အီယာချီနီကို ထုတ်ပယ်ကာ ပရန်ဒယ်လီကို ဖီအိုရင်တီးနား ပြန်လည်ခန့်အပ်

ဖီအိုရင်တီးနားသည် ဂူဆပ်ပီအီယာချီနီကို ရာထူးမှ ထုတ်ပယ်ကာ ဆီဇာပရန်ဒယ်လီကို နည်းပြသစ်အဖြစ် ပြန်လည်ခန့်အပ်လိုက်သည်။ ပရန်ဒယ်လီသည် ဖီအိုရင်တီးနားကို ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး မာဆယ်လိုလစ်ပီ၏ အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် ထွက်ခွာခဲ့သည်။

အသက် ၆၃ နှစ်ရှိ နည်းပြသည် ၂၀၁၉ ခုနှစ်၊ ဇွန်လတုန်းက ဂျီနိုအာနှင့် စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း ကလပ်လက်မဲ့ဖြစ်နေခဲ့သူလည်း ဖြစ်သည်။ ဒါပေမယ့် ယခုအခါ သူသည် အီယာချီနီ ထုတ်ပယ်ခံရမှုနှင့်အတူ အာတီမီယိုဖရန်ချီသို့ တစ်ကျော့ပြန် ရောက်လာပြီ ဖြစ်သည်။

ဖီအိုရင်တီးနားသည် စီးရီးအေ ၇ ပွဲအပြီးတွင် ရမှတ် ၈ မှတ်တည်းသာ ရယူထားနိုင်မှုကြောင့် အီယာချီနီကို ထုတ်ပယ်ရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

ပရန်ဒယ်လီအနေဖြင့် နိုင်ငံတကာပွဲများကြောင့် လိဂ်ရပ်နားထားရာ ကစားသမားသစ်များနှင့် အထိုင်ကျရန် နှစ်ပတ်နီးပါး အချိန်ရထားသည်။ ဖီအိုရင်တီးနားသည် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဘီနီဗန်တိုနှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment