
အေစီမီလန်တိုက်စစ်မှူး မိုဗစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ
ယနေ့ည နော်ဝေကလပ် ဘိုဒိုဂလင့်အသင်းနှင့် ကစားမည့် ယူရိုပါလိဂ် ခြေစစ်ပွဲမတိုင်မီ ပြုလုပ်သော ဆေးစစ်မှုအတွင်း တိုက်စစ်မှူး အီဘရာဟီမိုဗစ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိရသည်ဟု အေစီမီလန်အသင်းက ကြေညာသည်။
အသက် ၃၉ နှစ်အရွယ် မိုဗစ်သည် ဘိုလော့ဂ်နာကို ၂ ဂိုးပြတ် အနိုင်ရသည့် စီးရီးအေအဖွင့်ပွဲတွင် အေစီမီလန်အတွက် တစ်ဦးတည်း ၂ ဂိုးသွင်းယူပေးထားသူ ဖြစ်သည်။
မိုဗစ်သည် ယမန်နေ့ကပြုလုပ်သော ဆေးစစ်မှုတွင် Negative အဖြေ ထွက်ခဲ့သော်လည်း ယနေ့ စစ်ဆေးမှုတွင်မူ Positive အဖြေ ထွက်ခဲ့သောကြောင့် ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများအ ရ သီးသန့်ခွဲခြား နေထိုင်ရမည်ဖြစ်သည်။
စက်တင်ဘာ ၂၂ ရက်က ပြုလုပ်သော ဆေးစစ်မှုတွင်လည်း နောက်ခံလူ လီယိုဒူအာတေးကိုလည်း ကိုရိုနာဗိုင်းရပ်စ်က အလွတ်မပေးခဲ့ပေ။
အေစီမီလန်အသင်းက ယနေ့ဆေးစစ်မှုတွင် ပိုးတွေ့ရသော ကစားသမားကို နေအိမ် ကွာရန်တင်း ပြုလုပ်ထားပြီး အခြား အသင်းသားများနှင့် ဝန်ထမ်းများတွင်မူ ပိုးမတွေ့ရကြောင်း ကြေညာသည်။

မန်ယူ၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ ကစားသမားဟောင်း မိုဗစ်က “မနေ့က ဆေးစစ်မှုက Negative၊ ဒီနေ့ကျတော့ Positive တဲ့။ အရင်က ဘာလက္ခဏာမှ မပြဘူး။ ကိုဗစ်က ငါ့ ကို စိန်ခေါ်ဖို့ သတ္တိရှိတယ်ပေါ့။ ဆိုးရွားလိုက်တဲ့ အကြံပဲ” ဟု တွစ်တာတွင် ပို့စ်တင်ခဲ့ သည်။
Ref:acmilan