အိုးထရက်ဖို့ဒ်သို့ ပရိသတ် ၂၃၅၀၀ ဝင်ကြည့်ခွင့်ရအောင် ယူနိုက်တက် စီစဉ်နေ

မန်ချက်စတာယူနိုက်တက်သည် အစိုးရနှင့် ၂ လကြာ ဆွေးနွေးမှုများ ပြလုပ်ပြီး နောက် အိုးထရက်ဖို့ဒ်သို့ ပရိသတ် ၂၃၅၀၀ ဝင်ကြည့်ရအောင် စီစဉ်နေကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပရိသတ်များသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကွင်းအတွင်း ဝင်ရောက်ကြည့်ခွင့် မရလာခဲ့ချေ။ ယင်းသို့ ပရိသတ်များ လာရောက်မကြည့်နို်ငမှုနှင့်အတူ ကလပ်အသင်းများမှာ ငွေကြေးနစ်နာဆုံးရှုံးမှုများ ဖြစ်နေပြီး အရှုံးပေါ်နေသည်။

ဘရိုက်တန်သည် ချဲလ်ဆီးနှင့် သရေကျသည့် ရာသီကြိုခြေစမ်းပွဲစဉ်တွင် အေမက်စ်သို့ ပရိသတ် ၂၀၀၀ ဝင်ကြည့်ခွင့်ပေးကာ ကွင်းအတွင်းသို့  ပရိသတ်များ ခေါ်ဆောင်နိုင်ရေး စမ်းသပ်မှု ပြုလုပ်ခဲ့သည်။ သို့ရာတွင် ပရီးမီးယားလိဂ်ပရိသတ်များမှာ ယခုတိုင် ကွင်းအတွင်း ဝင်ကြည့်ခွင့် မရသေးပါဘူး။

သို့ရာတွင် မန်ချက်စတာယူနိုက်တက်သည် ပရီးမီးယားလိဂ်တွင် ကွင်းအတွင်းသို့ ပရိသတ် ဝင်ကြည့်ခွင့်ရသည့် ပထမဆုံးကလပ်ဖြစ်လာရေးအတွက် ကြိုးပမ်းနေသည်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ပရိသတ် ၇၆၀၀၀ အထိ ဆန့်ပြီး ယူနိုက်တက်သည် ယင်း၏ သုံးပုံတစ်ပုံ ဖြစ်သည့် ပရိသတ် ၂၃၅၀၀ ကို Social Distance နှင့်အညီ ဝင်ကြည့်နိုင်အောင် လုပ်ဆောင်နေသည်။

ယူနိုက်တက်၏ Chief Operating Officer ကိုလက်တီရိုချီက “အစိုးရ လမ်းညွှန်ချက်အတိုင်း ကျွန်တော်တို့ နှစ်လတိုင်တိုင် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်လာခဲ့ကြပါတယ်။ Social Distancing နဲ့အညီ ကွင်းအတွင်းသို့ ပရိသတ် ၂၃၅၀၀ ဝန်းကျင် ဝင်ကြည့်နိုင်အောင် လုပ်ဆောင်နေပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment