
အေမက်စ်ကွင်းမှာ ဂိုးမြူးမယ့်ပွဲ
ကစားမည့်ရက် – ၂၆-၉-၂၀၂၀
ကစားမည့်အချိန် – ည ၆း၀၀ နာရီ
ကစားမည့်ကွင်း – အေမက်စ်စတေဒီယမ်(ဆက်ဆက်စ်)
ဒိုင်လူကြီး – ကာဗန်နက်
ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာ နယူးကာဆယ်၊ ကြားရက်မှာ ပရက်စတန်ကို အနိုင်ရခဲ့တဲ့ ဘရိုက်တန်ဟာ အဲဒီ ၂ ပွဲစလုံးကို ပေးဂိုးမရှိဘဲ အနိုင်ရထားလို့ စိတ်ဓာတ်တက်ကြွနေပါတယ်။ မန်ယူကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲမှာ ပဲလေ့စ်ကို ရှုံးနိမ့်ထားလို့ မဖြစ်မနေ နိုင်ပွဲပြန်ရဖို့ လိုအပ်နေပါတယ်။

ဘရိုက်တန်ရဲ့လက်ရှိအနေအထား
နည်းပြ ဂရေဟမ်ပေါ်တာရဲ့အသင်းက ပရီးမီးယားလိဂ် ရာသီအဖွင့်မှာ ချဲလ်ဆီးကို ၁-၃ ဂိုးနဲ့ ရှုံးနိမ့်ထားပေမယ့် နောက်ဆုံး ၃ ပွဲဆက် ပြန်လည်အနိုင်ရထားပါတယ်။
နယူးကာဆယ်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းကို ထုတ်ပြခဲ့ပြီး ကွင်းလယ်လူ ဘစ်ဆူမာ ထုတ်ပယ်ခံခဲ့ရတာက အခုပွဲအတွက် အားနည်းချက်တစ်ခုလို ဖြစ်စေနိုင်ပါတယ်။
အသင်းလိုက် စုစည်းမှုကောင်းကောင်းနဲ့ ကစားတတ်တဲ့ ဘရိုက်တန်ဟာ အသင်းကြီးတွေကို မကြာခဏ ဒုက္ခပေးတတ်ပါတယ်။

မန်ယူရဲ့လက်ရှိအနေအထား
ဆိုးလ်ရှားဟာ လူတန်တောင်းကို အနိုင်ရတဲ့ပွဲမှာ ပဲလေ့စ်ရှုံးပွဲက လူစာရင်းကို ၁၀ နေရာအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။
ဒါဟာ အသင်းငယ်လေးနဲ့ ကစားရမှာဖြစ်လို့ လူငယ်တွေကို ဦးစားပေးတယ်လို့ ထင်နိုင်စရာရှိပေမယ့်လည်း ပဲလေ့စ်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်သူတွေအတွက် အချက်ပေးခေါင်းလောင်းသံ ဖြစ်စေမှာပါ။
ဗန်ဒီဘိခ်ကိုသာ ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ရင် ကွင်းလယ်က ပိုမိုအားကောင်းလာဖို့ ရှိနေပြီး မက်ဂွိုင်းယား နဲ့ လင်ဒီလော့ဖ်တို့ရဲ့ဗဟိုခံစစ်အတွဲကလည်း အမှားနည်းအောင် လုပ်နိုင်ဖို့လိုပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ တစ်ဦးကောင်း မကစားဘဲ ကျန်ကစားသမားတွေနဲ့ တွဲဖက်ညီညီ ကစားဖို့ လိုအပ်သလို ဘစ်ဆာကာ ပါလာရင် ညာခြမ်းတိုက်စစ်က ပိုမိုအားကောင်းလာမယ်လို့ ထင်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု
ဘရိုက်တန်နဲ့ မန်ယူဟာ ၁၅ ကြိမ်ဆုံဖူးပြီး ဘရိုက်တန်က ၃ ပွဲနိုင်၊ မန်ယူက ၁၀ ပွဲနိုင်ကာ ၂ ပွဲသရေကျထားပါတယ်။
အေမက်စ်ကွင်း ၇ ကြိမ်မှာ အိမ်ရှင်ဘရိုက်တန်က ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံးထားပြီး အိုးလ်ထရက်ဖို့ဒ် ကွင်း ၈ ကြိမ်မှာတော့ မန်ယူက ၇ ပွဲနိုင်၊ ၁ ပွဲသရေ ကစားထားပါတယ်။
စုစုပေါင်းတွေ့ဆုံတဲ့ ၁၅ ကြိမ်မှာ ဘရိုက်တန်က ၁၀ ဂိုးသွင်းထားပြီး မန်ယူက ၂၅ ဂိုး သွင်းထားပါတယ်။
နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု
၁-၇-၂၀၂၀ ဘရိုက်တန် ၀ – ၃ မန်ယူ
၁၀-၁၁-၂၀၁၉ မန်ယူ ၃ – ၁ ဘရိုက်တန်
၁၉-၁-၂၀၁၉ မန်ယူ ၂ – ၁ ဘရိုက်တန်
