။ ဒါဟာ အင်္ဂလန်လူစာရင်း ဘယ်လောက်အားနည်းပါစေ အီရန်ကို အနိုင်မရနိုင်တဲ့အထိတော့ ရုပ်ပျက်သွားမှာမဟုတ်ကြောင်း ဘွတ်ကီတို့ရဲ့ အလေးပေးမှုကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ခြေအရပဲကြည့်ကြည့် ကြေးအရပဲကြည့်ကြည့် အနိုင်ပြတ်သားဖို့ အလေးသာနေတဲ့ အင်္ဂလန်ဘော်ဒီကိုသာ ရွေးချယ်ထားချင်မိပါတယ်။ ဒါ့အပြင် တအိအိပြိုကျလာတဲ့ ဂိုးပေါင်းကြေးအရလည်း ဒီပွဲမှာ အင်္ဂလန်အသင်းဘက်က ဂိုးများများလာဖို့ သိပ်မလွယ်သလို အီရန်ဘက်က ဂိုးပြန်သွင်းဖို့ကလည်း အားနည်းလွန်းတာမို့ ဂိုးအောက်တစ်ကွက်ကိုပါ တွဲပြီး ရွေးချင်မိပါတယ်။
အင်္ဂလန်
ဂိုးအောက်
ခန့်မှန်းရလဒ် (2-0)

အမေရိကန် Vs ဝေးလ်
အမေရိကန်
USAအသင်းဟာ ပြီးခဲ့တဲ့၂၀၁၈ကမ္ဘာ့ဖလားတုန်းက ခြေစစ်ပွဲတောင် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ခြေစစ်ပွဲတွေတုန်းက ရလဒ်တွေက မဆိုးပေမယ့် အခုချိန်မှာတော့ အဓိကအားထားနေရတဲ့ အသင်းခေါင်းဆောင် ပူလီဆစ်ကိုယ်တိုင်က ချယ်ဆီးမှာ ပုံစံကောင်းမရသေးတဲ့အချိန်ဖြစ်တာမို့ ဒီညမှာ အမေရိကန်တို့ အနိုင်ရဖို့က အားကောင်းနေတာမျိုးမရှိပါဘူး။ ခြေစမ်းပွဲရလဒ်တွေအရကြည့်ရင်လည်း ဂျပန်ကိုရှုံး၊ ကမ္ဘာ့အဆင့်(၇၄)က အယ်ဆဲဗဒေါကိုသရေ၊ ကာတာထက်တောင် တစ်ဆင့်နိမ့်သေးတဲ့ ကမ္ဘာ့အဆင့်(၅၁)က ဆော်ဒီကိုသရေကစားထားတာမို့ ဒီညပွဲမှာ လင်းယုန်ကြီးတို့ လက်လက်ထမနေတာ မဆန်းပါဘူး။ ဒါ့အပြင် အမေရိကန်အသင်းဟာ သူတို့အိမ်ကွင်းမဟုတ်ရင် ခြေစစ်ပွဲမှာ အသင်းငယ်လေးတွေကိုတောင် အရှုံးပေးခဲ့ရတာတွေကိုလည်း တွေ့မြင်နေရပါတယ်။
ဝေးလ်
ဂါရတ်ဘေးဦးဆောင်တဲ့ ဝေးလ်အသင်းဟာ ၆၄နှစ်ကြာမှ ကမ္ဘာ့ဖလားကို ပြန်လည်ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒီအသင်းမှာ နာမည်ကျော်ကစားသမားတွေ အများအပြားပါဝင်ခြင်းမရှိပေမယ့် ဂါရတ်ဘေး၊ အာရွန်ရမ်ဆေးနဲ့ ဒန်နီရယ်ဂျိမ်းတို့လို စီနီယာကစားသမားများနဲ့ လူငယ်မျက်နှာသစ်တွေ အတူပါဝင်နေကြတာမို့ USAထက်တော့ အသင်းလိုက်စွမ်းဆောင်ရည်မှာ နှာတစ်ဖျားသာနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နေးရှင်းလိဂ်မှာ တန်းဆင်းခဲ့ရပေမယ့် ဘယ်ဂျီယံ၊ နယ်သာလန်တို့ကို အပြန်အလှန်သွင်းဂိုးတွေနဲ့ ရင်ဆိုင်နိုင်ခဲ့တာမို့ ခြေစွမ်းက လျှော့တွက်လို့တော့ မရပါဘူး။ ဒါ့အပြင် ခြေစမ်းပွဲတွေမကစားရဘဲ အပြည့်အဝနားခွင့်ရခဲ့တာက လူငယ်ကစားသမားများတဲ့ ဒီအသင်းအတွက် အင်ပြည့်အားပြည့်နဲ့ ရင်ဆိုင်ကစားနိုင်ဖို့ ပိုပြီးအလားအလာများစေတာ ဖြစ်ပါတယ်။
ရွေးချယ်မှု
ဒီပွဲမှာ USAရဲ့ အနိုင်ရရှိနိုင်မှုဟာ 36%ရှိနေပြီး ဝေးအသင်းအနိုင်ရဖို့က 32%၊ သရေကျဖို့က 32%ဆိုပြီး ရှိနေတာမို့ တစ်သင်းသင်းကို ဘော်ဒီပြေးကပ်ဖို့ အတော့်ကို လက်ဝင်တာ တွေ့ရပါတယ်။ ကြေးဖွင့်လှစ်မှုမှာလည်း အမေရိကန်က သရေပြား30ရှုံးဆိုတဲ့ကြေးနဲ့ အစဉ်အလာနဲ့ သမ္ဘာကြေးလောက်သာ အကျောပေးထားတာတွေ့ရပါတယ်။ ဒါကြောင့် ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ အသင်းလိုက်ကစားပုံတွေကို လေ့လာကြည့်ရာမှာတော့ ဝေးလ်အသင်းရဲ့ ကစားဟန်ကို ပိုနှစ်သက်မိပြီး ဒီနေ့ညမှာ အနိမ့်ဆုံး သရေတော့ အရယူနိုင်လိမ့်မယ်လို့ ယုံကြည်မိပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်ဗျာ။
ဝေးလ်
ခန့်မှန်းရလဒ် (0-1) (1-1)
ဒီညရဲ့ ရွေးချယ်မှုတွေကို အနှစ်ချုပ်ဖော်ပြရရင်တော့
နယ်သာလန်
အင်္ဂလန်
အင်္ဂလန် ဂိုးအောက်
ဝေးလ်
ဆိုပြီး ရွေးချယ်ထားပါတယ်။
ပွဲကြိုဖြစ်တာကြောင့် ပွဲပြီးတဲ့အခါ လွဲသွားနိုင်ပါတယ်။ ဒါပေမယ့် မိမိလေ့လာမိသမျှကို အဖြောင့်တိုင်းတင်ဆက်ထားတာဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ စေတနာနဲ့ လူကြီးမင်းတို့ရဲ့ မေတ္တာတွေ ထပ်တူပြန်ကျနိုင်ပါစေကြောင်း မျှော်လင့်ရင်း နှုတ်ဆက်လိုက်ပါတယ်။
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