ချယ်လ်ဆီးမှာ အောင်မြင်မှုရဖို့ ကြိုးစားသွားမယ်လို့ ဆေးလ်ဗား ကြုံးဝါး

ချဲလ်ဆီးအသင်းသို့ တစ်နှစ်စာချုပ်ဖြင့် ရောက်ရှိလာပြီးနောက် ဘရာဇီးလ်ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားက အောင်မြင်မှုများရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

လာမည့်စက်တင်ဘာလ ၂၂ ရက်တွင် အသက် ၃၆ နှစ်ပြည့်မည့် ဆေးလ်ဗားသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ၈ နှစ်ကြာကစားလာသော ပီအက်စ်ဂျီအသင်းအားစွန့်ခွာကာ ချဲလ်ဆီးသို့ အ လွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

ချဲလ်ဆီးနှင့်ချုပ်ဆိုထားသော စာချုပ်ထဲတွင် စာချုပ်ပြည့်ပါက နောက်တစ်နှစ် ထပ်မံသက်တမ်းတိုးခွင့်လည်းပါ ဝင်ရာ ဆေးလ်ဗားအနေဖြင့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအထိ ဆက်ရှိနေဖွယ်ရှိသည်။

ပရီးမီးယားလိဂ်သို့ ရောက်ရှိလာခြင်းနှင့်ပတ်သက်၍ ၎င်းက “ချဲလ်ဆီးကိုပြောင်းရွှေ့ခွင့်ရတဲ့အ တွက် ကျွန်တော် ပျော်ပါတယ်။ ရာသီသစ်အတွက် ဖရန့်လမ်းပတ်ရဲ့အံ့အားသင့်ဖွယ် လူစာရင်းထဲ ပါဝင်ခွင့်ရတဲ့အတွက်လည်း ကျေနပ်ပျော်ရွှင်ရပါတယ်။ ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ဖို့အတွက် စိန်ခေါ်သွားမှာပါ။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ မကြာခင် ကစားသွားမှာဖြစ်လို့ ချဲလ်ဆီးပရိသတ်တွေကလည်း စောင့်ကြည့်သွားကြပါ” ဟု ပြောသည်။

ဗုဒ္ဓဟူးနေ့က လက်စတာနောက်ခံလူ ဘန်ချီဝဲလ်ကိုခေါ်ယူထားသော ချဲလ်ဆီးသည် လာမည့်ရက်ပိုင်းအတွင်း နိုက်စ်နောက်ခံလူ မာလန်ဆားကိုလည်း တရားဝင်ခေါ်ယူသွားမည်ဖြစ်သည်။

Ref: Allfootball

Facebook Comments Box
Facebook Comment