
အဲရစ်ဆင်နောက်ပိုင်း ပထမဆုံး ၁၀ ပွဲရှုံးတဲ့ အင်္ဂလန်နည်းပြဖြစ်လာသည့် ဆောက်ဂိတ်
ဂရေမီဆောက်ဂိတ်သည် ဆဗင်ဂိုရန်အဲရစ်ဆင်နောက်ပိုင်းတွင် ၁၀ ပွဲ ရှုံးနိမ့်သည့် ပထမဆုံး အင်္ဂလန်နည်းပြဖြစ်လာခဲ့သည်။ ဂရေမီဆောက်ဂိတ်၏ အင်္ဂလန်သည် မနေ့ညတုန်းက ဘယ်လ်ဂျီယံနှင့် နေးရှင်းလိဂ်ပွဲစဉ်တွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
တနင်္ဂနွေညတုန်းက ဘယ်လ်ဂျီယံနှင့် အင်္ဂလန်ပွဲစဉ်တွင် ဘယ်လ်ဂျီယံအတွက် အနိုင်ဂိုးများကို ယူရီတီးလီမန်းနှင့် ဒရေးမာတင်တို့က သွင်းယူခဲ့ကြသည်။ ယင်းပွဲတွင် အင်္ဂလန်သည် ပွဲကို လွှမ်းမိုး ကစားနိုင်ခဲ့သော်လည်း ဂိုးပေါက်ရှာမတွေ့ခဲ့ချေ။

ဆောက်ဂိတ်သည် အင်္ဂလန်အတွက် ၄၈ ပွဲကိုင်တွယ်ထားရာတွင် ၁၀ ပွဲ ရှုံးနိမ့်ထားသည်။ အဲရစ်ဆင်သည် အင်္ဂလန်အတွက် ၆၇ ပွဲ ကိုင်တွယ်ခဲ့ရာတွင် ၁၀ ပွဲရှုံးနိမ့်ခဲ့သည်။
အင်္ဂလန်သည် နိုဝင်ဘာလတုန်းက ဒိန်းမတ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ ၂၀၁၈ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲတွင် နှစ်ပွဲဆက် အရှုံးကြုံခဲ့ရသည်။
ဆောက်ဂိတ်၏အင်္ဂလန်သည် နေးရှင်းလိဂ်ပွဲစဉ်အဖြစ် လာမည့် ဗုဒ္ဓဟူးနေ့တွင် အိုက်စလန်နှင့် ရင်ဆိုင်ရန် ရှိနေသေးသော်လည်း ဘယ်လ်ဂျီယံကို ရှုံးနိမ့်မှုကြောင့် နေးရှင်းလိဂ်ဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်နိုင်တော့မည် မဟုတ်ချေ။