
ဥရောပစူပါဖလားပြိုင်ပွဲအား ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ကြည့်ခွင့်ရမည်
ယူအီးအက်ဖ်အေသည် လာမည့် စက်တင်ဘာလ ၂၄ ရက်တွင် ကစားမည့် ဥရောပစူပါဖလားပွဲကို ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ကြည့်ခွင့်ပေးရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း Sky Sport Italia ၏ဖော်ပြချက်အရ သိရသည်။
လက်ရှိအချိန်တွင် စက်တင်ဘာလ ၂၄ ရက်နေ့ ဥရောပစူပါဖလားဗိုလ်လုပွဲတွင် ရင်ဆိုင်ရမည့်အသင်းကို မသိရသေးချေ။ ဥရောပစူပါဖလားတွင် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ရင်ဆိုင်ကစားကြမည့် အင်တာမီလန်/ဆီဗီလာနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် ပီအက်စ်ဂျီ (သို့မဟုတ်)ဘိုင်ယန်/လိုင်ယွန် နှင့် ရုင်ဆိုင် ရင်ဆိုင်ကစားရမည်ဖြစ်သည်။ ချန်ပီယံလိဂ်ချန်ပီယံနှင့် ယူရိုပါလိဂ်ချန်ပီယံတို့သည် လာမည့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဘူဒါပတ်စ်ရှိ Puskas Ferenc Stadium တွင် ရင်ဆိုင်ကစားကြမည်ဖြစ်သည်။
Sky Sport Italian ၏ ဖော်ပြချက်အရ ယူအီးအက်ဖ်အေသည် ယင်းပွဲစဉ်အား ကွင်း၏ဝင်ဆန့်ပရိသတ်၏ ၃၀ ရာခိုင်နှုန်းကို ဝင်ရောက်ကြည့်ခွင့်ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ယူအီးအက်ဖ်အေက ဥရောပစူပါဖလားအား ပရိသတ်ဝင်ကြည့်ခွင့်ပေးသွားမည်ဖြစ်ကြောင်း တရားဝင်ကြေညာခြင်း မရှိသေးချေ။ သို့ရာတွင် ယူအီးအက်ဖ်အေအနေဖြင့် ယခုရက်ပိုင်းအတွင်းတွင် ဥရောပစူပါဖလားအား ပရိသတ်ဝင်ကြည့်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလာဖွယ်ရှိနေသည်။
Ref: Sky Sport Italian