အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနဲ့ စွန့်စားမယ်

ကစားမည့်ရက် – ၁၉-၉-၂၀၂၀

ကစားမည့်အချိန် – ည ၁၁း၀၀ နာရီ

ကစားမည့်ကွင်း – အိုးလ်ထရက်ဖို့ဒ်(မန်ချက်စတာ)

ဒိုင်လူကြီး – မာတင်အက်ကင်ဆန်

ယူရိုပါလိဂ် ကစားခဲ့ရလို့ အနားရခဲ့တဲ့ မန်ယူအတွက် ဒီရာသီ ပထမဆုံးသော ပြိုင်ပွဲအသွင် ပွဲစဉ်ဖြစ်ပြီး နယ်သလန်ကွင်းလယ်လူ ဗန်ဒီဘိခ်ရဲ့ခြေစွမ်းကို စောင့်ကြည့်သွားရမှာပါ။ ဝါရင့်နည်းပြ ရွိုင်းဟော့ဒ်ဆန်ရဲ့ ပဲလေ့စ်ကတော့ ပွဲစဉ် ၁ တုန်းက ဆောက်သမ်တန်ကို အနိုင်ရခဲ့လို့ စိတ်အားတက်ကြွနေပါတယ်။

မန်ယူရဲ့ လက်ရှိအနေအထား

ယမန်နှစ်ရာသီက အဆင့် ၃ ရခဲ့တဲ့ မန်ယူကတော့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိခ် တစ်ယောက်တည်းကိုသာ ခေါ်ယူထားပါတယ်။ နည်းပြ ဆိုးလ်ရှားအနေနဲ့ ယခင်စုဖွဲ့မှုကို အားရလို့ ကစားသမားသစ် ထပ်မခေါ်တာလား ဆိုတာကတော့ ကာယကံရှင်သာ သိနိုင်မှာပါ။

ပွဲစဉ် ၁ တုန်းက မြင်ခဲ့ရတဲ့ တန်းတက်အသင်းတွေရဲ့ခြေစွမ်းနဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေရဲ့ခြေစွမ်းက အားရစရာကောင်းလို့ ဆိုးလ်ရှားအနေနဲ့ ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ လိုအပ်နေပါတယ်။

ဒီရာသီအတွက် ပထမဆုံးနဲ့ နောက်ဆုံးကစားထားတဲ့ ခြေစမ်းပွဲမှာလည်း အက်စတွန်ဗီလာကို ၁-၀ ဂိုးနဲ့ ရှုံး နိမ့်ထားပါတယ်။

ပဲလေ့စ်ရဲ့ လက်ရှိအနေအထား

ရွိုင်းဟော့ဒ်ဆန်ကတော့ အသင်းကို ပြောင်းလဲမှု ကြီးကြီးမားမား မလုပ်ဘဲ ရတဲ့ဘဏ္ဍာငွေနဲ့ သင့်တော်တဲ့ ကစားသမားတွေကို ခေါ်ယူထားပါတယ်။ ကျူပီအာကွင်းလယ်လူ အီဇီကို ပေါင် ၁၆ သန်းနဲ့ ခေါ်ယူထားပြီး ချဲလ်ဆီးတိုက်စစ်မှူး ဘက်ရွှာယီကို အဌားနဲ့ ထပ်ခေါ်ထားတာက ကောင်းတဲ့လုပ်ရပ်ပါ။

ဇာဟာ၊ ဂျော်ဒန်အာယူး၊ ဘက်ရွှာယီတို့ပါဝင်တဲ့ တိုက်စစ်က အားကောင်းနေဆဲဖြစ်ပြီး ပဲလေ့စ်ဟာ ယခင်နှစ်တွေကလိုပဲ အသင်းကြီးတွေအတွက် ဖျက်မြင်းတစ်ကောင်လို့ ဆိုနိုင်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

မန်ယူနဲ့ပဲလေ့စ်ဟာ ၄၃ကြိမ်ဆုံဖူးပြီး မန်ယူက ၂၈ ပွဲနိုင်၊ ပဲလေ့စ်က ၇ ပွဲနိုင်ကာ၊ ၈ ပွဲ သရေကျထားပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်း ၂၂ ကြိမ်မှာ မန်ယူက ၁၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံးထားပြီး ပဲလေ့စ်ကွင်း ၂၁ ကြိမ်မှာတော့ အိမ်ရှင်က ၃ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၁၃ ပွဲ ရှုံးထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု ၄၃ ကြိမ်မှာ မန်ယူက ၇၈ ဂိုးသွင်းထားပြီး ပဲလေ့စ်က ၃၅ ဂိုး သွင်းထားပါတယ်။

နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု

၁၇-၇-၂၀၂၀ ပဲလေ့စ် ၀ – ၂ မန်ယူ

၂၄-၈-၂၀၁၉ မန်ယူ ၁ – ၂ ပဲလေ့စ်

၂၈-၂-၂၀၁၉ ပဲလေ့စ် ၁ – ၃ မန်ယူ

၂၄-၁၁-၂၀၁၈ မန်ယူ ၀ – ၀ ပဲလေ့စ်

၆-၃-၂၀၁၈ ပဲလေ့စ် ၂ – ၃ မန်ယူ

မန်ယူ နောက်ဆုံး ၅ ပွဲရလဒ်

၁၂-၉-၂၀၂၀ ဗီလာ ၁ – ၀ မန်ယူ

၁၇-၈-၂၀၂၀ ဆီဗီလာ ၂ – ၁ မန်ယူ

၁၁-၈-၂၀၂၀ မန်ယူ ၁ – ၀ ကိုပင်ဟေဂင်

၆-၈-၂၀၂၀ မန်ယူ ၂ – ၁ LASK

၂၆-၇-၂၀၂၀ လက်စတာ ၀ – ၂ မန်ယူ

ပဲလေ့စ် နောက်ဆုံး ၅ ပွဲရလဒ်

၁၆-၉-၂၀၂၀ ဘုန်းမောက် ၀ – ၀ ပဲလေ့စ်

၁၂-၉-၂၀၂၀ ပဲလေ့စ် ၁ – ၀ ဆောက်သမ်တန်

၅-၉-၂၀၂၀ ပဲလေ့စ် ၁ – ၁ ဘရွန်ဘီ

၁-၉-၂၀၂၀ မီလ်ဝေါ ၀ – ၁ ပဲလေ့စ်

၂၉-၈-၂၀၂၀ ပဲလေ့စ် ၃ – ၀ ချာလ်တန်

ထူးခြားအချက်အလက်များ

မန်ယူသည် နောက်ဆုံး ကစားထားသော ပရီးမီးယားလိဂ် ၁၄ ပွဲဆက် ရှုံးပွဲမရှိဘဲ ၉ ပွဲနိုင်၊ ၄ ပွဲသရေ ကစားထား။

ထို့အပြင် အိမ်ကွင်း လိဂ်နောက်ဆုံး ၁၇ ပွဲတွင် ဘန်လေကိုသာ ရှုံးထားပြီး ၉ ပွဲနိုင်၊ ၇ ပွဲသရေကစားကာ ၃၅ ဂိုးသွင်းကာ ၁၅ ဂိုးသာ ပြန်ပေးခဲ့ရ။

ပဲလေ့စ်သည် နောက်ဆုံးကစားထားသော ပရီးမီးယားလိဂ် အဝေးကွင်း ၁၅ ပွဲတွင် ၃ ပွဲသာနိုင်ပြီး ၅ ပွဲသရေ၊ ၇ ပွဲရှုံးခဲ့။

အဆိုပါ လိဂ်အဝေးကွင်း နောက်ဆုံး ၁၅ ပွဲတွင် ၁၂ ဂိုးသွင်းကာ ၂၃ ဂိုး ပြန်ပေးခဲ့ရ။

ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ယူ(၄-၂-၃-၁)

ဂိုး – ဒီဂီယာ

နောက် – ဘစ်ဆာကာ၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ လုခ်ရှော

လယ် – ဂျိမ်းစ်၊ ဗန်ဒီဘိခ်၊ ဖာနန်ဒက်စ်၊ တွမ်မီနေး၊ ရက်ရှ်ဖို့ဒ်

ရှေ့ – မာရှယ်

ပဲလေ့စ်(၄-၄-၂)

ဂိုး – ဂွါအီတာ

နောက် – မစ်ချယ်၊ စကော့ဒန်း၊ ကူယာတေး၊ ဂျိုးလ်ဝက်ဒ်

လယ် – ဇာဟာ၊ မက်အာသာ၊ မက္ကာသီ၊ အီဇီ

ရှေ့ – အာယူး၊ ဘက်ရွှာယီ

ဒဏ်ရာရ/ပွဲပယ်စာရင်း

မန်ယူ – ပေါ့ဂ်ဘာ(မသေချာ)၊ တွမ်ဇူဘီ

ပဲလေ့စ် – ဘန်တီကီ၊ ဂယ်ရီကာဟေးလ်

သုံးသပ်ချက်

မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားမှုကနေ ပြန်လည်ပျောက်ကင်းလာပေမယ့် ကြံ့ခိုင်မှုအခြေအနေအရ ဒီပွဲမှာ ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ဒါပေမဲ့လည်း ဖာနန်ဒက်စ်၊ ဗန်ဒီဘိခ်တို့ကတော့ ကွင်းလယ်ကို မောင်းနှင်နိုင်မှာပါ။

အခုပွဲမှာ ယမန်နှစ်ရာသီက အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးထားတဲ့ ပဲလေ့စ်ကို မန်ယူက ၁-၈၀ ဆိုပြီး ဖွင့်လှစ်ထားပါတယ်။ အဖွင့်ပွဲမှာ ဆောက်သမ်တန်ကို အနိုင်ရယူထားတဲ့ ပဲလေ့စ်အပေါ် မန်ယူက ခပ်ပြင်းပြင်း အကြောပေးထားတာလို့ ဆိုနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မန်ယူနဲ့ စွန့်စားရမယ့်ပွဲပါ။

Facebook Comments Box
Facebook Comment