အိုးထရက်ဖို့ဒ် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်ရန် အာတီတာ ဆုံးဖြတ်ထား

အာဆင်နယ်နည်းပြမီခေးလ်အာတီတာ်သည် အိုးထရက်ဖို့ဒ်ကွင်း၌ ပရီးမီးယားလိဂ်တွင် ၁၄ နှစ်ကြာ အနိုင်မရသည့် မှတ်တမ်းဆိုးအား အဆုံးသတ်နိုင်ရန် မျှော်လင့်နေသည်။ အာဆင်နယ်သည် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလတုန်းက ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်၌ နောက်ဆုံးအကြိမ် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ နိုင်ပွဲမရခဲ့သည်မှာ ၁၃ ပွဲဆက်တိုက် ရှိနေပြီ ဖြစ်သည်။

အာဆင်နယ်သည် ပြီးခဲ့သည့်အပတ်တုန်းက လက်စတာကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ကြာသပတေးနေ့တုန်းက ယူရိုပါလိဂ်တွင် ဒန်ဒေါ့ကို ၃-၀ ဖြင့် အနိုင်ရရှိခဲ့သည်။

အာတီတာက “ယူနိုက်တက်ကွင်းမှာ ပရီးမီးယားလိဂ်မှာ အနိုင်မရလာခဲ့တာ ၁၄ နှစ်ရှိပြီလို့ ထင်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက လက်စတာကို ရှုံးခဲ့တော့ အခုအချိန်မှာ အဲဒီမှာ သွားကစားဖို့ အကောင်းဆုံးအချိန်လို့ ထင်ပါတယ်။ အသင်းရဲ့ တိုးတက်ပြောင်းလဲနေမှုကို ခင်ဗျားတို့လည်း မြင်တွေ့မှာပါ။ အသင်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး မစိုးရိမ်ပါဘူး။ အိုးထရက်ဖို့ဒ်သို့ နိုင်စိတ်တစ်ခုတည်းနဲ့ဘဲ သွားကစားပါမယ်။ အနိုင်ရဖို့လည်း ကြိုးစားသွားပါမယ်။ တစ်ပတ်ပြီး တစ်ပတ် အသင်းရဲ့ခြေစွမ်း တိုးတက်လာဖို့လည်း မျှော်လင့်နေပါတယ်” ဟု‌‌ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment