ဥရောပကစားသမားဘဝကို ပီအက်စ်ဂျီတွင် ဒီမာရီယာ အဆုံးသတ်လို

အိန်ဂျယ်ဒီမာရီယာက သူ၏ ဥရောပကစားသမားဘဝကို ပီအက်စ်ဂျီတွင်ပင် အဆုံးသတ်လို ကြောင်း ပြောကြားလိုက်သည်။ ဒီမာရီယာသည် စနေနေ့က ရန်းနက်စ်အား ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ၂ ဂိုးသွင်းကာ ၁ ဂိုးရအောင် ဖန်တီးနိုင်ခဲ့သည်။ သူသည် စက်တင်ဘာလ ၂၈ ရက်နေ့တုန်းက မာဆေးလ်နှင့်ပွဲတွင် နောက်ခံလူအယ်လ်ဗာရိုကို တံတွေးဖြင့် ထွေးခဲ့မှုကြောင့် လေးပွဲပယ်ခံရပြီးနောက် ပထမဆုံးအကြိမ် ပြန်ကစားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဒီမာရီယာသည် ၂၀၀၇ ခုနှစ်တွင် ရိုဆာရီယိုစင်ထရယ်မှ ဘင်ဖီကာသို့ ရောက်လာပြီးနောက် ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ ယူနိုက်တက်တို့ ကစားခဲ့သူ ဖြစ်သည်။

ဒီမာရီယာက “ဒီမှာဘဲ ကျွန်တော့် ဥရောပကစားသမားဘဝကို အဆုံးသတ်ချင်တယ်။ ဒါပေမယ့် ဒါက ကျွန်တော့်အပေါ် မမူတည်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။

ဒီမာရီယာ၏ လက်ရှိစာချုပ်မှာ ယခုရာသီအကုန်တွင် ကုန်ဆုံးမည် ဖြစ်ပြီး ကလပ်ဘက်က ယခုတိုင် စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခြင်း မရှိသေးချေ။

Facebook Comments Box
Facebook Comment