၁၉-၈-၂၀၁၈ ဘရိုက်တန် ၃ – ၂ မန်ယူ
၅-၅-၂၀၁၈ ဘရိုက်တန် ၁ – ၀ မန်ယူ
ဘရိုက်တန် နောက်ဆုံး ၅ ပွဲရလဒ်
၂၄-၉-၂၀၂၀ ပရက်စတန် ၀ – ၂ ဘရိုက်တန်
၂၀-၉-၂၀၂၀ နယူးကာဆယ် ၀ – ၃ ဘရိုက်တန်
၁၈-၉-၂၀၂၀ ဘရိုက်တန် ၄ – ၀ ပို့စ်မောက်
၁၅-၉-၂၀၂၀ ဘရိုက်တန် ၁ – ၃ ချဲလ်ဆီး
၅-၉-၂၀၂၀ ဘရိုက်တန် ၀ – ၀ ဝက်စ်ဘရွန်း
မန်ယူ နောက်ဆုံး ၅ ပွဲရလဒ်
၂၃-၉-၂၀၂၀ လူတန်တောင်း ၀ – ၃ မန်ယူ
၁၉-၉-၂၀၂၀ မန်ယူ ၁ – ၃ ပဲလေ့စ်
၁၂-၉-၂၀၂၀ ဗီလာ ၁ – ၀ မန်ယူ
၁၇-၈-၂၀၂၀ ဆီဗီလာ ၂ – ၁ မန်ယူ
၁၁-၈-၂၀၂၀ မန်ယူ ၁ – ၀ ကိုပင်ဟေဂင်
ထူးခြားအချက်အလက်များ
ရာသီအဖွင့် ၂ ပွဲတွင် ၁ ပွဲနိုင်၊ ၁ ပွဲရှုံးထားသော ဘရိုက်တန်သည် ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲတွင် ၁ ပွဲထက် ပိုနိုင်သော ဘောလုံးရာသီဟူ၍ မရှိခဲ့။
တိုက်စစ်မှူး နီးလ်မော်ပေး ဂိုးသွင်းယူသော ပရီးမီးယားလိဂ် ၁၁ ပွဲတွင် ဘရိုက်တန်အသင်းအနေဖြင့် ရှုံးပွဲမရှိခဲ့။
ကွင်းလယ်လူ ပါစကယ်ဂရော့စ်သည် မန်ယူနှင့်တွေ့ဆုံသည့် လိဂ် ၄ ပွဲတွင် ပွဲတိုင်း ဂိုးသွင်းခြင်း(သို့)ဂိုးဖန်တီးမှု ပြုလုပ်ထားပြီး ၎င်းသွင်းယူသော ၃ ဂိုးအနက် ၂ ဂိုးက အနိုင်ဂိုးများဖြစ်နေ။
ယခုပွဲတွင်သာ ထပ်မံရှုံးနိမ့်ပါက မန်ယူအတွက် ၁၉၉၂-၁၉၉၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်အ ဖွင့် ၂ ပွဲဆက်ရှုံးသည့်ရာသီ ဖြစ်လာမည်။
ယခုနှစ် ဇန်နဝါရီ ၁၉ ရက်က လီဗာပူးလ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း မန်ယူသည် ပရီးမီးယားလိဂ် အဝေးကွင်း ၇ ပွဲ ဆက် မရှုံးသေးဘဲ ၅ ပွဲနိုင်၊ ၂ ပွဲသရေ ကစားထား။
မန်ယူနည်းပြ ဆိုးလ်ရှားနှင့် ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာတို့သည် ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်စဉ် ဆိုးလ်ရှား၏မန်ယူက ပေါ်တာ၏ ဆောက်သမ်တန်ကို ၆-၃ ဂိုးဖြင့် အနိုင်ရခဲ့ပြီး နှစ်ယောက်စလုံး လူစားဝင်ကစားခွင့်ရခဲ့။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရိုက်တန်(၃-၄-၃)
ဂိုး – ရိုင်ယန်
နောက် – ဘင်ဝှိုက်၊ လူးဝစ်ဒန့်ခ်၊ ဝက်ဘ်စတာ
လယ် – လမ့်ပ်တေး၊ လယ်လာနာ၊ အယ်ဇာတီ၊ ဆော်လီမာ့ချ်
ရှေ့ – ထရိုဆက်၊ ကွန်နော်လီ၊ နီးလ်မော်ပေး
မန်ယူ(၄-၂-၃-၁)
ဂိုး – ဒီဂီယာ
နောက် – လုခ်ရှော၊ မက်ဂွိုင်းယား၊ ဘိုင်လီ၊ ဘစ်ဆာကာ
လယ် – မာတစ်၊ ဗန်ဒီဘိခ်၊ ဖာနန်ဒက်စ်
ရှေ့ – ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်
ဒဏ်ရာရ/ပွဲပယ်
ဘရိုက်တန် – ဘစ်ဆူမာ(ပွဲပယ်)၊ လမ့်တေး(မသေချာ)၊ အစ်ဇ်ကွီယာဒို၊ အန်ဒိုနီ၊ ဝေါ်လ်တန်
မန်ယူ – ဖီးလ်ဂျုံးစ်၊ တွမ်ဇူဘီ
သုံးသပ်ချက်
တွေ့တဲ့အကြိမ်တိုင်း ဒုက္ခပေးတတ်တဲ့ ဘရိုက်တန်ကို မန်ယူက ၁+၅၀ ဖွင့်လှစ်ထားပြီး ဂိုးပေါင်းက ၃+၈၀ ပါ။ အနိုင်ရဖို့အတွက် တိုက်စစ်ဖွင့်တိုက်မယ့်ပွဲလို့ ယုံကြည်တာကြောင့် ဂိုးအပေါ်ကို ကြိုက်ပါတယ်။