အူဒီးနီးစ်အား ရောင်းချရန် ပေါ့ဇိုမိသားစုအား ပရိသတ်များ တောင်းဆို

အူဒီးနီးစ်သည် ရာသီကြိုလေ့ကျင့်ခန်းဆင်းရန် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ သို့ရာတွင် သူတို့၏ပရိသတများသည် လေ့ကျင့်ရေးကွင်းသို့ လာရောက်ကာ အူဒီးနီးစ်ကို ရောင်းချရန် ပိုင်ရှင်ပေါ့ဇိုမိသားစုအား တောင်းဆိုလာကြသည်။


အူဒီးနီးစ်ပရိသတ်များက ပေါ့ဇိုမိသားစုမှာ အူဒီးနီးစ်အသင်းထက် ဝက်ဖို့ဒ်အသင်းအတွက်သာ အချိန်နှင့်ငွေရင်းနှီးမြှပ်နှံမှု ပြုလုပ်လာမှုအတွက် ရောင်းချရန် လေ့ကျင့်ရေးကွင်းတွင် တောင်းဆိုလာခဲ့ကြလည်း ဖြစ်သည်။


ပေါ့ဇိုမိသားစုသည် ဝက်ဖို့ဒ်ကို ဝယ်ယူပြီးနောက်တွင် အူဒီးနီးစ်အတွက် အားစိုက်ခြင်း မပြုတော့၍ အသင်းတွင် ရင်းနှီးမြှပ်နှံမှု မပြုလုပ်တော့ပါ အမြန်ဆုံး ရောင်းချရန် တောင်းဆိုထားသည့် နဖူးစည်းများကို လေ့ကျင့်ရေးကွင်းတွင် ကပ်ကာ တောင်းဆိုခဲ့တာလည်း ဖြစ်သည်။
ပေါ့ဇိုသည် ဝက်ဖို့ဒ်အသင်းတွင် ငွေများ ရင်းနှီးမြှပ်နှံလုပ်ဆောင်ခဲ့သော်လည်း ယခုအခါ ပရီးမီးယားလိဂ်မှ တန်းဆင်းသွားခဲ့ရပြီဖြစ်ပြီး အူဒီးနီးစ်မှာ ပြီးခဲ့သည့်ရာသီတွင်လည်း ကံကောင်းထောက်မမှုကြောင့် တန်းဆင်းရမည့်အရေးမှထပ်မံလွတ်ခဲ့သည်။


ထို့ကြောင့် အူဒီးနီးစ်ပရိသတ်များက “ငွေမရှိ၊ စီမံကိန်းမရှိ၊ မြတ်နိုးစိတ်မရှိဘူးဆိုရင် ဒီကလပ်က တန်းဆင်းရတာနဲ့ဘဲ ထိုက်တန်တယ်”၊ “အခုငွေသုံးရင်သုံး မသုံးရင် ရောင်းပါတော့။ ဝက်ဖို့ဒ်ကို ဝယ်ယူလာတဲ့ ၇ နှစ်ကတည်းက ကျရှုံးမှုတွေ ဖြစ်လာခဲ့တယ်” ဆိုသည့် စာသားများ ပါဝင်သည့် နဖူးစည်းများကို ကပ်ခဲ့ခြင်းလည်းဖြစ်သည်။


ပေါ့ဇိုမိသားစုသည် အူဒီးနီးစ်၊ ဝက်ဖို့ဒ်တို့အပြင် ဂရန်နာဒါအသင်းကိုလည်း ပိုင်ဆိုင်သည်။ ပေါ့ဇိုမိသားစုသည် ယင်းကလပ်များအကြား ကစားသမားအလဲအလှယ်လုပ်မှုများ ပုံမှန် ပြုလုပ်လာခဲ့သည့်သူများလည်း ဖြစ်သည်။


သို့ရာတွင် အူဒီးနီးစ်ပရိသတ်များကမူ ပေါ့ဇိုမိသားစုမှာ အူဒီးနီးစ်ကို အခြားကလပ်နှစ်ခုလောက် ဂရုစိုက်ခြင်းမရှိဘူးဟု ယုံကြည်နေသည်။

Ref: footballitalia

Facebook Comments Box
Facebook Comment