အောက်တိုဘာလ ၃ ရက်တွင် စီးရီးအေကွင်းတွေ ပြန်ဖွင့်မလား?

FIGC နှင့် Lega Serie A တို့သည် လာမည့် ၂၀၂၀-၂၁ ရာသီ တတိယပွဲစဉ်တွင် စီးရီးအေကွင်း များ ပြန်ဖွင့်ကာ ပရိသတ်များ ဝင်ရောက်ကြည့်ရှုနို်ငရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်း II Corrier dello Sport က ဖော်ပြသွားသည်။ စီးရီးအေလိဂ်အဖွဲ့ချုပ်သည် ဇူလိုင်လ ၁၀ ရက်နေ့ကတည်းက လာမည့် စီးရီးအေ ရာသီသစ်တွင် ကွင်းအတွင်းသို့ ပရိသတ်များ လာရောက်ကြည့်နိုင်ရေး စီမံချက်ကို တင်ပြခဲ့တာဖြစ်ဖြစ်ပြီး အာဏာပိုင်အဖွဲ့က လက်ခံခဲ့ခြင်း မရှိချေ။

သို့ရာတွင် အီတလီဘောလုံးအဖွဲ့ချုပ်သည် နောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အလွန်ကျဆင်းလာသည့်အပြင် ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်ကြည့်ချိန်တွင် ရောဂါကူးစက်နိုင်ခြေရှိမှုကို အကောင်းဆုံးကာကွယ်တားဆီးမှုပြုလုပ်ပါက အလုပ်ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေသည်။ အခြားတစ်ဖက်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီကလပ်များ၏ဝင်ငွေမှာ ကျဆင်းနေရာ ဘဏ္ဍာရေးအခက်အခဲရှိနေ၍ လာမည့်ရာသီတွင် ပရိသတ်များ ကွင်းသို့လာရောက်ရေးကို မဖြစ်မနေ ဖော်ဆောင်ရန် လိုအပ်နေသည်။ စီးရီးအေလိဂ်အဖွဲ့ချုပ်သည် ပရိသတ်များ ကွင်းအတွင်း ပြန်လာနိုင်ရေး စီမံချက်အနေဖြင့် ကွင်း၏ပရိသတ်ဆန့်ပမာဏ၏သုံးပုံတစ်ပုံကိုသာ ဝင်ရောက်ကြည့်ခွင့်ပေးကာ ပရိသတ်များအကြား ထိတွေ့မရှိအောင် လုပ်ဆောင်သွားမှာလည်းဖြစ်သည်။ လက်ရှိအချိန်မှာ အီတလီဘောလုံးအဖွဲ့ချုပ်က ရာသီသစ်၏တတိယမြောက်ပွဲစဉ် ကစားမည့် အောက်တိုဘာလ ၃ရက်နှင့် ၄ ရက်ရက်မတိုင်မီအထိ ကွင်းများကို ပိတ်ထားရန် စီစဉ်ထားပါသည်။

အကယ်၍ အောက်တိုဘာလ ၃ ရက်တွင် စီးရီးအေပွဲများ၌ ပရိသတ်များ ဝင်ရောက်ကြည့်ခွင့် ပေးလာလျှင် အောက်တိုဘာလ ၇ ရက်နှင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပါးမားနှင့် မီလန်တို့တွင် ကစားမည့် အီတလီလက်ရွေးစင်အသင်း၏ခြေစမ်းပွဲများကိုလည်း ပရိသတ်များ ဝင်ရောက်ကြည့်ခွင့် ရရှိလာမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အီတလီကဲ့သို့ပင် ပရီးမီးယားလိဂ်၊ ဘွန်ဒက်စ်လီဂါတို့ကလည်း ရာသီသစ်တွင် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်လာရောက်ကာ ပွဲကြည့်နိုင်ရေး စီမံကိန်းများ လုပ်ဆောင်နေကြသော်လည်း အစိုးရထံမှ ခွင့်ပြုချက်မရသေးချေ။

Ref: footballItalia

Facebook Comments Box
Facebook Comment