အဲဗာတန်လေ့ကျင့်ရေးကွင်းသို့ ၃ ရက်ဆက် မလာသည့် လူငယ်ကြယ်ပွင့်

နယူးကာဆယ်၏ စိတ်ဝင်စားခြင်း ခံနေရသည့် တိုက်စစ်မှူးအန်ထော်နီဂေါ်ဒွန်သည် လေ့ကျင့်ရေးကွင်းသို့ ၃ ရက်ဆက်တိုက် လာရောက်ခြင်းမရှိကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။

လီဗာပူးလ်နှင့် အဲဗာတန်အကယ်ဒမီတွင် သင်ကြားဖူးသော ဂေါ်ဒွန်သည် ယခုရာသီ၌ အဲဗာတန်အတွက် လိဂ် ၃ ဂိုးသွင်းယူထားသည်။

အင်္ဂလန်ယူ-၂၁ လက်ရွေးစင် ဂေါ်ဒွန်သည် အလားအလာကောင်းများ ပိုင်ဆိုင်ထားသောကြောင့် နယူးကာဆယ်က ခေါ်ယူရန် စိတ်ဝင်စားနေသည်။

ဇန်နဝါရီစျေးကွက်ပိတ်ရန် ရက်ပိုင်းသာလိုချိန်တွင် နယူးကာဆယ်က အဲဗာတန်မှသတ်မှတ်ထားသည့် ပေါင်သန်း ၆၀ အောက် လျော့နည်းသည့်ပမာဏဖြင့် ခေါ်ယူနိုင်ရေး ကြိုးစားနေသည်။

ထိုအချိန်တွင် ဂေါ်ဒွန်က ဖင့်ချ်ဖန်းလေ့ကျင့်ရေးကွင်းသို့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး ၃ ရက်ဆက်တိုက် လာရောက်ခြင်းမရှိဘဲ ပျက်ကွက်ခဲ့၍ နယူးကာဆယ်သို့ ပြောင်းရွှေ့မည်ဆိုသည့်သတင်းများ ထွက်ပေါ်နေသည်။

ခရစ္စဝုဒ်ကို နော်တင်ဟမ်သို့ အဌားချထားသော နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက တိုက်စစ်ပိုင်း၌ ဂေါ်ဒွန်ကို အင်အားဖြည့်နိုင်ရေး စိတ်ဝင်စားနေသည်။

သို့သော်လည်း ၎င်းက ယခုအချိန်တွင် မည်သည့်မှတ်ချက်မှ မပေးချင်ဘဲ ရှေ့ကစားမည့်ပွဲများအတွက်သာ အာရုံစိုက်ထားကြောင်း ဆိုသည်။

Ref:dailymail

Facebook Comments Box
Facebook Comment