အုပ်စုဗိုလ် ဖြစ်သွားတဲ့ အင်္ဂလန်နဲ့ မန်ယူ ကစားသမားတွေ တောက်ပနေတဲ့ ကမ္ဘာ့ဖလား

အင်္ဂလန် ၃-၀ ဝေးလ်

ဒီနှစ် ကမ္ဘာ့ဖလားကတော့ မန်ယူ ကစားသမားတွေ အထူး ခြေပေါ်နေကြတယ်လို့ ပြောရအောင်ပဲ အခုပွဲမှာလည်း ရပ်ရှ်ဖို့ဒ်က နှစ်ဂိုး သွင်းပြီး ခြေစွမ်းပြခဲ့ ပြန်ပါပြီ။ အရင်ရက်က တောက်ပခဲ့ကြတဲ့ နောင်တော်ကြီး ကတ်စမဲရိုးတို့၊ ဘရူနိုတို့ ခြေရာကို နင်းနိုင်ခဲ့တယ် ဆိုရပါမယ်

တကယ်တော့ အုပ်စုတက်ဖို့ မဖြစ်နိုင်သလောက် နီးပါး ဖြစ်နေတဲ့ ဝေးလ်တို့ စိတ်ဓာတ် ရေးရာ ထိခိုက်နေမှုနဲ့ ဂျရတ်ဘေးလ် ဒဏ်ရာ ပြဿနာကြောင့် ရုန်းကန် နေရမှုဟာ အင်္ဂလန် သားတွေကို ဂိုးသွင်းခွင့် အများကြီး ရစေခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ် နေရာမှာ အဆုံးသတ် သေချာတဲ့ တခြား တိုက်စစ်မှူး သာဆို ၃-၄ ဂိုး လောက်တောင် ရနိုင်တဲ့ အခြေအနေ အထိ ရှိပါတယ်။

ဒါတောင် ပထမပိုင်း တစ်ပိုင်းလုံး ဂိုးမရခဲ့ဘဲ ဒုတိယပိုင်း ကျမှ ရပ်ရှ်ဖို့နဲ့ ဖိုလ်ဒန်တို့ တစ်ဂိုးပြီး တစ်ဂိုး ဆက်တိုက် ရခဲ့တာပါ။ ဒီပွဲ ရလဒ်ကြောင့် အင်္ဂလန် အသင်းက အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တစ်ဆင့် တက်သွားပြီး ၁၉၅၈ နောက်ပိုင်း ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ပြန်လည် ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ ဝေးလ်ကတော့ အုပ်စုအဆင့်နဲ့ အိမ်ပြန် သွားခဲ့ရပါပြီ။

Facebook Comments Box
Facebook Comment