အဲလက်စ်တဲလ်လက်စ် ကိုဗစ်နက်ဂတစ် ဖြစ်သွားပြီ

ဘရာဇီးဘောလုံးအဖွဲ့ချုပ်က အဲလက်စ်တဲလ်လက်စ်မှာ ကိုဗစ်နက်ဂတစ်ဖြစ်သွားပြီဖြစ်ကြောင်း ကြေညာလာမှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်းမှာ အသက်ရှူချောင်သွားခဲ့ပြီ ဖြစ်သည်။

မန်ချက်စတာယူနိုက်တက်ဘယ်နောက်ခံလူအဲလက်စ်တဲလ်လက်စ်သည် ဘရာဇီးလက်ရွေးစင် အသင်းနှင့်အတူ ရှိနေချိန်အတွင်း ကိုဗစ်ပေါ့စတစ်တွေ့ခဲ့ခြင်းဖြစ်သည်။ သူသည် သောကြာနေ့ တုန်းက ဗင်နီဇွဲလားအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် အရန်အဖြစ် ဝင်ရောက်ကစားပြီး နောက် နောက်တစ်နေ့တွင် ကိုဗစ်တွေ့ခဲ့ရသည်။ ထို့ကြောင့် အဲလက်စ်တဲလ်လက်စ်သည် မနက်ဖြန် နံနက်ပိုင်းတွင် ဥရုဂွေးနှင့် ကစားမည့် ပွဲစဉ်တွင် လွဲချော်ရမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

သို့ရာတွင် အဲလက်စ်တဲလ်လက်စ်သည် နှစ်ကြိမ်တိုင်တိုင် ကိုဗစ်နက်ဂတစ်ဖြစ်သွားခဲ့ပြီဖြစ်၍ မွန်တီဗီဒီယိုသို့ သွားရောက်ကာ ဥရုဂွေးနှင့် ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပါဝင်လာတော့မည် ဖြစ်သည်။

အဲလက်စ်တဲလ်လက်စ်သည် နွေရာသီတွင် ပေါ်တိုမှ ရောက်လာပြီးနောက် မန်ချက်စတာ ယူနိုက်တက်အတွက် တစ်ပွဲတည်းသာ ကစားရသေးပြီး ကိုဗစ်ကြောင့် နောက်ဆုံးလေးပွဲကို လွဲချော်ခဲ့သူဖြစ်သည်။

ယခုအခါ ယူနိုက်တက်နည်းပြဆိုးလ်ရှားသည် ယခုအပတ်အကုန်တွင် ကစားရမည့် ဝက်စ်ဘရွန်းနှင့်ပွဲအတွက် အစီအစဉ်တွင် အဲလက်စ်တဲလ်လက်စ်ကို ထည့်သွင်းစဉ်းစား နိုင်ပြီ ဖြစ်သည်။

Facebook Comments Box
Facebook Comment